အမေရိကန်ကျောထောက်နောက်ခံပြု ဂါဇာအကူအညီပေးရေးစင်တာတွေကို ယာယီပိတ်ပင်

181
Pika (NP News) - ဇွန် ၄
အမေရိကန်နဲ့ အစ္စရေးတို့ ကျောထောက်နောက်ခံပြုထားတဲ့ဂါဇာကမ်းမြောင်ဒေသ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဖောင်ဒေးရှင်း(GHF)က လည်ပတ်နေတဲ့ အကူအညီပေးရေးစင်တာတွေကို ပြုပြင်မွမ်းမံဖို့အတွက် ယာယီပိတ်ထားမယ်လို့ သိရပါတယ်။
GHF က "အကူအညီဖြန့်ဖြူးရေးစင်တာတွေကို ပြုပြင်မွမ်းမံမှု၊ပြန်လည်ဖွဲ့စည်းမှုနဲ့ စွမ်းဆောင်ရည်မြှင့်တင်ဖို့လုပ်ငန်းတွေအတွက် ယာယီပိတ်ထားမှာပါ။”လို့ ရေးသားဖော်ပြခဲ့ပါတယ်။ ဒါ့ပြင် ပြုပြင်မွမ်းမံမှုလုပ်ဆောင်ပြီး တစ်ရက်အကြာမှာ အကူအညီပေးရေးစင်တာတွေကို ပြန်လည်ဖွင့်လှစ်သွားမယ်လို့ (GHF) က ပြောကြားခဲ့ပါတယ်။ အကူအညီပေးရေးစင်တာတွေ ယာယီပိတ်ထားမှုကို အစ္စရေးစစ်တပ်ကလည်း အတည်ပြုခဲ့တယ်လို့ သိရပါတယ်။
အစ္စရေးစစ်တပ်က "တိုက်ခိုက်ရေးဇုန်လို့ သတ်မှတ်ထားတဲ့ အကူအညီဖြန့်ဖြူးရေးစင်တာတွေဆီ ဦးတည်တဲ့လမ်းတွေကို သွားလာခွင့်တားမြစ်ထားပါတယ်"လို့ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
zawgyi version
အေမရိကန္ေက်ာေထာက္ေနာက္ခံျပဳ ဂါဇာအကူအညီေပးေရးစင္တာေတြကို ယာယီပိတ္ပင္
Pika (NP News) - ဇြန္ ၄
အေမရိကန္နဲ႔ အစၥေရးတို႔ ေက်ာေထာက္ေနာက္ခံျပဳထားတဲ့ဂါဇာကမ္းေျမာင္ေဒသ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာေဖာင္ေဒးရွင္း(GHF)က လည္ပတ္ေနတဲ့ အကူအညီေပးေရးစင္တာေတြကို ျပဳျပင္မြမ္းမံဖို႔အတြက္ ယာယီပိတ္ထားမယ္လို႔ သိရပါတယ္။
GHF က "အကူအညီျဖန႔္ျဖဴးေရးစင္တာေတြကို ျပဳျပင္မြမ္းမံမႈ၊ျပန္လည္ဖြဲ႕စည္းမႈနဲ႔ စြမ္းေဆာင္ရည္ျမႇင့္တင္ဖို႔လုပ္ငန္းေတြအတြက္ ယာယီပိတ္ထားမွာပါ။”လို႔ ေရးသားေဖာ္ျပခဲ့ပါတယ္။ ဒါ့ျပင္ ျပဳျပင္မြမ္းမံမႈလုပ္ေဆာင္ၿပီး တစ္ရက္အၾကာမွာ အကူအညီေပးေရးစင္တာေတြကို ျပန္လည္ဖြင့္လွစ္သြားမယ္လို႔ (GHF) က ေျပာၾကားခဲ့ပါတယ္။ အကူအညီေပးေရးစင္တာေတြ ယာယီပိတ္ထားမႈကို အစၥေရးစစ္တပ္ကလည္း အတည္ျပဳခဲ့တယ္လို႔ သိရပါတယ္။
အစၥေရးစစ္တပ္က "တိုက္ခိုက္ေရးဇုန္လို႔ သတ္မွတ္ထားတဲ့ အကူအညီျဖန႔္ျဖဴးေရးစင္တာေတြဆီ ဦးတည္တဲ့လမ္းေတြကို သြားလာခြင့္တားျမစ္ထားပါတယ္"လို႔ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။