ရန်ကုန်ရွေးကောက်ပွဲအတွက် လုံခြုံရေး အပြည့်အဝချထားသောကြောင့် မြို့ပြပြောက်ကျားများ “လှုပ်လျှင် မြုပ်မည်” ဟုဆို

823

သုတကျော် (NP News) - ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီးတွင် ပြုလုပ်မည့်ရွေးကောက်ပွဲအတွက် လုံခြုံရေးအပြည့်အဝချထား သောကြောင့် မြို့ပြပြောက်ကျားများ လှုပ်လျှင် မြုပ်မည်ဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူ တစ်ဦး က NP News သို့ ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းတွင် PDF အချို့က ရန်ကုန်တွင် ပြုလုပ်မည့်ရွေးကောက်ပွဲနှင့် ပတ်သက်၍ အွန်လိုင်းထက်တွင် ခြိမ်းခြောက်ရေးသားမှုများ ရှိခဲ့သော်လည်း မြေပြင်တွင်မူ ရန်ကုန်ကို ဦးတည်သည် ဆိုသော လက်နက်ကိုင်အဖွဲ့များမှာ အင်အားနည်းပါးနေပြီဖြစ်ကြောင်း လုံခြုံရေးဆိုင်ရာ သတင်းရင်းမြစ် တစ်ဦးက ဆိုသည်။
“ရန်ကုန် တပ်ရင်း (၁) ဆိုတဲ့ PDF အဖွဲ့ ဆိုရင် ပထမတုန်းက လူ (၆၀) ကျော်၊ (၇၀) လောက် ရှိ တာ။ အရင် အဲဒီတပ်ရင်းမှာဆို (၁၇) ယောက် လောက်ပဲကျန်တော့တယ်လို့ ပြောတယ်။ ရန်ကုန်တပ် ရင်းဆို သူတို့ရှိနေတာလေ။ တိုက်ကြီးဘက်က တပ်ရင်းဆို ကုန်သလောက် ဖြစ်သွားပြီ ဘာမှမကျန် တော့ဘူး။ လူလေး နည်းနည်းလေးနဲ့ ဖြိုးတိုးဖြောက်တောက် လောက်ပဲ ကျန်တော့တယ်”ဟု ၎င်းက ဆိုသည်။
ထို့ပြင် ရန်ကုန်တွင် ယခင်က မြို့ပြ ပြောက်ကျားဟုဆိုကာ ပစ်ခတ်မှုများဆောင်ရွက်ခဲ့သော အဖွဲ့များတွင်လည်း အချို့အဖွဲ့များကို ဖမ်းဆီး ထားပြီ ဖြစ်သကဲ့သို့ ကျန်အဖွဲ့များမှာ ခေါင်းထောင်နိုင် ခြင်း မရှိပေ။
သို့သော် အွန်လိုင်းထက်တွင် ယခုနောက်ပိုင်းကာလများ၌ မည်သည့်နေရာကို ဗုံးပစ်တိုက်ခိုက် သည်၊ မည်သည့် ရဲစခန်းကိုပစ်ခတ်သည်စသည်ဖြင့် ဝါဒဖြန့်ခြင်းများရှိနေသော်လည်း NP News က မေး မြန်းမှုများ ပြုလုပ်ခဲ့ရာ အဆိုပါဖြစ်စဉ်များအနက် အများစုမှာ မဖြစ်ခဲ့ကြောင်း မြေပြင် သတင်းရင်းမြစ် များထံမှ သိရသည်။
“ကျွန်တော်ပြောမယ် အဲဒီကောင်တွေ လှုပ်တာနဲ့ မြုပ်မှာလေ။ ဒီကောင်တွေက အရင်တည်းက ရန်ကုန်မြို့ကို မလုပ်နိုင်တာ အခုမှထလုပ်ရင်တော့ ပြီးသွားမှာပေါ့။ မန္တလေးမြို့ကျတော့မယ်၊ ရန်ကုန်ကို ဝင်တိုက်တော့မယ်၊ နေပြည်တော်ကို ဝင်တိုက်တော့မယ်နဲ့ ဟုတ်တယ်မဟုတ်လား တိုက်နေတာလေ။ အခု မန္တလေးမြို့လည်း ဘာမှမဖြစ် တော့ဘူး။ ရန်ကုန်လည်း ဘာမှမဖြစ်ပါဘူး။ ဖြစ်တာလည်း လိုက် ထိန်းလိုက်တာ နည်းတာမှ မဟုတ်တာ။ အဲဒီကောင်တွေ မရှိတည်းက၊ အကုန်ငြိမ်းသွားတည်းက ဖြစ် သွားတာ။ အကုန်လုံးက လုံခြုံရေးကို ဂရုစိုက်နေတာ”ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆို သည်။
ရွေးကောက်ပွဲကိုဖျက်မည်ဆိုသော အစီစဉ်ကို မူလကပင် လက်နက်ကိုင်များဘက်က ချထား ပြီး သားဖြစ်ကာ ရွေးကောက်ပွဲအပြီး လွှတ်တော်ပေါ်ပေါက်လာပါက NUG. CRPH စသည်တို့အတွက် အခြေအနေမကောင်းကြောင်းကို ၎င်းတို့ဘာသာ သိထားပြီး ဖြစ်ကြောင်းလည်း အဆိုပါ သတင်းရင်းမြစ် က ဆိုသည်။
“လုံခြုံရေးကတော့ အကုန် အစီအမံနဲ့လုပ်ထားတာဆိုတော့ ဘယ်မှာမှ ကျိုးပေါက်စရာ မရှိဘူး” ဟု ၎င်းကဆိုသည်။

Zawgyi Version:
ရန္ကုန္ေ႐ြးေကာက္ပြဲအတြက္ လုံၿခဳံေရး အျပည့္အဝခ်ထားေသာေၾကာင့္ ၿမိဳ႕ျပေျပာက္က်ားမ်ား “လႈပ္လွ်င္ ျမဳပ္မည္” ဟုဆို
သုတေက်ာ္ (NP News) - ဒီဇင္ဘာ ၁၆
ရန္ကုန္တိုင္းေဒသႀကီးတြင္ ျပဳလုပ္မည့္ေ႐ြးေကာက္ပြဲအတြက္ လုံၿခဳံေရးအျပည့္အဝခ်ထား ေသာေၾကာင့္ ၿမိဳ႕ျပေျပာက္က်ားမ်ား လႈပ္လွ်င္ ျမဳပ္မည္ျဖစ္ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူ တစ္ဦး က NP News သို႔ ေျပာသည္။
ၿပီးခဲ့သည့္ ရက္ပိုင္းတြင္ PDF အခ်ိဳ႕က ရန္ကုန္တြင္ ျပဳလုပ္မည့္ေ႐ြးေကာက္ပြဲႏွင့္ ပတ္သက္၍ အြန္လိုင္းထက္တြင္ ၿခိမ္းေျခာက္ေရးသားမႈမ်ား ရွိခဲ့ေသာ္လည္း ေျမျပင္တြင္မူ ရန္ကုန္ကို ဦးတည္သည္ ဆိုေသာ လက္နက္ကိုင္အဖြဲ႕မ်ားမွာ အင္အားနည္းပါးေနၿပီျဖစ္ေၾကာင္း လုံၿခဳံေရးဆိုင္ရာ သတင္းရင္းျမစ္ တစ္ဦးက ဆိုသည္။
“ရန္ကုန္ တပ္ရင္း (၁) ဆိုတဲ့ PDF အဖြဲ႕ ဆိုရင္ ပထမတုန္းက လူ (၆၀) ေက်ာ္၊ (၇၀) ေလာက္ ရွိ တာ။ အရင္ အဲဒီတပ္ရင္းမွာဆို (၁၇) ေယာက္ ေလာက္ပဲက်န္ေတာ့တယ္လို႔ ေျပာတယ္။ ရန္ကုန္တပ္ ရင္းဆို သူတို႔ရွိေနတာေလ။ တိုက္ႀကီးဘက္က တပ္ရင္းဆို ကုန္သေလာက္ ျဖစ္သြားၿပီ ဘာမွမက်န္ ေတာ့ဘူး။ လူေလး နည္းနည္းေလးနဲ႔ ၿဖိဳးတိုးေျဖာက္ေတာက္ ေလာက္ပဲ က်န္ေတာ့တယ္”ဟု ၎က ဆိုသည္။
ထို႔ျပင္ ရန္ကုန္တြင္ ယခင္က ၿမိဳ႕ျပ ေျပာက္က်ားဟုဆိုကာ ပစ္ခတ္မႈမ်ားေဆာင္႐ြက္ခဲ့ေသာ အဖြဲ႕မ်ားတြင္လည္း အခ်ိဳ႕အဖြဲ႕မ်ားကို ဖမ္းဆီး ထားၿပီ ျဖစ္သကဲ့သို႔ က်န္အဖြဲ႕မ်ားမွာ ေခါင္းေထာင္ႏိုင္ ျခင္း မရွိေပ။
သို႔ေသာ္ အြန္လိုင္းထက္တြင္ ယခုေနာက္ပိုင္းကာလမ်ား၌ မည္သည့္ေနရာကို ဗုံးပစ္တိုက္ခိုက္ သည္၊ မည္သည့္ ရဲစခန္းကိုပစ္ခတ္သည္စသည္ျဖင့္ ဝါဒျဖန႔္ျခင္းမ်ားရွိေနေသာ္လည္း NP News က ေမး ျမန္းမႈမ်ား ျပဳလုပ္ခဲ့ရာ အဆိုပါျဖစ္စဥ္မ်ားအနက္ အမ်ားစုမွာ မျဖစ္ခဲ့ေၾကာင္း ေျမျပင္ သတင္းရင္းျမစ္ မ်ားထံမွ သိရသည္။
“ကြၽန္ေတာ္ေျပာမယ္ အဲဒီေကာင္ေတြ လႈပ္တာနဲ႔ ျမဳပ္မွာေလ။ ဒီေကာင္ေတြက အရင္တည္းက ရန္ကုန္ၿမိဳ႕ကို မလုပ္ႏိုင္တာ အခုမွထလုပ္ရင္ေတာ့ ၿပီးသြားမွာေပါ့။ မႏၲေလးၿမိဳ႕က်ေတာ့မယ္၊ ရန္ကုန္ကို ဝင္တိုက္ေတာ့မယ္၊ ေနျပည္ေတာ္ကို ဝင္တိုက္ေတာ့မယ္နဲ႔ ဟုတ္တယ္မဟုတ္လား တိုက္ေနတာေလ။ အခု မႏၲေလးၿမိဳ႕လည္း ဘာမွမျဖစ္ ေတာ့ဘူး။ ရန္ကုန္လည္း ဘာမွမျဖစ္ပါဘူး။ ျဖစ္တာလည္း လိုက္ ထိန္းလိုက္တာ နည္းတာမွ မဟုတ္တာ။ အဲဒီေကာင္ေတြ မရွိတည္းက၊ အကုန္ၿငိမ္းသြားတည္းက ျဖစ္ သြားတာ။ အကုန္လုံးက လုံၿခဳံေရးကို ဂ႐ုစိုက္ေနတာ”ဟု လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦးက ဆို သည္။
ေ႐ြးေကာက္ပြဲကိုဖ်က္မည္ဆိုေသာ အစီစဥ္ကို မူလကပင္ လက္နက္ကိုင္မ်ားဘက္က ခ်ထား ၿပီး သားျဖစ္ကာ ေ႐ြးေကာက္ပြဲအၿပီး လႊတ္ေတာ္ေပၚေပါက္လာပါက NUG. CRPH စသည္တို႔အတြက္ အေျခအေနမေကာင္းေၾကာင္းကို ၎တို႔ဘာသာ သိထားၿပီး ျဖစ္ေၾကာင္းလည္း အဆိုပါ သတင္းရင္းျမစ္ က ဆိုသည္။
“လုံၿခဳံေရးကေတာ့ အကုန္ အစီအမံနဲ႔လုပ္ထားတာဆိုေတာ့ ဘယ္မွာမွ က်ိဳးေပါက္စရာ မရွိဘူး” ဟု ၎ကဆိုသည္။