TNLA က ကိုရင်များကိုပါ လူဝတ်လဲခိုင်းကာ တပ်သားသစ် စုဆောင်းနေ

239

Pearl (NP News) - ဇွန် ၁၆
စည်းဘောင်မဲ့တပ်သားသစ်စုဆောင်းနေသည့် TNLA က ကိုရင်များကိုပါ လူဝတ်လဲခိုင်းကာ တပ်သားသစ်စု ဆောင်းနေကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်းမှ သတင်းရင်းမြစ်များထံ NP News က ဆက်သွယ်မေးမြန်းထား သည့် အချက်အလက်များအရ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မန်တုံမြို့၊ နမ့်စမ်မြို့နှင့် ကျောက်မဲမြို့နယ်များအပါအဝင် အချို့ဒေသများတွင် လက်နက်ကိုင်အဖွဲ့များက အတင်းအဓမ္မတပ်သားသစ်စုဆောင်းမှုများ ဆောင် ရွက်နေလျက်ရှိကြောင်း သိရသည်။
“လက်ရှိ ရှမ်းမြောက်မှာ လူသစ်စုဆောင်း တာတော့ လက်နက်ကိုင်အဖွဲ့အစည်းတိုင်းတော့ ရှိ ကြတယ်။ ဒါပေမဲ့ TNLA က ပိုပြီး စုဆောင်းတာ တွေ့တာပေါ့လေ။ ဘုန်းတော်ကြီးကျောင်းက အရွယ်ရောက်ပြီးသား ကိုရင်လေးတွေ ထွက်ခိုင်းတာမျိုးတွေ လူငယ်လူရွယ်တွေ စစ်မှုမထမ်းမနေရ ပုံစံမျိုးနဲ့ လုပ် နေတာမျိုးတွေတွေ့လာတယ်။ အရင်တုန်းက တအာင်းကလေးတွေက ကိုရင်ကျောင်းတွေမှာထားတာ။ အရွယ်ရောက်ပြီ (၁၅၊ ၁၆) လောက်ရောက် ပြီဆိုရင် သူတို့မိဘတွေက စစ်မှုထမ်းခိုင်းမှာကြောက်လို့ မထွက်ခိုင်းဘဲနေတာ။ ဒီနောက်ပိုင်းမှာ TNLA တွေက လူဝတ်လဲခိုင်းပြီး စစ်မှုထမ်းခိုင်းတဲ့ အနေအထားအထိ ရောက်လာပါတယ်။ တော်တော်များများတော့ တွေ့လာတယ်” ဟု ရှမ်းမြောက် ဒေသခံ တစ်ဦးက NP News သို့ ပြောသည်။
လက်နက်ကိုင်အဖွဲ့များအနက် TNLA အနေဖြင့် လူသစ်စုဆောင်းမှုမှာပိုမိုးဆိုးရွားနေသည့်အပြင် သာသနာ တွင်းမှပုဂ္ဂိုလ်များကိုပါ ပစ်မှတ်ထား လာခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် TNLA အနေဖြင့် နောင်ချိုအပါအဝင် အချို့နေရာများ၌ တပ်မတော်နှင့် ထိတွေ့တိုက် ပွဲများဖြစ်ပွား နေလျက်ရှိပြီး TNLA ဘက်က အထိနာမှုများကြောင့် ယခုကဲ့သို့ စုဆောင်းခြင်းဖြစ်ကြောင်း အထက်ပါဒေသခံက သုံးသပ်ပြောကြား သည်။
“TNLA က စစ်ပွဲတွေမှာ အထိနာလာတာ လည်းပါတယ်။ အဲဒါကြောင့် လူသစ်တွေ ပိုစုဆောင်း လာတယ်။ လုပ်နေတာမျိုးတွေ။ တအာင်း နိုင်ငံရေး ကောင်စီက အုပ်ချုပ်ရေးဆိုင်ရာတွေလုပ်ဖို့ဆိုပြီး ကြေညာချက်စာရွက်တွေ ထွက်လာတယ်။ ပြီးတော့ သူတို့အတွက် လူသစ်တွေ လိုအပ်လာတယ်လို့လည်း မြင်တယ်။ ပိုပြီးလုပ်ဆောင်လာတာ လည်းတွေ့ရတယ်” ဟု အထက်ပါဒေသခံကဆက်လက်ပြောသည်။

Zawgyi Version:
TNLA က ကိုရင္မ်ားကိုပါ လူဝတ္လဲခိုင္းကာ တပ္သားသစ္ စုေဆာင္းေန
Pearl (NP News) - ဇြန္ ၁၆
စည္းေဘာင္မဲ့တပ္သားသစ္စုေဆာင္းေနသည့္ TNLA က ကိုရင္မ်ားကိုပါ လူဝတ္လဲခိုင္းကာ တပ္သားသစ္စု ေဆာင္းေနေၾကာင္း ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွ သတင္းရင္းျမစ္မ်ားထံ NP News က ဆက္သြယ္ေမးျမန္းထား သည့္ အခ်က္အလက္မ်ားအရ သိရသည္။
ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ မန္တုံၿမိဳ႕၊ နမ့္စမ္ၿမိဳ႕ႏွင့္ ေက်ာက္မဲၿမိဳ႕နယ္မ်ားအပါအဝင္ အခ်ိဳ႕ေဒသမ်ားတြင္ လက္နက္ကိုင္အဖြဲ႕မ်ားက အတင္းအဓမၼတပ္သားသစ္စုေဆာင္းမႈမ်ား ေဆာင္ ႐ြက္ေနလ်က္ရွိေၾကာင္း သိရသည္။
“လက္ရွိ ရွမ္းေျမာက္မွာ လူသစ္စုေဆာင္း တာေတာ့ လက္နက္ကိုင္အဖြဲ႕အစည္းတိုင္းေတာ့ ရွိ ၾကတယ္။ ဒါေပမဲ့ TNLA က ပိုၿပီး စုေဆာင္းတာ ေတြ႕တာေပါ့ေလ။ ဘုန္းေတာ္ႀကီးေက်ာင္းက အ႐ြယ္ေရာက္ၿပီးသား ကိုရင္ေလးေတြ ထြက္ခိုင္းတာမ်ိဳးေတြ လူငယ္လူ႐ြယ္ေတြ စစ္မႈမထမ္းမေနရ ပုံစံမ်ိဳးနဲ႔ လုပ္ ေနတာမ်ိဳးေတြေတြ႕လာတယ္။ အရင္တုန္းက တအာင္းကေလးေတြက ကိုရင္ေက်ာင္းေတြမွာထားတာ။ အ႐ြယ္ေရာက္ၿပီ (၁၅၊ ၁၆) ေလာက္ေရာက္ ၿပီဆိုရင္ သူတို႔မိဘေတြက စစ္မႈထမ္းခိုင္းမွာေၾကာက္လို႔ မထြက္ခိုင္းဘဲေနတာ။ ဒီေနာက္ပိုင္းမွာ TNLA ေတြက လူဝတ္လဲခိုင္းၿပီး စစ္မႈထမ္းခိုင္းတဲ့ အေနအထားအထိ ေရာက္လာပါတယ္။ ေတာ္ေတာ္မ်ားမ်ားေတာ့ ေတြ႕လာတယ္” ဟု ရွမ္းေျမာက္ ေဒသခံ တစ္ဦးက NP News သို႔ ေျပာသည္။
လက္နက္ကိုင္အဖြဲ႕မ်ားအနက္ TNLA အေနျဖင့္ လူသစ္စုေဆာင္းမႈမွာပိုမိုးဆိုး႐ြားေနသည့္အျပင္ သာသနာ တြင္းမွပုဂၢိဳလ္မ်ားကိုပါ ပစ္မွတ္ထား လာျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ TNLA အေနျဖင့္ ေနာင္ခ်ိဳအပါအဝင္ အခ်ိဳ႕ေနရာမ်ား၌ တပ္မေတာ္ႏွင့္ ထိေတြ႕တိုက္ ပြဲမ်ားျဖစ္ပြား ေနလ်က္ရွိၿပီး TNLA ဘက္က အထိနာမႈမ်ားေၾကာင့္ ယခုကဲ့သို႔ စုေဆာင္းျခင္းျဖစ္ေၾကာင္း အထက္ပါေဒသခံက သုံးသပ္ေျပာၾကား သည္။
“TNLA က စစ္ပြဲေတြမွာ အထိနာလာတာ လည္းပါတယ္။ အဲဒါေၾကာင့္ လူသစ္ေတြ ပိုစုေဆာင္း လာတယ္။ လုပ္ေနတာမ်ိဳးေတြ။ တအာင္း ႏိုင္ငံေရး ေကာင္စီက အုပ္ခ်ဳပ္ေရးဆိုင္ရာေတြလုပ္ဖို႔ဆိုၿပီး ေၾကညာခ်က္စာ႐ြက္ေတြ ထြက္လာတယ္။ ၿပီးေတာ့ သူတို႔အတြက္ လူသစ္ေတြ လိုအပ္လာတယ္လို႔လည္း ျမင္တယ္။ ပိုၿပီးလုပ္ေဆာင္လာတာ လည္းေတြ႕ရတယ္” ဟု အထက္ပါေဒသခံကဆက္လက္ေျပာသည္။