မြောက်ကိုရီးယားခေါင်းဆောင်နဲ့ ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ ပြုံးယမ်းမြို့ကို ရုရှားလုံခြုံရေးအကြီးအကဲရောက်ရှိနေ

946

Pika (NP News) - ဇွန် ၄
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းနဲ့ ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့အတွက် ရုရှားထိပ်တန်းလုံခြုံရေးအရာရှိ ဆာဂေးရှိုးဂူဟာ မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။
ရုရှားသမ္မတပူတင်ရဲ့ အမိန့်နဲ့အတူ ဆာဂေးရှိုးဂူဟာ မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့ကို သွားရောက် လည်ပတ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီဆွေးနွေးပွဲဟာ ယူကရိန်းစစ်ပွဲအပါအဝင် လက်ရှိရေးရာတွေကို လွှမ်းခြုံနိုင်မယ်လို့ မျှော်လင့်ထားကြတယ်လို့လည်း သိရပါတယ်။ အဲဒီလည်ပတ်မှုဟာ အချိန်(၃)လအတွင်း မြောက်ကိုရီးယားကို ဆာဂေးရှိုးဂူရဲ့ ဒုတိယအကြိမ်မြောက်လာရောက်လည်ပတ်မှုတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။ နှစ်ပေါင်းများစွာကြာ မိတ်ဖက်နိုင်ငံတွေဖြစ်ခဲ့ကြတဲ့ ရုရှားနဲ့မြောက်ကိုရီးယားတို့ရဲ့ နှစ်နိုင်ငံကြားဆက်ဆံရေးဟာ မကြာသေးခင်ကာလအတွင်း သိသိသာသာ နီးကပ်လာခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ရုရှားနဲ့ယူကရိန်းကြားဖြစ်ပွားနေတဲ့ စစ်ပွဲမှာ ရုရှားဘက်ကနေပါဝင်တိုက်ခိုက်ပေးဖို့အတွက် ၎င်းရဲ့စစ်သားတွေနဲ့ စစ်လက်နက်ပစ္စည်းတွေကို မြောက်ကိုရီးယားက ရုရှားကို ပေးပို့ခဲ့တယ်ဆိုတဲ့ အစီရင်ခံစာတွေလည်း ထွက်ပေါ်လာခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း ရုရှားနဲ့ဆက်ဆံရေးဟာ ဥရောပနဲ့အာရှမှာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို အာမခံနိုင်ဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ မြောက်ကိုရီးယားအစိုးရက ထုတ်ပြန်ပြောကြားခဲ့ပြီး ရုရှားနဲ့၎င်းတို့ကြားကြီးထွားလာနေတဲ့ စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို ကာကွယ်ခဲ့တယ်လို့လည်း သိရပါတယ်။

zawgyi version
ေျမာက္ကိုရီးယားေခါင္းေဆာင္နဲ႔ ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ ၿပဳံးယမ္းၿမိဳ႕ကို ႐ုရွားလုံၿခဳံေရးအႀကီးအကဲေရာက္ရွိေန
Pika (NP News) - ဇြန္ ၄
ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းနဲ႔ ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔အတြက္ ႐ုရွားထိပ္တန္းလုံၿခဳံေရးအရာရွိ ဆာေဂးရႈိးဂူဟာ ေျမာက္ကိုရီးယားႏိုင္ငံ ၿပဳံးယမ္းၿမိဳ႕ကို ေရာက္ရွိေနတယ္လို႔ သိရပါတယ္။
႐ုရွားသမၼတပူတင္ရဲ႕ အမိန႔္နဲ႔အတူ ဆာေဂးရႈိးဂူဟာ ေျမာက္ကိုရီးယားႏိုင္ငံ ၿပဳံးယမ္းၿမိဳ႕ကို သြားေရာက္ လည္ပတ္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ အဲဒီေဆြးေႏြးပြဲဟာ ယူကရိန္းစစ္ပြဲအပါအဝင္ လက္ရွိေရးရာေတြကို လႊမ္းၿခဳံႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားၾကတယ္လို႔လည္း သိရပါတယ္။ အဲဒီလည္ပတ္မႈဟာ အခ်ိန္(၃)လအတြင္း ေျမာက္ကိုရီးယားကို ဆာေဂးရႈိးဂူရဲ႕ ဒုတိယအႀကိမ္ေျမာက္လာေရာက္လည္ပတ္မႈတစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။ ႏွစ္ေပါင္းမ်ားစြာၾကာ မိတ္ဖက္ႏိုင္ငံေတြျဖစ္ခဲ့ၾကတဲ့ ႐ုရွားနဲ႔ေျမာက္ကိုရီးယားတို႔ရဲ႕ ႏွစ္ႏိုင္ငံၾကားဆက္ဆံေရးဟာ မၾကာေသးခင္ကာလအတြင္း သိသိသာသာ နီးကပ္လာခဲ့တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ႐ုရွားနဲ႔ယူကရိန္းၾကားျဖစ္ပြားေနတဲ့ စစ္ပြဲမွာ ႐ုရွားဘက္ကေနပါဝင္တိုက္ခိုက္ေပးဖို႔အတြက္ ၎ရဲ႕စစ္သားေတြနဲ႔ စစ္လက္နက္ပစၥည္းေတြကို ေျမာက္ကိုရီးယားက ႐ုရွားကို ေပးပို႔ခဲ့တယ္ဆိုတဲ့ အစီရင္ခံစာေတြလည္း ထြက္ေပၚလာခဲ့ဖူးပါတယ္။ ဒါေပမဲ့လည္း ႐ုရွားနဲ႔ဆက္ဆံေရးဟာ ဥေရာပနဲ႔အာရွမွာ ၿငိမ္းခ်မ္းေရးနဲ႔တည္ၿငိမ္ေရးကို အာမခံႏိုင္ဖို႔ ရည္႐ြယ္ထားတာျဖစ္တယ္လို႔ ေျမာက္ကိုရီးယားအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ၿပီး ႐ုရွားနဲ႔၎တို႔ၾကားႀကီးထြားလာေနတဲ့ စစ္ဘက္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္မႈကို ကာကြယ္ခဲ့တယ္လို႔လည္း သိရပါတယ္။