လာမယ့် ဇွန်လ ၁၃ ရက်မှာ လက်ထပ်တော့မယ့် တေလာဆွစ်ဖ်နဲ့ ထရာဗစ်ကလေ့စ်

 463

ရောင်နီ (NP News) - ဒီဇင်ဘာ ၁၂

အမေရိကန်ပေါ့ပ်စတား တေလာဆွစ်ဖ် နဲ့ ချစ်သူ အမေရိကန် ဘောလုံးသမား ထရာဗစ်ကလေ့ တို့ စုံတွဲဟာ ၂၀၂၆ ခုနှစ် ဇွန်လ ၁၃ ရက်မှာ လက်ထပ်ဖို့ စီစဉ်ထားကြတယ်လို့ နိုင်ငံတကာမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါ တယ်။
New York Post ရဲ့ Page Six သတင်းစာမှ ဒီဇင်ဘာ ၄ ရက်နေ့က ဖော်ပြချက်အရ စုံတွဲဟာ Rhode Island၊ Watch Hill ရှိ ဇိမ်ခံကမ်းရိုးတန်းနေရာ Ocean House မှာမင်္ဂလာပွဲကျင်းပဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ မင်္ဂလာပွဲနေ့ကို ၁၃ ဂဏန်းရွေးထားခြင်းဟာလည်း တေလာဆွစ်ဖ်အတွက် သူမရဲ့မွေးနေ့နဲ့ ဂီတလမ်းကြောင်းပေါ် မှာ အမှတ်တရများစွာ ရှိတဲ့နေ့ ဖြစ်တာကြောင့် ရွေးချယ်ထားခြင်းဖြစ်မယ်လို့ ဆိုပါတယ်။ အခြားသတင်းတွေအရ ဆွစ်ဖ်ဟာ ကလေးယူဖို့ အလျင်လိုနေတာကြောင့်လည်း လာမယ့်နွေရာသီမှာ လက်ထပ်ဖို့ရည်ရွယ်ထားတာ ဖြစ်တယ်လို့ ပြောနေကြပါတယ်။ ဆွစ်ဖ် (အသက် ၃၅ နှစ်) နဲ့ ကလေ့စ် (အသက် ၃၆ နှစ်) ဟာ ၂ဝ၂၃ ခုနှစ်လယ်ပိုင်းက စတင် ချိန်းတွေ့ခဲ့ကြတာဖြစ်ပြီး ၂၀၂၅ ခုနှစ် သြဂုတ်လမှာ စေ့စပ်ခဲ့ကြတာဖြစ်ပါတယ်။

Zawgyi Version:
လာမယ့္ ဇြန္လ ၁၃ ရက္မွာ လက္ထပ္ေတာ့မယ့္ ေတလာဆြစ္ဖ္နဲ႔ ထရာဗစ္ကေလ့စ္
ေရာင္နီ (NP News) - ဒီဇင္ဘာ ၁၂
အေမရိကန္ေပါ့ပ္စတား ေတလာဆြစ္ဖ္ နဲ႔ ခ်စ္သူ အေမရိကန္ ေဘာလုံးသမား ထရာဗစ္ကေလ့ တို႔ စုံတြဲဟာ ၂၀၂၆ ခုႏွစ္ ဇြန္လ ၁၃ ရက္မွာ လက္ထပ္ဖို႔ စီစဥ္ထားၾကတယ္လို႔ ႏိုင္ငံတကာမီဒီယာေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါ တယ္။
New York Post ရဲ႕ Page Six သတင္းစာမွ ဒီဇင္ဘာ ၄ ရက္ေန႔က ေဖာ္ျပခ်က္အရ စုံတြဲဟာ Rhode Island၊ Watch Hill ရွိ ဇိမ္ခံကမ္း႐ိုးတန္းေနရာ Ocean House မွာမဂၤလာပြဲက်င္းပဖို႔ စီစဥ္ထားတယ္လို႔ ဆိုပါတယ္။ မဂၤလာပြဲေန႔ကို ၁၃ ဂဏန္းေ႐ြးထားျခင္းဟာလည္း ေတလာဆြစ္ဖ္အတြက္ သူမရဲ႕ေမြးေန႔နဲ႔ ဂီတလမ္းေၾကာင္းေပၚ မွာ အမွတ္တရမ်ားစြာ ရွိတဲ့ေန႔ ျဖစ္တာေၾကာင့္ ေ႐ြးခ်ယ္ထားျခင္းျဖစ္မယ္လို႔ ဆိုပါတယ္။ အျခားသတင္းေတြအရ ဆြစ္ဖ္ဟာ ကေလးယူဖို႔ အလ်င္လိုေနတာေၾကာင့္လည္း လာမယ့္ေႏြရာသီမွာ လက္ထပ္ဖို႔ရည္႐ြယ္ထားတာ ျဖစ္တယ္လို႔ ေျပာေနၾကပါတယ္။ ဆြစ္ဖ္ (အသက္ ၃၅ ႏွစ္) နဲ႔ ကေလ့စ္ (အသက္ ၃၆ ႏွစ္) ဟာ ၂ဝ၂၃ ခုႏွစ္လယ္ပိုင္းက စတင္ ခ်ိန္းေတြ႕ခဲ့ၾကတာျဖစ္ၿပီး ၂၀၂၅ ခုႏွစ္ ၾသဂုတ္လမွာ ေစ့စပ္ခဲ့ၾကတာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.