Expressကားတစ်စီး စလစ်ဖြစ်တိမ်းမှောက်သောကြောင့် အမျိုးသမီး(၆)ဦးပွဲချင်းပြီးသေဆုံး

 174

သန့်ဇင်(NP News)-ဇွန် ၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြိုနယ်၊ မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းတွင် ခရီးသည်တင်Expressကားတစ်စီး စလစ်ဖြစ် တိမ်းမှောက်မှုကြောင့် အမျိုးသမီး(၆)ဦးပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ဖြစ်စဉ်အားသွားရောက်ကူညီခဲ့သည့် မီးသတ်တပ်ဖွဲ့ ဝင်တစ်ဦးထံမှ သိရသည်။

ယာဉ်တိမ်းမှောက်မှုသည် ယနေ့(ဇွန်လ ၂ရက်)၊ နံနက် ၃နာရီခွဲဝန်းကျင်အချိန်ခန့်က မိတ္ထီလာမြိုနယ်၊ မိတ္ထီလာ-ကျောက်ပန်းတောင်းကား လမ်း၊ မိုင်တိုင်အမှတ် ၁၄မိုင်၊ ၃ဖာလုံနှင် ၄ဖာလုံကြားတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကားပေါ်ကလူတွေမေးကြည့်တာတော့ စလစ်ဖြစ်တာလို့ပြောတယ်။ မိုးမရွာပါဘူး။ ဒီတိုင်းဖြစ်တာပါ။ Elite ယာဉ်လိုင်းက Expressပါ။ ရန်ကုန်ကနေ ချောက်မြို့ကိုသွားတဲ့ကားပါ။ ကားပေါ်မှာ ကလေးအပါအဝင်(၁၉)ယောက်ပါတယ်လို့ပြောတယ်”ဟု မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက NP Newsကိုပြောသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်တွင်လိုက်ပါလာသည့် အသက်(၆၀) နှစ်ဝန်းကျင် အမျိုးသမီး(၂)ဦး၊ အသက်(၃၀)နှစ်ဝန်းကျင် အမျိုးသမီး(၂)ဦး၊ အသက်(၂၀)နှစ်ဝန်းကျင် အမျိုးသမီး(၁)ဦးနှင့် အသက်(၄)နှစ်အရွယ် ကလေးငယ်(၁)ဦးတို့ ဒဏ်ရာများရရှိကာ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

“(၁၉)ယောက်မှာ အသက်ကြီးကြီးဦးလေးတစ်‌ယောက်ကတော့ ဘာမှမဖြစ်ဘူး။ ကျန်တဲ့တစ်ယောက်ကတော့ မတွေ့လိုက်ဘူး။ (၆)ဦး ကတော့ ပွဲချင်းပြီးဆုံးတယ်။ (၁၁)ယောက်ကတော့ ထိခိုက်ဒဏ်ရာတွေရတယ်။ အဲဒီနေရာက အရင်တုန်းကတော့ အခုလိုမျိုးဖြစ်တယ် လို့တော့ ကြားဖူးတယ်”ဟု ၎င်းကဆက်ပြောသည်။

ထို့ကြောင့် သေဆုံး၊ထိခိုက်ဒဏ်ရာရရှိသူများအား မီးသတ်တပ်ဖွဲ့နှင့် ဒေသတွင်းလူမှုကူညီရေးအသင်းများက မိတ္ထီလာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
Expressကားတစ္စီး စလစ္ျဖစ္တိမ္းေမွာက္ေသာေၾကာင့္ အမ်ိဳးသမီး(၆)ဦးပြဲခ်င္းၿပီးေသဆုံး
သန႔္ဇင္(NP News)-ဇြန္ ၂
မႏၲေလးတိုင္းေဒသႀကီး၊ မိတၳီလာၿမိဳနယ္၊ မိတၳီလာ-ေက်ာက္ပန္းေတာင္းလမ္းတြင္ ခရီးသည္တင္Expressကားတစ္စီး စလစ္ျဖစ္ တိမ္းေမွာက္မႈေၾကာင့္ အမ်ိဳးသမီး(၆)ဦးပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း ျဖစ္စဥ္အားသြားေရာက္ကူညီခဲ့သည့္ မီးသတ္တပ္ဖြဲ႕ ဝင္တစ္ဦးထံမွ သိရသည္။

ယာဥ္တိမ္းေမွာက္မႈသည္ ယေန႔(ဇြန္လ ၂ရက္)၊ နံနက္ ၃နာရီခြဲဝန္းက်င္အခ်ိန္ခန႔္က မိတၳီလာၿမိဳနယ္၊ မိတၳီလာ-ေက်ာက္ပန္းေတာင္းကား လမ္း၊ မိုင္တိုင္အမွတ္ ၁၄မိုင္၊ ၃ဖာလုံႏွင္ ၄ဖာလုံၾကားတြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကားေပၚကလူေတြေမးၾကည့္တာေတာ့ စလစ္ျဖစ္တာလို႔ေျပာတယ္။ မိုးမ႐ြာပါဘူး။ ဒီတိုင္းျဖစ္တာပါ။ Elite ယာဥ္လိုင္းက Expressပါ။ ရန္ကုန္ကေန ေခ်ာက္ၿမိဳ႕ကိုသြားတဲ့ကားပါ။ ကားေပၚမွာ ကေလးအပါအဝင္(၁၉)ေယာက္ပါတယ္လို႔ေျပာတယ္”ဟု မီးသတ္တပ္ဖြဲ႕ဝင္ တစ္ဦးက NP Newsကိုေျပာသည္။

အဆိုပါယာဥ္တိမ္းေမွာက္မႈေၾကာင့္ ကားေပၚတြင္လိုက္ပါလာသည့္ အသက္(၆၀) ႏွစ္ဝန္းက်င္ အမ်ိဳးသမီး(၂)ဦး၊ အသက္(၃၀)ႏွစ္ဝန္းက်င္ အမ်ိဳးသမီး(၂)ဦး၊ အသက္(၂၀)ႏွစ္ဝန္းက်င္ အမ်ိဳးသမီး(၁)ဦးႏွင့္ အသက္(၄)ႏွစ္အ႐ြယ္ ကေလးငယ္(၁)ဦးတို႔ ဒဏ္ရာမ်ားရရွိကာ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

“(၁၉)ေယာက္မွာ အသက္ႀကီးႀကီးဦးေလးတစ္‌ေယာက္ကေတာ့ ဘာမွမျဖစ္ဘူး။ က်န္တဲ့တစ္ေယာက္ကေတာ့ မေတြ႕လိုက္ဘူး။ (၆)ဦး ကေတာ့ ပြဲခ်င္းၿပီးဆုံးတယ္။ (၁၁)ေယာက္ကေတာ့ ထိခိုက္ဒဏ္ရာေတြရတယ္။ အဲဒီေနရာက အရင္တုန္းကေတာ့ အခုလိုမ်ိဳးျဖစ္တယ္ လို႔ေတာ့ ၾကားဖူးတယ္”ဟု ၎ကဆက္ေျပာသည္။

ထို႔ေၾကာင့္ ေသဆုံး၊ထိခိုက္ဒဏ္ရာရရွိသူမ်ားအား မီးသတ္တပ္ဖြဲ႕ႏွင့္ ေဒသတြင္းလူမႈကူညီေရးအသင္းမ်ားက မိတၳီလာျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.