ခေါ်ယူစစ်ဆေးရန်အတွက် စောင့်ကြည့်နေသည့် ရွှေဆိုင်များရှိနေဟုဆို

413

Pearl (NP News) - ဇွန် ၁၅
ခေါ်ယူစစ်ဆေးရန်အတွက် စောင့်ကြည့်နေသည့်ရွှေဆိုင်များရှိနေကြောင်း ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။
ယမန်နေ့ (ဇွန်လ ၁၄ရက်) တွင် ကျင်းပသော ရွှေစျေးနှုန်း၊ ရွှေစျေးကွက်တည်ငြိမ်စေရေးနှင့် မေလ၊ လပတ်ငွေစာရင်းရှင်းလင်းအတည်ပြုခြင်း အစည်းအဝေး၌ ဦးမျိုးမြင့်က အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းစျေးနှုန်းများကွာဟနေမှုနှင့် ပတ်သက်၍ ရွှေလုပ်ငန်းလုပ်ကိုင် သူများကို ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
“အဓိကကတော့ လေပက်ကားကြောင့်ရွှေလောကက နာမည်ပျက်နေတာပါ။ အဲဒီလိုပဲ ခေါ်ယူစစ်ဆေးနေတာရှိပါတယ်။ လက်ရှိလည်းခေါ်ယူစစ်ဆေးတာရှိပါတယ်။ ကျန်တဲ့လူကိုလည်းစောင့်ကြည့်နေတဲ့အခြေအနေရှိပါတယ်။ တရားရုံးရောက်ရင် သက်သေခိုင် လုံတဲ့ အထောက်အထားတစ်ခုရရှိအောင် စောင့်ကြည့်နေတဲ့အနေအထားတွေရှိပါတယ်” ဟု ဦးမျိုးမြင့်က ပြောသည်။
Online မှ ရွှေရောင်းဝယ်သူများ ၊ ငွေစုစာအုပ်ဖြင့်ရွှေရောင်းခြင်း၊ တာလီ စနစ်ဖြင့် ရွှေရောင်းခြင်းနှင့် ကံစမ်းမဲ ဖောက်ပြီးရွှေရောင်းခြင်းများ မပြုလုပ်ကြရန် နှင့် ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် ရွှေဆိုင်များ အနေဖြင့် နေ့စဉ်ရွှေဆိုင်အားဖွင့် လှစ်ခြင်း၊ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချခြင်းနှင့် လိုအပ်သည့် လိုင်စင် များလည်း လျှောက်ထားရန် အသိပေး ထုတ်ပြန်ထားသည်။
သက်ဆိုင်ရာဌာနများမှ လာရောက် စစ်ဆေး သည့်အခါတွင်လည်း ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း YGEA က အသိပေးထားသည်။

Zawgyi Version:
ေခၚယူစစ္ေဆးရန္အတြက္ ေစာင့္ၾကည့္ေနသည့္ ေ႐ႊဆိုင္မ်ားရွိေနဟုဆို
Pearl (NP News) - ဇြန္ ၁၅
ေခၚယူစစ္ေဆးရန္အတြက္ ေစာင့္ၾကည့္ေနသည့္ေ႐ႊဆိုင္မ်ားရွိေနေၾကာင္း ေ႐ႊလုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ ဦးမ်ိဳးျမင့္က ေျပာသည္။
ယမန္ေန႔ (ဇြန္လ ၁၄ရက္) တြင္ က်င္းပေသာ ေ႐ႊေစ်းႏႈန္း၊ ေ႐ႊေစ်းကြက္တည္ၿငိမ္ေစေရးႏွင့္ ေမလ၊ လပတ္ေငြစာရင္းရွင္းလင္းအတည္ျပဳျခင္း အစည္းအေဝး၌ ဦးမ်ိဳးျမင့္က အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
လက္ရွိတြင္ သက္ဆိုင္ရာ တာဝန္ရွိသူမ်ားအေနျဖင့္ ဓာတ္သတၱဳ(ေ႐ႊ) ရည္ၫႊန္းေစ်းႏႈန္းမ်ားကြာဟေနမႈႏွင့္ ပတ္သက္၍ ေ႐ႊလုပ္ငန္းလုပ္ကိုင္ သူမ်ားကို ေခၚယူစစ္ေဆးမႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။
“အဓိကကေတာ့ ေလပက္ကားေၾကာင့္ေ႐ႊေလာကက နာမည္ပ်က္ေနတာပါ။ အဲဒီလိုပဲ ေခၚယူစစ္ေဆးေနတာရွိပါတယ္။ လက္ရွိလည္းေခၚယူစစ္ေဆးတာရွိပါတယ္။ က်န္တဲ့လူကိုလည္းေစာင့္ၾကည့္ေနတဲ့အေျခအေနရွိပါတယ္။ တရား႐ုံးေရာက္ရင္ သက္ေသခိုင္ လုံတဲ့ အေထာက္အထားတစ္ခုရရွိေအာင္ ေစာင့္ၾကည့္ေနတဲ့အေနအထားေတြရွိပါတယ္” ဟု ဦးမ်ိဳးျမင့္က ေျပာသည္။
Online မွ ေ႐ႊေရာင္းဝယ္သူမ်ား ၊ ေငြစုစာအုပ္ျဖင့္ေ႐ႊေရာင္းျခင္း၊ တာလီ စနစ္ျဖင့္ ေ႐ႊေရာင္းျခင္းႏွင့္ ကံစမ္းမဲ ေဖာက္ၿပီးေ႐ႊေရာင္းျခင္းမ်ား မျပဳလုပ္ၾကရန္ ႏွင့္ ေ႐ႊေဈးႏႈန္းတည္ၿငိမ္ေရးအတြက္ ေ႐ႊဆိုင္မ်ား အေနျဖင့္ ေန႔စဥ္ေ႐ႊဆိုင္အားဖြင့္ လွစ္ျခင္း၊ သတ္မွတ္ေဈးႏႈန္းျဖင့္ ေရာင္းခ်ျခင္းႏွင့္ လိုအပ္သည့္ လိုင္စင္ မ်ားလည္း ေလွ်ာက္ထားရန္ အသိေပး ထုတ္ျပန္ထားသည္။
သက္ဆိုင္ရာဌာနမ်ားမွ လာေရာက္ စစ္ေဆး သည့္အခါတြင္လည္း ၫႊန္ၾကားခ်က္မ်ားကို လိုက္နာျခင္းမရွိပါက ထိေရာက္စြာ အေရးယူေဆာင္႐ြက္မည္ ျဖစ္ေၾကာင္း YGEA က အသိေပးထားသည္။