လိုင်စင်မရှိဘဲ နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ် သူများအား ထိထိရောက်ရောက်အရေးယူနိုင်ရန် အရှိန်မြှင့်ဆောင်ရွက်မည်

 355

Pearl (NP News) - ဇွန် ၁၃

တရားဝင်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ် သူများအား ထိထိရောက်ရောက်အရေးယူနိုင်ရန် အရှိန်မြှင့်တင် ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် က ယမန်နေ့ (ဇွန်လ ၁၂ရက်) က သတင်းထုတ်ပြန်ထားသည်။


ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ် စေရေးနှင့်ဈေးကစားမှုများ မရှိစေရန် သွင်းကုန်လုပ်ငန်းရှင်များ လိုအပ်သော နိုင်ငံခြားငွေများကို Online Trading Platform ရောင်းချပေးခြင်း၊ နိုင်ငံခြားသို့ ဆေးကုသခြင်း၊ ပညာတော်သင် သွား ရောင်းချရားနိုင်သွားနိုင်ငံခြားသို့ ဆောက်ခြင်းများဖြင့် တော်သင်သူများ အတွက် အသေးသုံးနိုင်ငံခြားငွေများကို ပုဂ္ဂလိကဘဏ်များ၏ ငွေလွှဲ ကောင်တာများတွင် ရောင်းချပေး ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ထို့ပြင် USDT အပါအဝင် နိုင်ငံခြားငွေ ကမောက်ကမဖြစ်စေရန် Online ပေါ်တွင် ဈေးကစားခြင်း မမှန်ကန်သော သတင်းများဖြန့်ဝေခြင်းသည့် လူပုဂ္ဂိုလ်များအား နိုင်ငံခြား သုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ ငွေရေး ကြေးရေး အဖွဲ့အစည်းများဥပဒေ၊ ဆက်သွယ်ရေးဥပဒေများနှင့်အညီ သက်ဆိုင်ရာမြို့နယ် တရားရုံးများသို့ တရားစွဲဆို၍ အရေးယူ ပြစ်ဒဏ် ချမှတ်ထားသည့်ဖြစ်စဉ်များ ရှိကြောင်းလည်းသိရသည်။

အလားတူ USDT နှင့် နိုင်ငံခြားငွေ ဈေးနှုန်းများ မတည်မငြိမ်ဖြစ်စေရန် Facebook Page၊ Group ၊ Viber Group နှင့် Application (ဥပမာ Myanmar Market Price) များမှ လှုံ့ဆောင်မှု ဆောင်ရွက်နေခြင်းများအား ဗဟိုဘဏ်က စောင့်ကြည့်ပြီး လှုံ့ဆောင်မှု ဆောင်ရွက်သည့် လူပုဂ္ဂိုလ်များနှင့် ဆက်စပ်နေ သည့် လူပုဂ္ဂိုလ်များကို Pay Account နှင့် Banking Account များအား ပိတ်သိမ်းခြင်း၊ ဖုန်း SIM Card များအား ပိတ်သိမ်း ခြင်း၊ တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆိုအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ထို့ကြောင့် ဗဟိုဘဏ်မှထုတ်ပေးထားသည့် တရားဝင်လိုင်စင် မရှိဘဲ နိုင်ငံခြား ငွေကြေးများ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်ခြင်းကို ဆောင်ရွက်လျက် ရှိသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း များအား ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ရေး အရှိန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေငြာထားသည်။

Zawgyi Version:
လိုင္စင္မရွိဘဲ ႏိုင္ငံျခားေငြ ဝယ္ယူ၊ ေရာင္းခ်၊ လဲလွယ္ သူမ်ားအား ထိထိေရာက္ေရာက္အေရးယူႏိုင္ရန္ အရွိန္ျမႇင့္ေဆာင္႐ြက္မည္
Pearl (NP News) - ဇြန္ ၁၃

တရားဝင္လိုင္စင္မရွိဘဲ ႏိုင္ငံျခားေငြ ဝယ္ယူ၊ ေရာင္းခ်၊ လဲလွယ္ သူမ်ားအား ထိထိေရာက္ေရာက္အေရးယူႏိုင္ရန္ အရွိန္ျမႇင့္တင္ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ က ယမန္ေန႔ (ဇြန္လ ၁၂ရက္) က သတင္းထုတ္ျပန္ထားသည္။


ဗဟိုဘဏ္အေနျဖင့္ ႏိုင္ငံျခားေငြလဲလွယ္ႏႈန္းတည္ၿငိမ္ ေစေရးႏွင့္ေဈးကစားမႈမ်ား မရွိေစရန္ သြင္းကုန္လုပ္ငန္းရွင္မ်ား လိုအပ္ေသာ ႏိုင္ငံျခားေငြမ်ားကို Online Trading Platform ေရာင္းခ်ေပးျခင္း၊ ႏိုင္ငံျခားသို႔ ေဆးကုသျခင္း၊ ပညာေတာ္သင္ သြား ေရာင္းခ်ရားႏိုင္သြားႏိုင္ငံျခားသို႔ ေဆာက္ျခင္းမ်ားျဖင့္ ေတာ္သင္သူမ်ား အတြက္ အေသးသုံးႏိုင္ငံျခားေငြမ်ားကို ပုဂၢလိကဘဏ္မ်ား၏ ေငြလႊဲ ေကာင္တာမ်ားတြင္ ေရာင္းခ်ေပး ျခင္းတို႔ကို ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။


ထို႔ျပင္ USDT အပါအဝင္ ႏိုင္ငံျခားေငြ ကေမာက္ကမျဖစ္ေစရန္ Online ေပၚတြင္ ေဈးကစားျခင္း မမွန္ကန္ေသာ သတင္းမ်ားျဖန႔္ေဝျခင္းသည့္ လူပုဂၢိဳလ္မ်ားအား ႏိုင္ငံျခား သုံးေငြစီမံခန႔္ခြဲမႈဥပေဒ၊ ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးဥပေဒ၊ ေငြေရး ေၾကးေရး အဖြဲ႕အစည္းမ်ားဥပေဒ၊ ဆက္သြယ္ေရးဥပေဒမ်ားႏွင့္အညီ သက္ဆိုင္ရာၿမိဳ႕နယ္ တရား႐ုံးမ်ားသို႔ တရားစြဲဆို၍ အေရးယူ ျပစ္ဒဏ္ ခ်မွတ္ထားသည့္ျဖစ္စဥ္မ်ား ရွိေၾကာင္းလည္းသိရသည္။

အလားတူ USDT ႏွင့္ ႏိုင္ငံျခားေငြ ေဈးႏႈန္းမ်ား မတည္မၿငိမ္ျဖစ္ေစရန္ Facebook Page၊ Group ၊ Viber Group ႏွင့္ Application (ဥပမာ Myanmar Market Price) မ်ားမွ လႈံ႕ေဆာင္မႈ ေဆာင္႐ြက္ေနျခင္းမ်ားအား ဗဟိုဘဏ္က ေစာင့္ၾကည့္ၿပီး လႈံ႕ေဆာင္မႈ ေဆာင္႐ြက္သည့္ လူပုဂၢိဳလ္မ်ားႏွင့္ ဆက္စပ္ေန သည့္ လူပုဂၢိဳလ္မ်ားကို Pay Account ႏွင့္ Banking Account မ်ားအား ပိတ္သိမ္းျခင္း၊ ဖုန္း SIM Card မ်ားအား ပိတ္သိမ္း ျခင္း၊ တည္ဆဲဥပေဒမ်ားႏွင့္အညီ တရားစြဲဆိုအေရးယူျခင္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း သိရသည္။

ထို႔ေၾကာင့္ ဗဟိုဘဏ္မွထုတ္ေပးထားသည့္ တရားဝင္လိုင္စင္ မရွိဘဲ ႏိုင္ငံျခား ေငြေၾကးမ်ား ဝယ္ယူ၊ ေရာင္းခ်၊ လဲလွယ္ျခင္းကို ေဆာင္႐ြက္လ်က္ ရွိသည့္ လူပုဂၢိဳလ္၊ အဖြဲ႕အစည္း မ်ားအား ထိထိေရာက္ေရာက္ အေရးယူေဆာင္႐ြက္ႏိုင္ေရး အရွိန္ျမႇင့္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အသိေပးေၾကျငာထားသည္။

Related news

© 2021. All rights reserved.