အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ F-16C တိုက်လေယာဉ်တစ်စီး ပျက်ကျ

362
Pika (NP News) - ဒီဇင်ဘာ ၆
အမေရိကန်စစ်တပ်ရဲ့ F-16C တိုက်လေယာဉ်တစ်စင်းဟာ လေ့ကျင့်ရေးမစ်ရှင်တစ်ခုအတွင်း ကယ်လီဖိုးနီးယား ပြည်နယ်မှာ ပျက်ကျခဲ့တယ်လို့ လေတပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ F-16C တိုက်လေယာဉ်ဟာ လော့စ်အိန် ဂျလိစ်မြို့ အရှေ့မြောက်ဘက် (၁၃ဝ)မိုင်အကွာမှာရှိတဲ့ လူမနေတဲ့သဲကန္တာရအတွင်းက လက်နက်စမ်းသပ်မှု ပြုလုပ်ဖို့ အသုံးပြုတဲ့ဇုန်အတွင်းမှာ ပျက်ကျခဲ့တာတာဖြစ်တယ်လို့ လေတပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ဗီဒီယိုဖိုင်တစ်ခုမှာ F-16C တိုက်လေယာဉ်ပျက်ကျရာနေရာကနေ မီးခိုးလုံးတွေ ထွက်ပေါ်နေတာကို တွေ့မြင်ခဲ့ရပြီး လေယာဉ်မှူးက လေထီးနဲ့အတူ မြေပြင်ပေါ်ကိုဆင်းသက်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။ ပျက်ကျသွားတဲ့ F-16C တိုက်လေယာဉ်ကို ထိပ်တန်းလေကြောင်း သရုပ်ပြတပ်ခွဲက ပိုင်ဆိုင်တာ ဖြစ်တယ်လို့ အမေရိကန်လေတပ်က ပြောကြားခဲ့ပါတယ်။
အမေရိကန်လေတပ်က “F-16C တိုက်လေယာဉ်တစ်စင်းဟာ လေ့ကျင့်ရေးမစ်ရှင်တစ်ခုအတွင်း ပျက်ကျခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ လေယာဉ်မှူးကတော့ ထိုင်ခုံနဲ့အတူ အောင်မြင်စွာကန်ထွက်နိုင်ခဲ့ပြီး မြေပြင်ပေါ်ကို ဘေးကင်းကင်းနဲ့ ဆင်းသက်နိုင်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယားျပည္နယ္မွာ F-16C တိုက္ေလယာဥ္တစ္စီး ပ်က္က်
Pika (NP News) - ဒီဇင္ဘာ ၆
အေမရိကန္စစ္တပ္ရဲ႕ F-16C တိုက္ေလယာဥ္တစ္စင္းဟာ ေလ့က်င့္ေရးမစ္ရွင္တစ္ခုအတြင္း ကယ္လီဖိုးနီးယား ျပည္နယ္မွာ ပ်က္က်ခဲ့တယ္လို႔ ေလတပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ F-16C တိုက္ေလယာဥ္ဟာ ေလာ့စ္အိန္ ဂ်လိစ္ၿမိဳ႕ အေရွ႕ေျမာက္ဘက္ (၁၃ဝ)မိုင္အကြာမွာရွိတဲ့ လူမေနတဲ့သဲကႏၲာရအတြင္းက လက္နက္စမ္းသပ္မႈ ျပဳလုပ္ဖို႔ အသုံးျပဳတဲ့ဇုန္အတြင္းမွာ ပ်က္က်ခဲ့တာတာျဖစ္တယ္လို႔ ေလတပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဆိုရွယ္မီဒီယာေပၚမွာ ပ်ံ႕ႏွံ႔ေနတဲ့ဗီဒီယိုဖိုင္တစ္ခုမွာ F-16C တိုက္ေလယာဥ္ပ်က္က်ရာေနရာကေန မီးခိုးလုံးေတြ ထြက္ေပၚေနတာကို ေတြ႕ျမင္ခဲ့ရၿပီး ေလယာဥ္မႉးက ေလထီးနဲ႔အတူ ေျမျပင္ေပၚကိုဆင္းသက္ေနတာကိုလည္း ေတြ႕ခဲ့ရပါတယ္။ ပ်က္က်သြားတဲ့ F-16C တိုက္ေလယာဥ္ကို ထိပ္တန္းေလေၾကာင္း သ႐ုပ္ျပတပ္ခြဲက ပိုင္ဆိုင္တာ ျဖစ္တယ္လို႔ အေမရိကန္ေလတပ္က ေျပာၾကားခဲ့ပါတယ္။
အေမရိကန္ေလတပ္က “F-16C တိုက္ေလယာဥ္တစ္စင္းဟာ ေလ့က်င့္ေရးမစ္ရွင္တစ္ခုအတြင္း ပ်က္က်ခဲ့ပါတယ္။ ကံေကာင္းစြာနဲ႔ပဲ ေလယာဥ္မႉးကေတာ့ ထိုင္ခုံနဲ႔အတူ ေအာင္ျမင္စြာကန္ထြက္ႏိုင္ခဲ့ၿပီး ေျမျပင္ေပၚကို ေဘးကင္းကင္းနဲ႔ ဆင္းသက္ႏိုင္ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။