တူရကီနိုင်ငံတောင်ပိုင်းမှာ ဘတ်စ်ကားတစ်စီးက ကုန်တင်ကားတစ်စီးကို ဝင်တိုက်မိခဲ့ပြီး အနည်းဆုံး လူ(၇)ဦး သေဆုံး

 89

Pika (NP News) - ဒီဇင်ဘာ ၇

တူရကီနိုင်ငံတောင်ပိုင်းက အဝေးပြေးလမ်းမတစ်ခုမှာ ဘတ်စ်ကားတစ်စီးက ကုန်ကားတစ်စီးကို ဝင်တိုက်မိခဲ့ရာ အနည်းဆုံးလူ(၇)ဦးသေဆုံးပြီး အခြားလူ(၁၁)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ဟာ Adanaနဲ့ Gaziantep မြို့တွေကို ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းမပေါ်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ဘတ်စ်ကားရဲ့တာယာတစ်လုံး ပေါက်ကွဲသွားခဲ့မှုနဲ့အတူ ရပ်ထားတဲ့ ကုန်တင်ကားကို ဝင်တိုက်မိခဲ့တာဖြစ်တယ်လို့ Anadolu သတင်းအေဂျင်စီက ရေးသားဖော်ပြခဲ့ပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာတင်ထားတဲ့ဓါတ်ပုံတွေမှာ ဘတ်စ်ကားရဲ့ရှေ့ခြမ်းက ကုန်တင်ကားရဲ့နောက်ဘက်ကို ဝင်တိုက်မိခဲ့ပြီး ပျက်စီးနေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ဒါ့ပြင် အဲဒီဖြစ်ရပ်အတွင်း သေဆုံးသူနဲ့ ထိခိုက် ဒဏ်ရာရရှိသူအားလုံးဟာ ဘတ်စ်ကားပေါ်မှာလိုက်ပါလာတဲ့ခရီးသည်တွေဖြစ်ပြီး သေဆုံးခဲ့တာက ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို သိရှိနိုင်ဖို့ စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့လည်း အာဏာပိုင်တွေက ထုတ်ပြန်ပြောကြား ခဲ့ပါတယ်။
အဲဒီမတော်တဆမှုနဲ့ပတ်သက်ပြီး အသက်ရှင်လွတ်မြောက်ခဲ့တဲ့ ကုန်တင်ကားယာဉ်မောင်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
တူရကီႏိုင္ငံေတာင္ပိုင္းမွာ ဘတ္စ္ကားတစ္စီးက ကုန္တင္ကားတစ္စီးကို ဝင္တိုက္မိခဲ့ၿပီး အနည္းဆုံး လူ(၇)ဦး ေသဆုံး
Pika (NP News) - ဒီဇင္ဘာ ၇
တူရကီႏိုင္ငံေတာင္ပိုင္းက အေဝးေျပးလမ္းမတစ္ခုမွာ ဘတ္စ္ကားတစ္စီးက ကုန္ကားတစ္စီးကို ဝင္တိုက္မိခဲ့ရာ အနည္းဆုံးလူ(၇)ဦးေသဆုံးၿပီး အျခားလူ(၁၁)ဦးထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ေဒသဆိုင္ရာအုပ္ခ်ဳပ္ေရးမႉး႐ုံးက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အဲဒီျဖစ္ရပ္ဟာ Adanaနဲ႔ Gaziantep ၿမိဳ႕ေတြကို ဆက္သြယ္ထားတဲ့ အေဝးေျပးလမ္းမေပၚမွာျဖစ္ပြားခဲ့တာျဖစ္ၿပီး ဘတ္စ္ကားရဲ႕တာယာတစ္လုံး ေပါက္ကြဲသြားခဲ့မႈနဲ႔အတူ ရပ္ထားတဲ့ ကုန္တင္ကားကို ဝင္တိုက္မိခဲ့တာျဖစ္တယ္လို႔ Anadolu သတင္းေအဂ်င္စီက ေရးသားေဖာ္ျပခဲ့ပါတယ္။
ဆိုရွယ္မီဒီယာေပၚမွာတင္ထားတဲ့ဓါတ္ပုံေတြမွာ ဘတ္စ္ကားရဲ႕ေရွ႕ျခမ္းက ကုန္တင္ကားရဲ႕ေနာက္ဘက္ကို ဝင္တိုက္မိခဲ့ၿပီး ပ်က္စီးေနတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။ ဒါ့ျပင္ အဲဒီျဖစ္ရပ္အတြင္း ေသဆုံးသူနဲ႔ ထိခိုက္ ဒဏ္ရာရရွိသူအားလုံးဟာ ဘတ္စ္ကားေပၚမွာလိုက္ပါလာတဲ့ခရီးသည္ေတြျဖစ္ၿပီး ေသဆုံးခဲ့တာက ဘယ္သူဘယ္ဝါ ျဖစ္တယ္ဆိုတာကို သိရွိႏိုင္ဖို႔ စစ္ေဆးမႈေတြလုပ္ေဆာင္ေနတယ္လို႔လည္း အာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကား ခဲ့ပါတယ္။
အဲဒီမေတာ္တဆမႈနဲ႔ပတ္သက္ၿပီး အသက္ရွင္လြတ္ေျမာက္ခဲ့တဲ့ ကုန္တင္ကားယာဥ္ေမာင္းကို ရဲတပ္ဖြဲ႕က ဖမ္းဆီးထိန္းသိမ္းထားတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.