ရုရှားက ဗြိတိန်အပေါ် ခြိမ်းခြောက်မှုတွေဖြစ်စေမှာ မဟုတ်ဘူးလို့ ရုရှားအစိုးရပြော

 362

Pika (NP News) - ဇွန် ၅

ရုရှားက ဗြိတိန်ကို တိုက်ခိုက်ဖို့ ရည်ရွယ်ထားတာမျိုးမရှိဘူးလို့ ဗြိတိန်မှာရှိတဲ့ရုရှားသံရုံးက ပြောကြားခဲ့ပါတယ်။ ရုရှားရဲ့ရန်လိုမှုတွေကြီးထွားလာနေတယ်ဆိုတဲ့ ဗြိတိန်အစိုးရရဲ့စွပ်စွဲပြောဆိုချက်တွေကို ငြင်းဆန်ပယ်ချပြီး ရုရှားသံရုံးက ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။
ရုရှား အပါအဝင် ခြိမ်းခြောက်မှုအသစ်တွေအားလုံးကို ဖြေရှင်းဖို့အတွက် ကာကွယ်ရေးဆိုင်ရာချဉ်းကပ်မှုတွေကို ပြောင်းလဲသွားမယ်လို့ ဗြိတိန်အစိုးရက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ရုရှားသံရုံးရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာ တာဖြစ်ပါတယ်။ ဒါ့ပြင် မဟာဗျူဟာမြောက်ကာကွယ်ရေးဆိုင်ရာသုံးသပ်ချက်ကို ဗြိတိန်အစိုးရက ထောက်ခံခဲ့ တယ်လို့လည်း သိရပါတယ်။ ရုရှားသံရုံးရဲ့ ထုတ်ပြန်ချက်မှာ “ရုရှားနိုင်ငံက ဗြိတိန်နဲ့၎င်းရဲ့ပြည်သူတွေအပေါ် ခြိမ်းခြောက်မှု လုပ်ဆောင်တာမျိုးတွေ မရှိပါဘူး။ ကျွန်တော်တို့မှာ ရန်လိုတဲ့ရည်ရွယ်ချက်တွေမရှိသလို ဗြိတိန်ကို တိုက်ခိုက်ဖို့ အစီအစဉ်လည်းမရှိပါဘူး။ အဲဒီလိုလုပ်ဖို့လည်း ကျွန်တော်တို့စိတ်မဝင်စားသလိုလုပ်ဖို့လည်း မလိုအပ် ပါဘူး” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
႐ုရွားက ၿဗိတိန္အေပၚ ၿခိမ္းေျခာက္မႈေတြျဖစ္ေစမွာ မဟုတ္ဘူးလို႔ ႐ုရွားအစိုးရေျပာ
Pika (NP News) - ဇြန္ ၅
႐ုရွားက ၿဗိတိန္ကို တိုက္ခိုက္ဖို႔ ရည္႐ြယ္ထားတာမ်ိဳးမရွိဘူးလို႔ ၿဗိတိန္မွာရွိတဲ့႐ုရွားသံ႐ုံးက ေျပာၾကားခဲ့ပါတယ္။ ႐ုရွားရဲ႕ရန္လိုမႈေတြႀကီးထြားလာေနတယ္ဆိုတဲ့ ၿဗိတိန္အစိုးရရဲ႕စြပ္စြဲေျပာဆိုခ်က္ေတြကို ျငင္းဆန္ပယ္ခ်ၿပီး ႐ုရွားသံ႐ုံးက ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။
႐ုရွား အပါအဝင္ ၿခိမ္းေျခာက္မႈအသစ္ေတြအားလုံးကို ေျဖရွင္းဖို႔အတြက္ ကာကြယ္ေရးဆိုင္ရာခ်ဥ္းကပ္မႈေတြကို ေျပာင္းလဲသြားမယ္လို႔ ၿဗိတိန္အစိုးရက ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ႐ုရွားသံ႐ုံးရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာ တာျဖစ္ပါတယ္။ ဒါ့ျပင္ မဟာဗ်ဴဟာေျမာက္ကာကြယ္ေရးဆိုင္ရာသုံးသပ္ခ်က္ကို ၿဗိတိန္အစိုးရက ေထာက္ခံခဲ့ တယ္လို႔လည္း သိရပါတယ္။ ႐ုရွားသံ႐ုံးရဲ႕ ထုတ္ျပန္ခ်က္မွာ “႐ုရွားႏိုင္ငံက ၿဗိတိန္နဲ႔၎ရဲ႕ျပည္သူေတြအေပၚ ၿခိမ္းေျခာက္မႈ လုပ္ေဆာင္တာမ်ိဳးေတြ မရွိပါဘူး။ ကြၽန္ေတာ္တို႔မွာ ရန္လိုတဲ့ရည္႐ြယ္ခ်က္ေတြမရွိသလို ၿဗိတိန္ကို တိုက္ခိုက္ဖို႔ အစီအစဥ္လည္းမရွိပါဘူး။ အဲဒီလိုလုပ္ဖို႔လည္း ကြၽန္ေတာ္တို႔စိတ္မဝင္စားသလိုလုပ္ဖို႔လည္း မလိုအပ္ ပါဘူး” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.