ရုရှားထိန်းချုပ်ထားသော ခရိုင်းမီးယားဒေသတံတားကို ယူကရိန်းက ရေအောက်မှ ဖောက်ခွဲတိုက်ခိုက်

799

ဂျန်ဇက် (NP News) - ဇွန် ၄
ယူကရိန်းနှင့် ရုရှားနိုင်ငံကြား အပစ်ခတ်ရပ်စဲရေးရယူနိုင်ရန် ဆွေးနွေးနေသော်လည်း အခြားတစ်ဖက်တွင် အပြန်အလှန်တိုက်ခိုက်နေဆဲဖြစ်ရာယူကရိန်းသည် ဇွန်လ ၃ ရက်တွင် ခရိုင်းမီးယားဒေသရှိတံတားကို ပစ်မှတ်ထားပြီး ရေအောက်မှဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ယူကရိန်းလုံခြုံရေးအဖွဲ့ (SBU) က ခရိုင်းမီးယားဒေသရှိတံတားကို ဖောက်ခွဲတိုက်ခိုက်ရန်ကြိုးပမ်းခဲ့ပြီး ပေါက်ကွဲစေသောယမ်း TNT ၁၁၀၀ ကီလိုဂရမ်ကိုအသုံးပြုခဲ့ပြီးအရပ်သားများထိခိုက်မှုမရှိကြောင်းပြောသည်။
အဆိုပါတိုက်ခိုက်မှုများကြောင့် တံတားကို ယာယီပိတ်ထားရပြီး ရေအောက်မှ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် တံတားဝန်းကျင်ထိခိုက်ခဲ့ကြောင်း သိရသည်။ ရုရှားအစိုးရသည် အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်ပြီးအတည်ပြုပြောဆိုခြင်းမရှိသေးသော်လည်း ရုရှားစစ်တပ်ဘလော့ဂါများက ပေါက်ကွဲစေသောပစ္စည်းများနှင့်တိုက်ခိုက်ခြင်းထက် ရေအောက်ဒရုန်းအသုံးပြုတိုက်ခိုက်ခြင်းမျိုးဖြစ်ဖွယ်ရှိသည်ဟုဆိုသည်။ ရုရှားထိန်းချုပ်ထားသည့် ခရိုင်းမီးယားကျွန်းဆွယ်ရှိ တံတားကို ပစ်မှတ်ထားဖောက်ခွဲတိုက်ခိုက်ခြင်းအစီအစဉ်ကို ယူကရိန်း ဒုတိယဗိုလ်ချုပ်ကြီး Vasyl Malyuk က ဦးဆောင်ကြီးကြပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယူကရိန်းစစ်တပ်က "ခရိုင်းမီးယားဒေသတံတားကို ရုရှားစစ်တပ်က အဓိကထားအသုံးပြုနေလို့ တိုက်ခိုက်ခဲ့တာဖြစ်တယ်"ဟု ပြောသည်။ ယူကရိန်းသည် ပြီးခဲ့သော ရက်ပိုင်းကလည်း 'Spider Web' အမည်ရှိစစ်ဆင်ရေးကိုစတင်ခဲ့ပြီး ရုရှားနိုင်ငံတဝန်းရှိပစ်မှတ်များကို တိုက်ခိုက်ခဲ့ရာ ရုရှား၏မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်များလည်း တိုက်ခိုက်ခံခဲ့ရသည်ဟုသိရသည်။ ယူကရိန်းအစိုးရက ရုရှားပိုင်နက်အတွင်းသို့ ဒရုန်းအစင်းရေ ၁၀၀ ကျော် မှောင်ခိုတင်သွင်းခဲ့ပြီး အဆိုပါဒရုန်းများကို ရုရှားလေတပ်စခန်းအနီး အပါအဝင် ရုရှားနိုင်ငံအတွင်းရှိနေရာအများအပြားကို့ စေလွှတ်ပျံသန်းတိုက်ခိုက်ခဲ့ကြောင်းပြောသည်။

zawgyi version
႐ုရွားထိန္းခ်ဳပ္ထားေသာ ခ႐ိုင္းမီးယားေဒသတံတားကို ယူကရိန္းက ေရေအာက္မွ ေဖာက္ခြဲတိုက္ခိုက္
ဂ်န္ဇက္ (NP News) - ဇြန္ ၄
ယူကရိန္းႏွင့္ ႐ုရွားႏိုင္ငံၾကား အပစ္ခတ္ရပ္စဲေရးရယူႏိုင္ရန္ ေဆြးေႏြးေနေသာ္လည္း အျခားတစ္ဖက္တြင္ အျပန္အလွန္တိုက္ခိုက္ေနဆဲျဖစ္ရာယူကရိန္းသည္ ဇြန္လ ၃ ရက္တြင္ ခ႐ိုင္းမီးယားေဒသရွိတံတားကို ပစ္မွတ္ထားၿပီး ေရေအာက္မွေဖာက္ခြဲတိုက္ခိုက္ခဲ့ေၾကာင္းသိရသည္။ ယူကရိန္းလုံၿခဳံေရးအဖြဲ႕ (SBU) က ခ႐ိုင္းမီးယားေဒသရွိတံတားကို ေဖာက္ခြဲတိုက္ခိုက္ရန္ႀကိဳးပမ္းခဲ့ၿပီး ေပါက္ကြဲေစေသာယမ္း TNT ၁၁၀၀ ကီလိုဂရမ္ကိုအသုံးျပဳခဲ့ၿပီးအရပ္သားမ်ားထိခိုက္မႈမရွိေၾကာင္းေျပာသည္။
အဆိုပါတိုက္ခိုက္မႈမ်ားေၾကာင့္ တံတားကို ယာယီပိတ္ထားရၿပီး ေရေအာက္မွ ပစ္မွတ္ထားတိုက္ခိုက္မႈေၾကာင့္ တံတားဝန္းက်င္ထိခိုက္ခဲ့ေၾကာင္း သိရသည္။ ႐ုရွားအစိုးရသည္ အဆိုပါတိုက္ခိုက္မႈႏွင့္ပတ္သက္ၿပီးအတည္ျပဳေျပာဆိုျခင္းမရွိေသးေသာ္လည္း ႐ုရွားစစ္တပ္ဘေလာ့ဂါမ်ားက ေပါက္ကြဲေစေသာပစၥည္းမ်ားႏွင့္တိုက္ခိုက္ျခင္းထက္ ေရေအာက္ဒ႐ုန္းအသုံးျပဳတိုက္ခိုက္ျခင္းမ်ိဳးျဖစ္ဖြယ္ရွိသည္ဟုဆိုသည္။ ႐ုရွားထိန္းခ်ဳပ္ထားသည့္ ခ႐ိုင္းမီးယားကြၽန္းဆြယ္ရွိ တံတားကို ပစ္မွတ္ထားေဖာက္ခြဲတိုက္ခိုက္ျခင္းအစီအစဥ္ကို ယူကရိန္း ဒုတိယဗိုလ္ခ်ဳပ္ႀကီး Vasyl Malyuk က ဦးေဆာင္ႀကီးၾကပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ယူကရိန္းစစ္တပ္က "ခ႐ိုင္းမီးယားေဒသတံတားကို ႐ုရွားစစ္တပ္က အဓိကထားအသုံးျပဳေနလို႔ တိုက္ခိုက္ခဲ့တာျဖစ္တယ္"ဟု ေျပာသည္။ ယူကရိန္းသည္ ၿပီးခဲ့ေသာ ရက္ပိုင္းကလည္း 'Spider Web' အမည္ရွိစစ္ဆင္ေရးကိုစတင္ခဲ့ၿပီး ႐ုရွားႏိုင္ငံတဝန္းရွိပစ္မွတ္မ်ားကို တိုက္ခိုက္ခဲ့ရာ ႐ုရွား၏မဟာဗ်ဴဟာေျမာက္ဗုံးႀကဲေလယာဥ္မ်ားလည္း တိုက္ခိုက္ခံခဲ့ရသည္ဟုသိရသည္။ ယူကရိန္းအစိုးရက ႐ုရွားပိုင္နက္အတြင္းသို႔ ဒ႐ုန္းအစင္းေရ ၁၀၀ ေက်ာ္ ေမွာင္ခိုတင္သြင္းခဲ့ၿပီး အဆိုပါဒ႐ုန္းမ်ားကို ႐ုရွားေလတပ္စခန္းအနီး အပါအဝင္ ႐ုရွားႏိုင္ငံအတြင္းရွိေနရာအမ်ားအျပားကို႔ ေစလႊတ္ပ်ံသန္းတိုက္ခိုက္ခဲ့ေၾကာင္းေျပာသည္။