ရုရှားရဲ့လက်တုံ့ပြန်မှုတွေက ပြင်းထန်ပြီးရှောင်လွှဲလို့ရမှာ မဟုတ်ဘူးလို့ ရုရှားအစိုးရပြော

 982

Pika (NP News) - ဇွန် ၅

ရုရှားနယ်မြေတွေအပေါ် မကြာသေးခင်က ယူကရိန်းရဲ့တိုက်ခိုက်မှုတွေကို ရုရှားဘက်က ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမယ်လို့ ရုရှားသမ္မတဟောင်း ဒီမစ်ထရီမက်ဗီဒက်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ရုရှားမှာရှိတဲ့ ရထားလမ်းတွေကို ယူကရိန်းက ဖောက်ခွဲခဲ့တယ်ဆိုတဲ့ သံသယတွေ အပါအဝင် ရုရှားလေယာဉ်ကွင်းတွေ အများအပြားကို ဒရုန်းတိုက်ခိုက်မှုတွေ ပေါ်ထွက်လာခဲ့ပြီးနောက် ဒီမစ်ထရီမက်ဗီဒက်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒါ့ပြင် ရုရှားရဲ့လက်တုံ့ပြန်တိုက်ခိုက်မှုတွေဟာ ပြင်းထန်ပြီး ရှောင်လွှဲလို့မရတဲ့ လက်တုံ့ပြန်မှုတွေဖြစ်လိမ့်မယ်လို့ လည်း ဒီမစ်ထရီမက်ဗီဒက်က ပြောကြားခဲ့ပါတယ်။ ဒီမစ်ထရီမက်ဗီဒက် က “ရုရှားစစ်တပ်ဟာ ရှေ့တန်းစစ်မြေ မျက်နှာပြင်မှာ ထိုးစစ်ဆင်မှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ ဖောက်ခွဲဖို့လိုအပ်တာတွေ အကုန်လုံးကို ဖောက်ခွဲသွားမှာဖြစ်ပြီး သတ်ပစ်ဖို့ လိုအပ်တာတွေအကုန်လုံးကို သတ်ပစ်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အစ္စတန်ဘူလ်မှာလုပ်ဆောင်ခဲ့တဲ့ဆွေးနွေးညှိနှိုင်းမှုတွေဟာ နိုင်ပွဲကို အလျင်မြန်ဆုံးရရှိဖို့နဲ့ ယူကရိန်းမှာ နာဇီလက်သစ်အာဏာပိုင်တွေကို အပြည့်အဝဖယ်ရှားပစ်ဖို့အတွက် လိုအပ်တယ်လို့လည်း ဒီမစ်ထရီမက်ဗီဒက် က ပြောကြားခဲ့ပါတယ်။

Zawgyi Version:
႐ုရွားရဲ႕လက္တုံ႔ျပန္မႈေတြက ျပင္းထန္ၿပီးေရွာင္လႊဲလို႔ရမွာ မဟုတ္ဘူးလို႔ ႐ုရွားအစိုးရေျပာ
Pika (NP News) - ဇြန္ ၅

႐ုရွားနယ္ေျမေတြအေပၚ မၾကာေသးခင္က ယူကရိန္းရဲ႕တိုက္ခိုက္မႈေတြကို ႐ုရွားဘက္က ျပင္းျပင္းထန္ထန္ လက္တုံ႔ျပန္သြားမယ္လို႔ ႐ုရွားသမၼတေဟာင္း ဒီမစ္ထရီမက္ဗီဒက္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ႐ုရွားမွာရွိတဲ့ ရထားလမ္းေတြကို ယူကရိန္းက ေဖာက္ခြဲခဲ့တယ္ဆိုတဲ့ သံသယေတြ အပါအဝင္ ႐ုရွားေလယာဥ္ကြင္းေတြ အမ်ားအျပားကို ဒ႐ုန္းတိုက္ခိုက္မႈေတြ ေပၚထြက္လာခဲ့ၿပီးေနာက္ ဒီမစ္ထရီမက္ဗီဒက္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ဒါ့ျပင္ ႐ုရွားရဲ႕လက္တုံ႔ျပန္တိုက္ခိုက္မႈေတြဟာ ျပင္းထန္ၿပီး ေရွာင္လႊဲလို႔မရတဲ့ လက္တုံ႔ျပန္မႈေတြျဖစ္လိမ့္မယ္လို႔ လည္း ဒီမစ္ထရီမက္ဗီဒက္က ေျပာၾကားခဲ့ပါတယ္။ ဒီမစ္ထရီမက္ဗီဒက္ က “႐ုရွားစစ္တပ္ဟာ ေရွ႕တန္းစစ္ေျမ မ်က္ႏွာျပင္မွာ ထိုးစစ္ဆင္မႈေတြကို ဆက္လက္လုပ္ေဆာင္ေနပါတယ္။ ေဖာက္ခြဲဖို႔လိုအပ္တာေတြ အကုန္လုံးကို ေဖာက္ခြဲသြားမွာျဖစ္ၿပီး သတ္ပစ္ဖို႔ လိုအပ္တာေတြအကုန္လုံးကို သတ္ပစ္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ အစၥတန္ဘူလ္မွာလုပ္ေဆာင္ခဲ့တဲ့ေဆြးေႏြးညႇိႏႈိင္းမႈေတြဟာ ႏိုင္ပြဲကို အလ်င္ျမန္ဆုံးရရွိဖို႔နဲ႔ ယူကရိန္းမွာ နာဇီလက္သစ္အာဏာပိုင္ေတြကို အျပည့္အဝဖယ္ရွားပစ္ဖို႔အတြက္ လိုအပ္တယ္လို႔လည္း ဒီမစ္ထရီမက္ဗီဒက္ က ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.