နောင်ချိုအနီး တပ်မတော်ထိုးစစ်ရောက်လာပြီးနောက် ဓနု PDF နှင့် မြေပြန့် PDF အများအပြား အလင်းဝင်ရန် ဆန္ဒရှိနေ

 1420

သန့်ဇင် (NP News) - ဇွန် ၁၅
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချိုအနီးသို့ တပ်မတော်ထိုးစစ်များရောက်လာပြီးနောက် TNLA ဘက်မှ ကူတိုက် ပေးခဲ့သော ဓနု PDF နှင့် မြေပြန့် PDF အများအပြား အလင်းဝင်ရန် ဆန္ဒရှိနေကြောင်း စစ်ရေး သတင်းရင်းမြစ် တစ်ဦးထံမှ သိရသည်။
“လူပေါင်း (၇၀) လောက်က အလင်းဝင်ချင်နေတယ်လို့ သိရတယ်။ အဲဒီတော့ အဲဒီကလေး (၇၀) က ဘယ်လိုကယ်ထုတ်နိုင်မလဲ။ အခု တပ်မတော်နဲ့ ထိပ်တိုက်တိုက်ပွဲဖြစ်မယ်ဆိုရင် ဒီကလေး (၇၀) က မလုပ်ချင်၊ လုပ်ချင်ဖြစ်နေမှာ။ အဲဒီမှာ သူတို့ကို ခံစစ်ထားခဲ့တော့ အဲဒီက ကလေးတွေက ပြေးတဲ့သူက ပြေး။ အလင်း ဝင်ချင်တဲ့သူက ဝင်ချင်ဖြစ်နေတာ။ အဲဒီမှာ ရှောက်ခြုံ၊ ရွှေမုဓောဘက်က ကျောင်းသားတွေကို သိမ်းသွင်းထား တာ။ အဲဒီဘက်က ကလေးတွေ တော်တော်များတယ်။ ကျောင်းတက်နေတဲ့ ကျောင်းသားတွေတော်တော်များတယ်” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက NP News သို့ ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းကထွက်ပေါ်လာသည့် သတင်းများအရ နောင်ချိုမြို့အနီးထိုးစစ်ဆင်လာသော တပ်မတော်စစ်ကြောင်းများကို TNLA က ဓနု PDF နှင့် အညာ PDF များကိုသာ ရှေ့တန်းခံစစ်ပြင် တိုက်ခိုက်ခိုင်းနေ ကြောင်း သိရသည်။
ဓနု PDF အဖွဲ့ခေါင်းဆောင် ဗိုလ်မီးခဲ ဆိုသူ လုပ်ကြံသတ်ဖြတ်ခံရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ရာ ယင်း ဖြစ်စဉ်သည်လည်း ခွဲထွက်ရန် ကြိုးပမ်းခြင်းနှင့် သက်ဆိုင်နိုင်ကြောင်း ၎င်းကဆိုသည်။ “ဓနု PDF က လည်း TNLA ကနေ ခွဲထွက်မယ်လုပ်တာ။ အရင်နေ့ကလည်း ဓနု PDF ခေါင်းဆောင် ဗိုလ်မီးခဲဆိုတဲ့လူ လုပ်ကြံခံလိုက်ရ တယ်လေ။ သူတို့ပြောရရင်တော့ လုပ်ကြံခံရတယ် ပြောတယ်ပေါ့လေ။ တကယ်တော့ အသတ်ခံရတာ။ အဲဒီတစ်ကျောမှာ ခွာပြဲနေပြီ။ အဲဒီမှာ ဓနုနဲ့ ဒီဘက်က PDF တွေကလည်း တွဲမတိုက် ချင်တော့တာ တွေ့ရတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် တပ်မတော်၏ထိုးစစ်ကြောင့် နောင်ချိုဒေသတွင် TNLA ဘက်မှ အထိနာကာ ပြန် လည် ဆုတ်ခွာကာ ခံစစ်ပြင်လျက်ရှိနေပြီး တပ်မတော်ဘက်ကလည်း နောင်ချိုမြို့အနီးသို့ ဆက်လက် ထိုးစစ်ဆင်ရန် ပြင်ဆင်နေလျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ေနာင္ခ်ိဳအနီး တပ္မေတာ္ထိုးစစ္ေရာက္လာၿပီးေနာက္ ဓႏု PDF ႏွင့္ ေျမျပန႔္ PDF အမ်ားအျပား အလင္းဝင္ရန္ ဆႏၵရွိေန
သန႔္ဇင္ (NP News) - ဇြန္ ၁၅
ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ ေနာင္ခ်ိဳအနီးသို႔ တပ္မေတာ္ထိုးစစ္မ်ားေရာက္လာၿပီးေနာက္ TNLA ဘက္မွ ကူတိုက္ ေပးခဲ့ေသာ ဓႏု PDF ႏွင့္ ေျမျပန႔္ PDF အမ်ားအျပား အလင္းဝင္ရန္ ဆႏၵရွိေနေၾကာင္း စစ္ေရး သတင္းရင္းျမစ္ တစ္ဦးထံမွ သိရသည္။
“လူေပါင္း (၇၀) ေလာက္က အလင္းဝင္ခ်င္ေနတယ္လို႔ သိရတယ္။ အဲဒီေတာ့ အဲဒီကေလး (၇၀) က ဘယ္လိုကယ္ထုတ္ႏိုင္မလဲ။ အခု တပ္မေတာ္နဲ႔ ထိပ္တိုက္တိုက္ပြဲျဖစ္မယ္ဆိုရင္ ဒီကေလး (၇၀) က မလုပ္ခ်င္၊ လုပ္ခ်င္ျဖစ္ေနမွာ။ အဲဒီမွာ သူတို႔ကို ခံစစ္ထားခဲ့ေတာ့ အဲဒီက ကေလးေတြက ေျပးတဲ့သူက ေျပး။ အလင္း ဝင္ခ်င္တဲ့သူက ဝင္ခ်င္ျဖစ္ေနတာ။ အဲဒီမွာ ေရွာက္ၿခဳံ၊ ေ႐ႊမုေဓာဘက္က ေက်ာင္းသားေတြကို သိမ္းသြင္းထား တာ။ အဲဒီဘက္က ကေလးေတြ ေတာ္ေတာ္မ်ားတယ္။ ေက်ာင္းတက္ေနတဲ့ ေက်ာင္းသားေတြေတာ္ေတာ္မ်ားတယ္” ဟု စစ္ေရးသတင္းရင္းျမစ္တစ္ဦးက NP News သို႔ ေျပာသည္။
ၿပီးခဲ့သည့္ရက္ပိုင္းကထြက္ေပၚလာသည့္ သတင္းမ်ားအရ ေနာင္ခ်ိဳၿမိဳ႕အနီးထိုးစစ္ဆင္လာေသာ တပ္မေတာ္စစ္ေၾကာင္းမ်ားကို TNLA က ဓႏု PDF ႏွင့္ အညာ PDF မ်ားကိုသာ ေရွ႕တန္းခံစစ္ျပင္ တိုက္ခိုက္ခိုင္းေန ေၾကာင္း သိရသည္။
ဓႏု PDF အဖြဲ႕ေခါင္းေဆာင္ ဗိုလ္မီးခဲ ဆိုသူ လုပ္ႀကံသတ္ျဖတ္ခံရသည့္ျဖစ္စဥ္ ျဖစ္ပြားခဲ့ရာ ယင္း ျဖစ္စဥ္သည္လည္း ခြဲထြက္ရန္ ႀကိဳးပမ္းျခင္းႏွင့္ သက္ဆိုင္ႏိုင္ေၾကာင္း ၎ကဆိုသည္။ “ဓႏု PDF က လည္း TNLA ကေန ခြဲထြက္မယ္လုပ္တာ။ အရင္ေန႔ကလည္း ဓႏု PDF ေခါင္းေဆာင္ ဗိုလ္မီးခဲဆိုတဲ့လူ လုပ္ႀကံခံလိုက္ရ တယ္ေလ။ သူတို႔ေျပာရရင္ေတာ့ လုပ္ႀကံခံရတယ္ ေျပာတယ္ေပါ့ေလ။ တကယ္ေတာ့ အသတ္ခံရတာ။ အဲဒီတစ္ေက်ာမွာ ခြာၿပဲေနၿပီ။ အဲဒီမွာ ဓႏုနဲ႔ ဒီဘက္က PDF ေတြကလည္း တြဲမတိုက္ ခ်င္ေတာ့တာ ေတြ႕ရတယ္” ဟု ၎က ေျပာသည္။
လက္ရွိတြင္ တပ္မေတာ္၏ထိုးစစ္ေၾကာင့္ ေနာင္ခ်ိဳေဒသတြင္ TNLA ဘက္မွ အထိနာကာ ျပန္ လည္ ဆုတ္ခြာကာ ခံစစ္ျပင္လ်က္ရွိေနၿပီး တပ္မေတာ္ဘက္ကလည္း ေနာင္ခ်ိဳၿမိဳ႕အနီးသို႔ ဆက္လက္ ထိုးစစ္ဆင္ရန္ ျပင္ဆင္ေနလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.