မြောက်ကိုရီးယားက အသံချဲ့စက်နဲ့ထုတ်လွှင့်မှုတွေကို ရပ်ဆိုင်းခဲ့ပုံပေါ်တယ်လို့ တောင်ကိုရီးယားပြော

 87

Pika (NP News) - ဇွန် ၁၄

မြောက်ကိုရီးယားနိုင်ငံဟာ ၎င်းရဲ့နယ်စပ်မှာ အသံချဲ့စက်နဲ့ထုတ်လွှင့်မှုတွေကို ရပ်တန့်ခဲ့ပုံပေါ်တယ်လို့ တောင်ကိုရီးယားစစ်တပ် က ပြောကြားခဲ့ပါတယ်။ တောင်ကိုရီးယားအစိုးရက နယ်စပ်မှာလုပ်ဆောင်နေတဲ့ အသံချဲ့စက်နဲ့ထုတ်လွှင့်မှုတွေကို ရပ်ဆိုင်းခဲ့ပြီးနောက် တစ်ရက်အကြာမှာ မြောက်ကိုရီးယားဘက်က ရပ်ဆိုင်းမှု တွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။
မြောက်ကိုရီးယားနဲ့ဆက်ဆံရေးတွေ ပြန်လည်လုပ်ဆောင်ဖို့နဲ့တင်းမာမှုတွေကိုဖြေရှင်းဖို့အတွက် ရည်ရွယ်တဲ့ ခြေလှမ်းတစ်ခုအနေနဲ့ အသံချဲ့စက်နဲ့ထုတ်လွှင့်မှုတွေကို ရပ်ဆိုင်းဖို့ စစ်တပ်ကို တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က အမိန့်ပေးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
တောင်ကိုရီးယားစစ်တပ်က ”ဒီနေ့မှာတော့ မြောက်ကိုရီးယားဘက်က အသံချဲ့စက်နဲ့ထုတ်လွှင့်မှုတွေ လုပ်ဆောင် တာမျိုးကို မကြားရပါဘူး။ မနေ့က ည(၁၁)နာရီအထိ အသံချဲ့စက်နဲ့ထုတ်လွှင့်မှုတွေကို ကြားနေရပေမယ့်လည်း ဒီနေ့မှာတော့ ဆူညံသံတွေကို မကြားရတော့ပါဘူး” လို့ ပြောခဲ့ပါတယ်။ အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး လက်ရှိ အချိန်အထိ မြောက်ကိုရီးယားဘက်က တရားဝင်အတည်ပြုတာမျိုးတော့ မရှိသေးဘူးလို့ သိရပါတယ်။

Zawgyi Version:
ေျမာက္ကိုရီးယားက အသံခ်ဲ႕စက္နဲ႔ထုတ္လႊင့္မႈေတြကို ရပ္ဆိုင္းခဲ့ပုံေပၚတယ္လို႔ ေတာင္ကိုရီးယားေျပာ
Pika (NP News) - ဇြန္ ၁၄

ေျမာက္ကိုရီးယားႏိုင္ငံဟာ ၎ရဲ႕နယ္စပ္မွာ အသံခ်ဲ႕စက္နဲ႔ထုတ္လႊင့္မႈေတြကို ရပ္တန႔္ခဲ့ပုံေပၚတယ္လို႔ ေတာင္ကိုရီးယားစစ္တပ္ က ေျပာၾကားခဲ့ပါတယ္။ ေတာင္ကိုရီးယားအစိုးရက နယ္စပ္မွာလုပ္ေဆာင္ေနတဲ့ အသံခ်ဲ႕စက္နဲ႔ထုတ္လႊင့္မႈေတြကို ရပ္ဆိုင္းခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ ေျမာက္ကိုရီးယားဘက္က ရပ္ဆိုင္းမႈ ေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။
ေျမာက္ကိုရီးယားနဲ႔ဆက္ဆံေရးေတြ ျပန္လည္လုပ္ေဆာင္ဖို႔နဲ႔တင္းမာမႈေတြကိုေျဖရွင္းဖို႔အတြက္ ရည္႐ြယ္တဲ့ ေျခလွမ္းတစ္ခုအေနနဲ႔ အသံခ်ဲ႕စက္နဲ႔ထုတ္လႊင့္မႈေတြကို ရပ္ဆိုင္းဖို႔ စစ္တပ္ကို ေတာင္ကိုရီးယားသမၼတ လီေဂ်းေျမာင္က အမိန႔္ေပးခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ေတာင္ကိုရီးယားစစ္တပ္က ”ဒီေန႔မွာေတာ့ ေျမာက္ကိုရီးယားဘက္က အသံခ်ဲ႕စက္နဲ႔ထုတ္လႊင့္မႈေတြ လုပ္ေဆာင္ တာမ်ိဳးကို မၾကားရပါဘူး။ မေန႔က ည(၁၁)နာရီအထိ အသံခ်ဲ႕စက္နဲ႔ထုတ္လႊင့္မႈေတြကို ၾကားေနရေပမယ့္လည္း ဒီေန႔မွာေတာ့ ဆူညံသံေတြကို မၾကားရေတာ့ပါဘူး” လို႔ ေျပာခဲ့ပါတယ္။ အဲဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး လက္ရွိ အခ်ိန္အထိ ေျမာက္ကိုရီးယားဘက္က တရားဝင္အတည္ျပဳတာမ်ိဳးေတာ့ မရွိေသးဘူးလို႔ သိရပါတယ္။

Related news

© 2021. All rights reserved.