တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက အစ္စရေးနဲ့ အီရန်နိုင်ငံတို့ထံ သီးခြားဖုန်းခေါ်ဆိုခဲ့

 522

ဂျန်ဇက် (NP News) - ဇွန် ၁၆

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိဟာ အစ္စရေးနဲ့ အီရန်နိုင်ငံတို့ထံ သီးခြားဖုန်းခေါ်ဆိုခဲ့ပြီး တင်းမာမှုများ တိုးမြင့်လာခြင်းကို စိုးရိမ်မိကြောင်း၊ နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ပြန်လည်လုပ်ဆောင်ရန် တိုက်တွန်း တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးနဲ့ဆွေးနွေးရာမှာ ဝမ်ယိ က အီရန်အပေါ် အစ္စရေးရဲ့မကြာသေးမီက တိုက်ခိုက်မှုများကို ရှုတ်ချခဲ့ပြီး ၎င်းတို့သည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်း ဖြစ်တယ်လို့ ပြောဆိုခဲ့သလိုအင်အားဟာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ယူဆောင်လာနိုင်မှာ မဟုတ် ကြောင်း” သတိပေး ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ အီရန်နိုင်ငံခြားရေးဝန်ကြီးနဲ့လည်း သီးခြား ဖုန်းဆက်ဆွေးနွေးခဲ့ရာ အီရန်ရဲ့အချုပ်အခြာအာဏာကို ချိုးဖောက်ခံရမှုကို ဆန့်ကျင်ကြောင်း ပြောဆိုခဲ့သလို အီရန်နိုင်ငံရဲ့ တရားဝင် အခွင့်အရေးတွေကို ကာကွယ်ဖို့ ကြိုးပမ်းမှုတွေကို ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးကအမေရိကန်နိုင်ငံအနေနဲ့ အီရန်နိုင်ငံကိုတိုက်ခိုက်ခဲ့တဲ့ အစ္စရေးရဲ့လုပ်ရပ်တွေကို ပြစ်တင်ရှုတ်ချဖို့ ဇွန်လ ၁၅ ရက်က တိုက်တွန်းတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ အီရန်နိုင်ငံရဲ့ နျူကလီးယား အဆောက်အဦးများကို တိုက်ခိုက်ခဲ့တဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုတွေမှာ အမေရိကန်နိုင်ငံက မိတ်ဖက်အဖြစ် ပါဝင်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေအတွက် အမေရိကန် ပြန်လည်တာဝန်ယူရမယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးက “အမေရိကန်ဟာ ကျွန်တော်တို့ အီရန်နိုင်ငံကို တိုက်ခိုက်ခဲ့တဲ့အစ္စရေးရဲ့ တိုက်ခိုက်မှု မှာ ပါဝင်မှုမရှိဘူးလို့ ပြောဆိုသံတွေ ကြားရတယ်။ ဒါပေမယ့် ကျွန်တော်တို့ မယုံကြည်ဘူး” လို့ ပြောပါတယ်။
အစ္စရေး ကာကွယ်ရေးဝန်ကြီးက အီရန်နိုင်ငံဟာ အစ္စရေးနိုင်ငံအတွင်းကို ဒုံးကျည်များနဲ့ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် အီရန်နိုင်ငံ လောင်ကျွမ်းမှုများ ဖြစ်လာဖွယ်ရှိတယ်လို့ သတိပေးပြောဆို လိုက်ပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီးက အီရန်ကို တိုက်ခိုက်ခဲ့တဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုမှာ အမေရိကန်နိုင်ငံ ပါဝင်မှုမရှိဘဲ ဖြစ်လာမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
အစ္စရေးစစ်တပ်က အီရန်ပြည်သူများအနေနဲ့ အီရန်နိုင်ငံရှိ စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အဦးများ အနီးကနေ အမြန်ဆုံးထွက်ခွာဖို့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ အစ္စရေးစစ်တပ်က “အီရန်နိုင်ငံရဲ့စစ်ဘက် အဆောက်အဦးအနားမှာ နေထိုင်သူများအားလုံး ချက်ချင်း အဲဒီနေရာတွေကနေ အမြန်ဆုံးထွက်ခွာကြပါ၊ နောက်ထပ် သတိပေးချက် မထုတ်မပြန်မချင်းပြန်မလာနဲ့လို့ ပြောချင်တယ်။ အီရန်ပြည်သူတွေအနေနဲ့ အဲဒီ စစ်ဘက်ဆိုင်ရာအဆောက်အဦးများနားမှာ နေထိုင်မယ်ဆိုရင် အသက်အန္တရယ်များပါတယ်’’ လို့ သတိပေး ထားပါတယ်။
အီရန်အစိုးရက အစ္စရေးစစ်တပ်ဟာ အီရန်နိုင်ငံတောင်ပိုင်းရှိ ကမ္ဘာအကြီးဆုံး ဓါတ်ငွေ့စက်ရုံနဲ့ ရှာရမ် ရေနံချက် စက်ရုံနေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။အစ္စရေး နိုင်ငံကို ဇွန် ၁၅ ရက်က တိုက်ခိုက်ခဲ့တဲ့ အီရန်ရဲ့တိုက်ခိုက်မှုများကြောင့် အစ္စရေးနိုင်ငံအတွင်း အနည်းဆုံးလူပေါင်း ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ အီရန် နဲ့ အစ္စရေးနိုင်ငံကြား ဖြစ်ပွားခဲ့တဲ့အပြန်အလှန်တိုက်ခိုက်မှုများကြောင့် ဇွန် ၁၅ ရက်အထိ နှစ်နိုင်ငံစလုံးမှာ သေဆုံးသူဦးရေ ၇၈ ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။
ဇွန်လ ၁၃ ရက်က စတင်ပြီး အစ္စရေးနဲ့ အီရန်နိုင်ငံကြားဖြစ်ပွားနေတဲ့ အပြန်အလှန်တိုက်ခိုက်မှုတွေဟာ သံတမန်ရေးအရ အောင်မြင်မှုမရနိုင်ကြောင်း၊ အီရန်နိုင်ငံအခြေစိုက်သုတေသီတစ်ဦးက ပြောပါတယ်။ အီရန်နိုင်ငံဟာ နျူကလီးယားလက်နက်များ ပိုင်ဆိုင်ဖို့ ကြိုးပမ်းနေချိန်မှာ အစ္စရေးက ကြိုတင်သတိပေးခြင်းမရှိဘဲ ဇွန် ၁၃ ရက်မှာ အီရန်နိုင်ငံရဲ့နျူကလီးယားအဆောက်အဦးများနဲ့ စစ်ဘက်ဆိုင်ရာအဆောက်အဦးများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ နှစ်နိုင်ငံကြား စစ်ရေးတင်းမာမှုအမြင့်ဆုံးကို ရောက်ရှိလာခဲ့ပါတယ်။
အစ္စရေးစစ်တပ်က အီရန်ရဲ့ “နေရာများကို တိုက်ခိုက်ပြီး အီရန်စစ်တပ်ရဲ့မြွေ အရေခွံကို ဖယ်ရှားကာ အီရန်နိုင်ငံရှိ နေရာတိုင်းက နျူကလီးယားစွမ်းရည်နဲ့လက်နက်စနစ်များကို ဖယ်ရှားပစ်မယ်လို့ ပြောပါတယ်။ အီရန်အာဏာရှင် က အီရန်နိုင်ငံကို လက်ဘနွန်နိုင်ငံလိုမျိုးဖြစ်အောင် တွန်းပို့နေသလို အိရန်ပြည်သူတွေကို ဓားစာခံအဖြစ် ပြောင်းလဲပေးနေပါတယ်” လို့ ပြောဆိုပြီး အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီကို ရည်ညွှန်းပြီး အစ္စရေးကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဝမ္ယိက အစၥေရးနဲ႔ အီရန္ႏိုင္ငံတို႔ထံ သီးျခားဖုန္းေခၚဆိုခဲ့
ဂ်န္ဇက္ (NP News) - ဇြန္ ၁၆
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဝမ္ယိဟာ အစၥေရးနဲ႔ အီရန္ႏိုင္ငံတို႔ထံ သီးျခားဖုန္းေခၚဆိုခဲ့ၿပီး တင္းမာမႈမ်ား တိုးျမင့္လာျခင္းကို စိုးရိမ္မိေၾကာင္း၊ ႏွစ္ႏိုင္ငံၾကား သံတမန္ဆက္ဆံေရး ျပန္လည္လုပ္ေဆာင္ရန္ တိုက္တြန္း ေတာင္းဆိုလိုက္တယ္လို႔ သိရပါတယ္။ အစၥေရးႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ေဆြးေႏြးရာမွာ ဝမ္ယိ က အီရန္အေပၚ အစၥေရးရဲ႕မၾကာေသးမီက တိုက္ခိုက္မႈမ်ားကို ရႈတ္ခ်ခဲ့ၿပီး ၎တို႔သည္ ႏိုင္ငံတကာဥပေဒကို ခ်ိဳးေဖာက္ျခင္း ျဖစ္တယ္လို႔ ေျပာဆိုခဲ့သလိုအင္အားဟာ ေရရွည္တည္တံ့ခိုင္ၿမဲတဲ့ ၿငိမ္းခ်မ္းေရးကို ယူေဆာင္လာႏိုင္မွာ မဟုတ္ ေၾကာင္း” သတိေပး ေျပာဆိုခဲ့ပါတယ္။
ဒါ့အျပင္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိဟာ အီရန္ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔လည္း သီးျခား ဖုန္းဆက္ေဆြးေႏြးခဲ့ရာ အီရန္ရဲ႕အခ်ဳပ္အျခာအာဏာကို ခ်ိဳးေဖာက္ခံရမႈကို ဆန႔္က်င္ေၾကာင္း ေျပာဆိုခဲ့သလို အီရန္ႏိုင္ငံရဲ႕ တရားဝင္ အခြင့္အေရးေတြကို ကာကြယ္ဖို႔ ႀကိဳးပမ္းမႈေတြကို ေထာက္ခံေၾကာင္း ေျပာၾကားခဲ့ပါတယ္။
အီရန္ႏိုင္ငံျခားေရးဝန္ႀကီးကအေမရိကန္ႏိုင္ငံအေနနဲ႔ အီရန္ႏိုင္ငံကိုတိုက္ခိုက္ခဲ့တဲ့ အစၥေရးရဲ႕လုပ္ရပ္ေတြကို ျပစ္တင္ရႈတ္ခ်ဖို႔ ဇြန္လ ၁၅ ရက္က တိုက္တြန္းေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။ အီရန္ႏိုင္ငံရဲ႕ န်ဴကလီးယား အေဆာက္အဦးမ်ားကို တိုက္ခိုက္ခဲ့တဲ့ အစၥေရးရဲ႕တိုက္ခိုက္မႈေတြမွာ အေမရိကန္ႏိုင္ငံက မိတ္ဖက္အျဖစ္ ပါဝင္ခဲ့ၿပီး အဲဒီတိုက္ခိုက္မႈေတြအတြက္ အေမရိကန္ ျပန္လည္တာဝန္ယူရမယ္လို႔ အီရန္ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။
အီရန္ႏိုင္ငံျခားေရးဝန္ႀကီးက “အေမရိကန္ဟာ ကြၽန္ေတာ္တို႔ အီရန္ႏိုင္ငံကို တိုက္ခိုက္ခဲ့တဲ့အစၥေရးရဲ႕ တိုက္ခိုက္မႈ မွာ ပါဝင္မႈမရွိဘူးလို႔ ေျပာဆိုသံေတြ ၾကားရတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ မယုံၾကည္ဘူး” လို႔ ေျပာပါတယ္။
အစၥေရး ကာကြယ္ေရးဝန္ႀကီးက အီရန္ႏိုင္ငံဟာ အစၥေရးႏိုင္ငံအတြင္းကို ဒုံးက်ည္မ်ားနဲ႔ပစ္ခတ္တိုက္ခိုက္မႈမ်ား ဆက္လက္လုပ္ေဆာင္ေနမယ္ဆိုရင္ အီရန္ႏိုင္ငံ ေလာင္ကြၽမ္းမႈမ်ား ျဖစ္လာဖြယ္ရွိတယ္လို႔ သတိေပးေျပာဆို လိုက္ပါတယ္။ အီရန္ႏိုင္ငံျခားေရးဝန္ႀကီးက အီရန္ကို တိုက္ခိုက္ခဲ့တဲ့ အစၥေရးရဲ႕တိုက္ခိုက္မႈမွာ အေမရိကန္ႏိုင္ငံ ပါဝင္မႈမရွိဘဲ ျဖစ္လာမွာမဟုတ္ဘူးလို႔ ဆိုပါတယ္။
အစၥေရးစစ္တပ္က အီရန္ျပည္သူမ်ားအေနနဲ႔ အီရန္ႏိုင္ငံရွိ စစ္ဘက္ဆိုင္ရာအေျခခံအေဆာက္အဦးမ်ား အနီးကေန အျမန္ဆုံးထြက္ခြာဖို႔ တိုက္တြန္းေတာင္းဆိုလိုက္ပါတယ္။ အစၥေရးစစ္တပ္က “အီရန္ႏိုင္ငံရဲ႕စစ္ဘက္ အေဆာက္အဦးအနားမွာ ေနထိုင္သူမ်ားအားလုံး ခ်က္ခ်င္း အဲဒီေနရာေတြကေန အျမန္ဆုံးထြက္ခြာၾကပါ၊ ေနာက္ထပ္ သတိေပးခ်က္ မထုတ္မျပန္မခ်င္းျပန္မလာနဲ႔လို႔ ေျပာခ်င္တယ္။ အီရန္ျပည္သူေတြအေနနဲ႔ အဲဒီ စစ္ဘက္ဆိုင္ရာအေဆာက္အဦးမ်ားနားမွာ ေနထိုင္မယ္ဆိုရင္ အသက္အႏၲရယ္မ်ားပါတယ္’’ လို႔ သတိေပး ထားပါတယ္။
အီရန္အစိုးရက အစၥေရးစစ္တပ္ဟာ အီရန္ႏိုင္ငံေတာင္ပိုင္းရွိ ကမာၻအႀကီးဆုံး ဓါတ္ေငြ႕စက္႐ုံနဲ႔ ရွာရမ္ ေရနံခ်က္ စက္႐ုံေနရာေတြကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့တယ္လို႔ ေျပာပါတယ္။အစၥေရး ႏိုင္ငံကို ဇြန္ ၁၅ ရက္က တိုက္ခိုက္ခဲ့တဲ့ အီရန္ရဲ႕တိုက္ခိုက္မႈမ်ားေၾကာင့္ အစၥေရးႏိုင္ငံအတြင္း အနည္းဆုံးလူေပါင္း ၁၀ ဦး ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။ အီရန္ နဲ႔ အစၥေရးႏိုင္ငံၾကား ျဖစ္ပြားခဲ့တဲ့အျပန္အလွန္တိုက္ခိုက္မႈမ်ားေၾကာင့္ ဇြန္ ၁၅ ရက္အထိ ႏွစ္ႏိုင္ငံစလုံးမွာ ေသဆုံးသူဦးေရ ၇၈ ဦး ေသဆုံးခဲ့တယ္လို႔သိရပါတယ္။
ဇြန္လ ၁၃ ရက္က စတင္ၿပီး အစၥေရးနဲ႔ အီရန္ႏိုင္ငံၾကားျဖစ္ပြားေနတဲ့ အျပန္အလွန္တိုက္ခိုက္မႈေတြဟာ သံတမန္ေရးအရ ေအာင္ျမင္မႈမရႏိုင္ေၾကာင္း၊ အီရန္ႏိုင္ငံအေျခစိုက္သုေတသီတစ္ဦးက ေျပာပါတယ္။ အီရန္ႏိုင္ငံဟာ န်ဴကလီးယားလက္နက္မ်ား ပိုင္ဆိုင္ဖို႔ ႀကိဳးပမ္းေနခ်ိန္မွာ အစၥေရးက ႀကိဳတင္သတိေပးျခင္းမရွိဘဲ ဇြန္ ၁၃ ရက္မွာ အီရန္ႏိုင္ငံရဲ႕န်ဴကလီးယားအေဆာက္အဦးမ်ားနဲ႔ စစ္ဘက္ဆိုင္ရာအေဆာက္အဦးမ်ားကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့ရာ ႏွစ္ႏိုင္ငံၾကား စစ္ေရးတင္းမာမႈအျမင့္ဆုံးကို ေရာက္ရွိလာခဲ့ပါတယ္။
အစၥေရးစစ္တပ္က အီရန္ရဲ႕ “ေနရာမ်ားကို တိုက္ခိုက္ၿပီး အီရန္စစ္တပ္ရဲ႕ေႁမြ အေရခြံကို ဖယ္ရွားကာ အီရန္ႏိုင္ငံရွိ ေနရာတိုင္းက န်ဴကလီးယားစြမ္းရည္နဲ႔လက္နက္စနစ္မ်ားကို ဖယ္ရွားပစ္မယ္လို႔ ေျပာပါတယ္။ အီရန္အာဏာရွင္ က အီရန္ႏိုင္ငံကို လက္ဘႏြန္ႏိုင္ငံလိုမ်ိဳးျဖစ္ေအာင္ တြန္းပို႔ေနသလို အိရန္ျပည္သူေတြကို ဓားစာခံအျဖစ္ ေျပာင္းလဲေပးေနပါတယ္” လို႔ ေျပာဆိုၿပီး အီရန္ႏိုင္ငံရဲ႕အျမင့္ဆုံးဘာသာေရးေခါင္းေဆာင္ အယာတိုလာခါေမနီကို ရည္ၫႊန္းၿပီး အစၥေရးကာကြယ္ေရးဝန္ႀကီးက ေျပာပါတယ္။

Related news

© 2021. All rights reserved.