ရုရှားက ယူကရိန်းကို ဒရုန်းအစင်းရေ(၄၇၂)စင်းနဲ့ပစ်ခတ်တိုက်ခိုက်

 1751

Pika (NP News) - ဇွန် ၃

ရုရှားစစ်တပ်ဟာ ယူကရိန်းကို ဒရုန်းအစင်းရေ(၄၇၂)စင်းနဲ့ ညတွင်းချင်းတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တယ်လို့ ယူကရိန်းလေတပ်ကပြောကြားခဲ့ပါတယ်။

အဆိုပါတိုက်ခိုက်မှုဟာ ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ညတွင်းချင်းဒရုန်းနဲ့တိုက်ခိုက်မှုတွေထဲမှာ ဒရုန်းအရေအတွက်အများဆုံးပါဝင်တဲ့ တိုက်ခိုက်မှုတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ရုရှားနဲ့ယူကရိန်းအရာရှိတွေကြား တွေ့ဆုံဆွေးနွေးမှုမလုပ်ဆောင်ခင် ရုရှားဘက်က ဒရုန်းနဲ့တိုက်ခိုက်မှုတွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ ဒါ့ပြင် ရုရှားစစ်တပ်ဟာ ဒုံးကျည်(၇)စင်းကို ပစ်လွှတ်ခဲ့တယ်လို့လည်း ယူကရိန်းလေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

ရုရှားဘက်က ပစ်လွှတ်လိုက်တဲ့ ဒရုန်းအစင်းရေ(၄၇၂)စင်းအနက် (၃၈၂)စင်းနဲ့ ဒုံးကျည်(၃)စင်းကို ယူက ရိန်းရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက အောင်မြင်စွာပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ရုရှားအစိုးရဟာ ၎င်းရဲ့ဒရုန်းတွေနဲ့ ယူကရိန်းအပေါ် ညတွင်းချင်းတိုက်ခိုက်မှုတွေကို မကြာသေးခင်ကာလအတွင်း ပိုမိုတိုးမြှင့်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

zawgyi version
႐ုရွားက ယူကရိန္းကို ဒ႐ုန္းအစင္းေရ(၄၇၂)စင္းနဲ႔ပစ္ခတ္တိုက္ခိုက္
Pika (NP News) - ဇြန္ ၃

႐ုရွားစစ္တပ္ဟာ ယူကရိန္းကို ဒ႐ုန္းအစင္းေရ(၄၇၂)စင္းနဲ႔ ညတြင္းခ်င္းတိုက္ခိုက္မႈကို လုပ္ေဆာင္ခဲ့တယ္လို႔ ယူကရိန္းေလတပ္ကေျပာၾကားခဲ့ပါတယ္။

အဆိုပါတိုက္ခိုက္မႈဟာ ႐ုရွား-ယူကရိန္းစစ္ပြဲျဖစ္ပြားၿပီးေနာက္ပိုင္း ညတြင္းခ်င္းဒ႐ုန္းနဲ႔တိုက္ခိုက္မႈေတြထဲမွာ ဒ႐ုန္းအေရအတြက္အမ်ားဆုံးပါဝင္တဲ့ တိုက္ခိုက္မႈတစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။ တူရကီႏိုင္ငံ အစၥတန္ဘူလ္ၿမိဳ႕မွာ ႐ုရွားနဲ႔ယူကရိန္းအရာရွိေတြၾကား ေတြ႕ဆုံေဆြးေႏြးမႈမလုပ္ေဆာင္ခင္ ႐ုရွားဘက္က ဒ႐ုန္းနဲ႔တိုက္ခိုက္မႈေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ ႐ုရွားစစ္တပ္ဟာ ဒုံးက်ည္(၇)စင္းကို ပစ္လႊတ္ခဲ့တယ္လို႔လည္း ယူကရိန္းေလတပ္ရဲ႕ ထုတ္ျပန္ခ်က္မွာ ေရးသားေဖာ္ျပထားပါတယ္။

႐ုရွားဘက္က ပစ္လႊတ္လိုက္တဲ့ ဒ႐ုန္းအစင္းေရ(၄၇၂)စင္းအနက္ (၃၈၂)စင္းနဲ႔ ဒုံးက်ည္(၃)စင္းကို ယူက ရိန္းရဲ႕ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြက ေအာင္ျမင္စြာပစ္ခ်ႏိုင္ခဲ့တယ္လို႔ ယူကရိန္းစစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ႐ုရွားအစိုးရဟာ ၎ရဲ႕ဒ႐ုန္းေတြနဲ႔ ယူကရိန္းအေပၚ ညတြင္းခ်င္းတိုက္ခိုက္မႈေတြကို မၾကာေသးခင္ကာလအတြင္း ပိုမိုတိုးျမႇင့္လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.