အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီကို လုပ်ကြံသတ်ဖြတ်တာမျိုးမလုပ်ဖို့ အစ္စရေးကို အမေရိကန်သမ္မတ တိုက်တွန်း

 127

ဂျန်ဇက် (NP News) - ဇွန် ၁၆
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အစ္စရေးနိုင်ငံဟာ အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီကို လုပ်ကြံသတ်ဖြတ်တာမျိုးမလုပ်ဖို့ တိုက်တွန်းထားပါတယ်။ အစ္စရေးနိုင်ငံအနေနဲ့ အီရန်ဘာသာရေးခေါင်းဆောင်ကို လုပ်ကြံမယ်ဆိုရင် ကောင်းမွန်တဲ့အစီအစဉ်ဖြစ်လာမှာမဟုတ်ဘူးလို့ ပြောဆို ထားကြောင်း အမေရိကန်အစိုးရနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ အမေရိကန်သမ္မတ ထရမ့်ကတော့ အီရန် ဘာသာရေးခေါင်းဆောင်ကို လုပ်ကြံမယ့် အစ္စရေးရဲ့အစီအစဉ်တွေကို ငြင်းဆန်တာမရှိသလို အတည်ပြုတာမျိုး လည်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။
အမေရိကန်သမ္မတ က အီရန်နဲ့ အစ္စရေးနိုင်ငံကြားဖြစ်ပွားနေတဲ့ ပစ်ခတ်မှုများကိုအဆုံးသတ်ဖို့ တောင်းဆိုခဲ့ပေမယ့် အီရန်အစိုးရက စေ့စပ်ဆွေးနွေးမှုများ လုပ်မှာမဟုတ်ဘဲ အစ္စရေးကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ တုံ့ပြန်ထား ရာ အီရန်နဲ့ အစ္စရေးနိုင်ငံကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားဖွယ်ရှိနေပါတယ်။ အိုမန်နိုင်ငံနဲ့ ကာတာနိုင်ငံတို့ဟာ အစ္စရေး နဲ့ အီရန်နိုင်ငံကြား လက်ရှိဖြစ်နေတဲ့ စစ်ပွဲကို အဆုံးသတ်နိုင်အောင်ကြားဝင် ကြိုးပမ်းနေပေမယ့် အီရန်က ငြင်းဆန်ပယ်ချထားပါတယ်။
အီရန်အစိုးရးနဲ့ နီးစပ်သူတစ်ဦးက’’ အီရန်အစိုးရဟာ အစ္စရေးနိုင်ငံကို ၎င်းတို့စိတ်တိုင်းကျ တုံ့ပြန်တိုက်ခိုက်ပြီး ချိန်မှာ စစ်ပွဲရပ်ဖို့ ဆွေးနွေးမယ့်အကြောင်းကို ကာတာနိုင်ငံ၊ အိုမန်နိုင်ငံတို့ကို အသိပေးထားတယ်’’ လို့ ပြောပါ တယ်။

အစ္စရေး အစိုးရတာဝန်ရှိသူတစ်ဦးက အစ္စရေးနိုင်ငံရဲ့ရည်ရွယ်ချက်တွေထဲမှာ အီရန်နိုင်ငံရေးခေါင်းဆောင်တွေကို လုပ်ကြံမယ့်အစီအစဉ်မပါဝင်ဘူးလို့ ဆိုပါတယ်။ အစ္စရေးနိုင်ငံဟာ အီရန်နိုင်ငံရဲ့စစ်တပ်နဲ့ နျူကလီးယားဆိုင်ရာ အဆောက်အဦးတွေကိုသာ ပစ်မှတ်ထားတိုက်ခိုက်မယ်လို့ ကတိပြုထားပါတယ်။ အီရန်နိုင်ငံအပေါ် ဇွန်လ ၁၃ ရက် မှာ အစ္စရေးနိုင်ငံက စတင်တိုက်ခိုက်ချိန်အတွင်း အီရန်ကာကွယ်ရေးဦးစီးချုပ် အပါအဝင် အီရန်စစ်တပ်ရဲ့ထိပ်တန်း ဗိုလ်ချုပ်ကြီးများ သေဆုံးခဲ့ပါတယ်။
အီရန်နဲ့ အစ္စရေးနိုင်ငံကြား ဇွန်လ ၁၃ရက်မှာ အပြန်အလှန်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ကမ္ဘာရေနံဈေးနှုန်းက မြင့်တက်လာခဲ့ပြီး ရေနံတစ်ပေပါကို ၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး လက်ရှိအချိန်မှာ ရေနံစိမ်းတစ်စည်ကို ၇၇ ဒေါ်လာ နီးပါးဖြစ်နေပါတယ်။ အီရန်နဲ့ အစ္စရေးနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲကြောင့် အီရန်နိုင်ငံရဲ့ရေနံ ထုတ်လုပ်မှုနှုန်း ရပ်တန့်သွားမှာကို ရေနံကုန်သည်များစိုးရိမ်နေတယ်လို့ သိရပါတယ်။ ရေနံဈေးနှုန်းမြင့်တက်လာ ခြင်းက အခြားကုန်စည်ဈေးနှုန်းများကိုလည်း ရိုက်ခတ်ဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။
အီရန်နဲ့ အစ္စရေးနိုင်ငံကြား လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲကို တစ်ကမ္ဘာလုံးကအဆုံးသတ်ဖို့ လိုလားနေပေမယ့် အီရန် စစ်တပ်ရဲ့ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးကတော့ စစ်ပွဲဟာ လာမယ့်သီတင်းပတ်တွေအတွင်း ဆက်လက်ဖြစ်ပွားနေ မယ်လို့ ဆိုပါတယ်။ အီရန်စစ်တပ်ရဲ့ဗိုလ်ချုပ်ကြီး ဟောင်းတစ်ဦးဖြစ်သလို အစိုးရအဖွဲ့အကြံပေးဖြစ်သူ ရာဇီက “အစ္စရေးနိုင်ငံကိုလက်ရှိတိုက်ခိုက်ရာမှာ ထိန်းထိန်းသိမ်းသိမ်းတိုက်ခိုက်နေတာမျိုးဖြစ်တယ်။ ကျွန်တော်တို့ လုပ်ဆောင်နိုင်စွမ်းရှိသမျှ အကုန်ထုတ်သုံးတိုက်ခိုက်တာမျိုးမဟုတ်သေးဘူး၊ အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်နိုင်ငံဟာ အစ္စရေးနိုင်ငံကို ဒုံးကျည်များ ကူညီထောက်ပံ့ပေးမှု လုပ်ဆောင်မယ်ဆိုရင်စစ်ပွဲအရှိန်က လက်ရှိထက် ပိုမိုမြင့်တက်လာဖွယ်ရှိပါတယ်” လို့ ပြောပါတယ်။

Zawgyi Version:
အီရန္ႏိုင္ငံရဲ႕အျမင့္ဆုံးဘာသာေရးေခါင္းေဆာင္ အယာတိုလာခါေမနီကို လုပ္ႀကံသတ္ျဖတ္တာမ်ိဳးမလုပ္ဖို႔ အစၥေရးကို အေမရိကန္သမၼတ တိုက္တြန္း
ဂ်န္ဇက္ (NP News) - ဇြန္ ၁၆
အေမရိကန္သမၼတေဒၚနယ္ထရမ့္က အစၥေရးႏိုင္ငံဟာ အီရန္ႏိုင္ငံရဲ႕အျမင့္ဆုံးဘာသာေရးေခါင္းေဆာင္ အယာတိုလာခါေမနီကို လုပ္ႀကံသတ္ျဖတ္တာမ်ိဳးမလုပ္ဖို႔ တိုက္တြန္းထားပါတယ္။ အစၥေရးႏိုင္ငံအေနနဲ႔ အီရန္ဘာသာေရးေခါင္းေဆာင္ကို လုပ္ႀကံမယ္ဆိုရင္ ေကာင္းမြန္တဲ့အစီအစဥ္ျဖစ္လာမွာမဟုတ္ဘူးလို႔ ေျပာဆို ထားေၾကာင္း အေမရိကန္အစိုးရနဲ႔ နီးစပ္သူတစ္ဦးက ေျပာပါတယ္။ အေမရိကန္သမၼတ ထရမ့္ကေတာ့ အီရန္ ဘာသာေရးေခါင္းေဆာင္ကို လုပ္ႀကံမယ့္ အစၥေရးရဲ႕အစီအစဥ္ေတြကို ျငင္းဆန္တာမရွိသလို အတည္ျပဳတာမ်ိဳး လည္း မရွိခဲ့ဘူးလို႔ ဆိုပါတယ္။
အေမရိကန္သမၼတ က အီရန္နဲ႔ အစၥေရးႏိုင္ငံၾကားျဖစ္ပြားေနတဲ့ ပစ္ခတ္မႈမ်ားကိုအဆုံးသတ္ဖို႔ ေတာင္းဆိုခဲ့ေပမယ့္ အီရန္အစိုးရက ေစ့စပ္ေဆြးေႏြးမႈမ်ား လုပ္မွာမဟုတ္ဘဲ အစၥေရးကို ဆက္လက္တိုက္ခိုက္သြားမယ္လို႔ တုံ႔ျပန္ထား ရာ အီရန္နဲ႔ အစၥေရးႏိုင္ငံၾကား တိုက္ပြဲေတြ ဆက္လက္ျဖစ္ပြားဖြယ္ရွိေနပါတယ္။ အိုမန္ႏိုင္ငံနဲ႔ ကာတာႏိုင္ငံတို႔ဟာ အစၥေရး နဲ႔ အီရန္ႏိုင္ငံၾကား လက္ရွိျဖစ္ေနတဲ့ စစ္ပြဲကို အဆုံးသတ္ႏိုင္ေအာင္ၾကားဝင္ ႀကိဳးပမ္းေနေပမယ့္ အီရန္က ျငင္းဆန္ပယ္ခ်ထားပါတယ္။
အီရန္အစိုးရးနဲ႔ နီးစပ္သူတစ္ဦးက’’ အီရန္အစိုးရဟာ အစၥေရးႏိုင္ငံကို ၎တို႔စိတ္တိုင္းက် တုံ႔ျပန္တိုက္ခိုက္ၿပီး ခ်ိန္မွာ စစ္ပြဲရပ္ဖို႔ ေဆြးေႏြးမယ့္အေၾကာင္းကို ကာတာႏိုင္ငံ၊ အိုမန္ႏိုင္ငံတို႔ကို အသိေပးထားတယ္’’ လို႔ ေျပာပါ တယ္။

အစၥေရး အစိုးရတာဝန္ရွိသူတစ္ဦးက အစၥေရးႏိုင္ငံရဲ႕ရည္႐ြယ္ခ်က္ေတြထဲမွာ အီရန္ႏိုင္ငံေရးေခါင္းေဆာင္ေတြကို လုပ္ႀကံမယ့္အစီအစဥ္မပါဝင္ဘူးလို႔ ဆိုပါတယ္။ အစၥေရးႏိုင္ငံဟာ အီရန္ႏိုင္ငံရဲ႕စစ္တပ္နဲ႔ န်ဴကလီးယားဆိုင္ရာ အေဆာက္အဦးေတြကိုသာ ပစ္မွတ္ထားတိုက္ခိုက္မယ္လို႔ ကတိျပဳထားပါတယ္။ အီရန္ႏိုင္ငံအေပၚ ဇြန္လ ၁၃ ရက္ မွာ အစၥေရးႏိုင္ငံက စတင္တိုက္ခိုက္ခ်ိန္အတြင္း အီရန္ကာကြယ္ေရးဦးစီးခ်ဳပ္ အပါအဝင္ အီရန္စစ္တပ္ရဲ႕ထိပ္တန္း ဗိုလ္ခ်ဳပ္ႀကီးမ်ား ေသဆုံးခဲ့ပါတယ္။
အီရန္နဲ႔ အစၥေရးႏိုင္ငံၾကား ဇြန္လ ၁၃ရက္မွာ အျပန္အလွန္တိုက္ခိုက္မႈျဖစ္ပြားခဲ့ၿပီးေနာက္ ကမာၻေရနံေဈးႏႈန္းက ျမင့္တက္လာခဲ့ၿပီး ေရနံတစ္ေပပါကို ၇ ရာခိုင္ႏႈန္းအထိ ျမင့္တက္လာခဲ့ၿပီး လက္ရွိအခ်ိန္မွာ ေရနံစိမ္းတစ္စည္ကို ၇၇ ေဒၚလာ နီးပါးျဖစ္ေနပါတယ္။ အီရန္နဲ႔ အစၥေရးႏိုင္ငံၾကားျဖစ္ပြားေနတဲ့စစ္ပြဲေၾကာင့္ အီရန္ႏိုင္ငံရဲ႕ေရနံ ထုတ္လုပ္မႈႏႈန္း ရပ္တန႔္သြားမွာကို ေရနံကုန္သည္မ်ားစိုးရိမ္ေနတယ္လို႔ သိရပါတယ္။ ေရနံေဈးႏႈန္းျမင့္တက္လာ ျခင္းက အျခားကုန္စည္ေဈးႏႈန္းမ်ားကိုလည္း ႐ိုက္ခတ္ဖြယ္ရွိေနတယ္လို႔ ဆိုပါတယ္။
အီရန္နဲ႔ အစၥေရးႏိုင္ငံၾကား လက္ရွိျဖစ္ပြားေနတဲ့စစ္ပြဲကို တစ္ကမာၻလုံးကအဆုံးသတ္ဖို႔ လိုလားေနေပမယ့္ အီရန္ စစ္တပ္ရဲ႕ထိပ္တန္းဗိုလ္ခ်ဳပ္ႀကီးတစ္ဦးကေတာ့ စစ္ပြဲဟာ လာမယ့္သီတင္းပတ္ေတြအတြင္း ဆက္လက္ျဖစ္ပြားေန မယ္လို႔ ဆိုပါတယ္။ အီရန္စစ္တပ္ရဲ႕ဗိုလ္ခ်ဳပ္ႀကီး ေဟာင္းတစ္ဦးျဖစ္သလို အစိုးရအဖြဲ႕အႀကံေပးျဖစ္သူ ရာဇီက “အစၥေရးႏိုင္ငံကိုလက္ရွိတိုက္ခိုက္ရာမွာ ထိန္းထိန္းသိမ္းသိမ္းတိုက္ခိုက္ေနတာမ်ိဳးျဖစ္တယ္။ ကြၽန္ေတာ္တို႔ လုပ္ေဆာင္ႏိုင္စြမ္းရွိသမွ် အကုန္ထုတ္သုံးတိုက္ခိုက္တာမ်ိဳးမဟုတ္ေသးဘူး၊ အေမရိကန္၊ ျပင္သစ္၊ ၿဗိတိန္ႏိုင္ငံဟာ အစၥေရးႏိုင္ငံကို ဒုံးက်ည္မ်ား ကူညီေထာက္ပံ့ေပးမႈ လုပ္ေဆာင္မယ္ဆိုရင္စစ္ပြဲအရွိန္က လက္ရွိထက္ ပိုမိုျမင့္တက္လာဖြယ္ရွိပါတယ္” လို႔ ေျပာပါတယ္။

Related news

© 2021. All rights reserved.