စိုက်ပျိုးရေးလုပ်ငန်းသုံးများကို ပြည်ပမှ တင်သွင်းရာတွင် လွယ်ကူလျင်မြန်ရန် အရေးကြီး

137

စော (NP News) - ဇွန် ၁၇
စိုက်ပျိုးရေးလုပ်ငန်းသုံးများကို ပြည်ပမှ တင်သွင်းရာတွင် လွယ်ကူလျင်မြန်ခြင်းက အရေးကြီး သောအနေအထားဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က နေပြည် တော်တွင် ကျင်းပခဲ့သော ငလျင်အလွန် မြန်မာ့စီးပွားရေး ကုစားခြင်းနှင့် ပြန်လည်ထူထောင်းခြင်း သုံးသပ်ဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး စသည့်မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများသည် ဆီထွက်သီးနှံနှင့် စက်မှုသီးနှံများစိုက်ပျိုးသည့်နေရာများဖြစ်ရာ ငလျင်ဒဏ် ကြောင့် စိုက်ပျိုးမြေဧရိယာ ဟက်တာ (၃.၇)မီလျံခန့် ထိခိုက်မှုရှိနိုင်ကြောင်း ၎င်းကဆိုသည်။ အဆိုပါ ထိခိုက်မှုများအနက် ဆန်စပါးအနေ ဖြင့် ထိခိုက်မှုအနည်းငယ်သာရှိသည်ကို အကြမ်းဖျင်း သုံးသပ်ထား သော်လည်း ဆီထွက်သီးနှံထုတ်လုပ်သည့်လုပ်ငန်းနှင့် ပြောင်းသီးနှံစိုက်ပျိုးရေးလုပ်ငန်းများတွင် အများ ဆုံးထိခိုက်သွားကြောင်း သိရသည်။ “လယ်ယာသားငါးကဏ္ဍမှာရှိတဲ့ စိုက်ပျိုးရေးလုပ်ငန်းအတွက်က မြေဩဇာလိုအပ်ချက်ရှိ ပါတယ်။ မြေဩဇာလိုအပ်ချက်ကလည်း ပြည်ပက နေပြီးတော့တင်သွင်းရတဲ့ အပိုင်းတွေဖြစ်ပါတယ်။ စိုက်ပျိုးရေးဆေးဝါး၊ မွေးမြူရေးဆေးဝါးကလည်း ပြည်ပကနေတင်သွင်းရတာ ဖြစ်ပါတယ်။ အဲဒီတော့ ပြည်ပကနေတင်သွင်းရတဲ့လုပ်ငန်းစဉ်တွေမှာ လွယ် ကူလျင်မြန်ချောမွေ့ဖို့ အင်မ တန်မှအရေးကြီးတဲ့ အနေအထားဖြစ်တာကို အကြံပြုတင်ပြလိုပါတယ်”ဟု ဦးရဲမင်းအောင်ကပြောသည်။
မျိုး လိုအပ်ချက်အနေဖြင့် အချို့မျိုးများသည် ပြည်တွင်း၌ ရှိနေသော်လည်း ပြည်ပမှတင် သွင်းရမည့် မျိုး များလည်း ရှိနေသည့်အတွက် မျိုးလိုအပ်ချက်များကို ဖြည့်တင်းပေးရန်လိုအပ်ကြောင်း ၎င်းကဆိုသည်။ ထို့ပြင် လယ်ယာမြေကဏ္ဍတွင် ကျေးရွာများရှိ ရေ ဖြန့်ဖြူးသောစနစ်အပါအဝင် ရေမြောင်းများ၊ ကိုယ် ထူကိုယ် ထစနစ်ဖြင့်ဆောင်ရွက်ထားသော ရေတွင်းများ၊ စိုက်ပျိုး ရေ ရရှိရေးအတွက် ဆောင်ရွက်နေ သောရေတွင်းများလည်း ထိခိုက်သွားကြောင်း သိရသည်။
zawgyi version
စိုက္ပ်ိဳးေရးလုပ္ငန္းသုံးမ်ားကို ျပည္ပမွ တင္သြင္းရာတြင္ လြယ္ကူလ်င္ျမန္ရန္ အေရးႀကီး
ေစာ (NP News) - ဇြန္ ၁၇
စိုက္ပ်ိဳးေရးလုပ္ငန္းသုံးမ်ားကို ျပည္ပမွ တင္သြင္းရာတြင္ လြယ္ကူလ်င္ျမန္ျခင္းက အေရးႀကီး ေသာအေနအထားျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ဆန္ စပါးအသင္းခ်ဳပ္ဥကၠ႒ ဦးရဲမင္းေအာင္က ေနျပည္ ေတာ္တြင္ က်င္းပခဲ့ေသာ ငလ်င္အလြန္ ျမန္မာ့စီးပြားေရး ကုစားျခင္းႏွင့္ ျပန္လည္ထူေထာင္းျခင္း သုံးသပ္ေဆြးေႏြးပြဲတြင္ ထည့္သြင္းေျပာၾကားခဲ့သည္။
မႏၲေလးတိုင္းေဒသႀကီး၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး စသည့္ျမန္မာႏိုင္ငံ အလယ္ပိုင္းေဒသမ်ားသည္ ဆီထြက္သီးႏွံႏွင့္ စက္မႈသီးႏွံမ်ားစိုက္ပ်ိဳးသည့္ေနရာမ်ားျဖစ္ရာ ငလ်င္ဒဏ္ ေၾကာင့္ စိုက္ပ်ိဳးေျမဧရိယာ ဟက္တာ (၃.၇)မီလ်ံခန႔္ ထိခိုက္မႈရွိႏိုင္ေၾကာင္း ၎ကဆိုသည္။ အဆိုပါ ထိခိုက္မႈမ်ားအနက္ ဆန္စပါးအေန ျဖင့္ ထိခိုက္မႈအနည္းငယ္သာရွိသည္ကို အၾကမ္းဖ်င္း သုံးသပ္ထား ေသာ္လည္း ဆီထြက္သီးႏွံထုတ္လုပ္သည့္လုပ္ငန္းႏွင့္ ေျပာင္းသီးႏွံစိုက္ပ်ိဳးေရးလုပ္ငန္းမ်ားတြင္ အမ်ား ဆုံးထိခိုက္သြားေၾကာင္း သိရသည္။ “လယ္ယာသားငါးက႑မွာရွိတဲ့ စိုက္ပ်ိဳးေရးလုပ္ငန္းအတြက္က ေျမဩဇာလိုအပ္ခ်က္ရွိ ပါတယ္။ ေျမဩဇာလိုအပ္ခ်က္ကလည္း ျပည္ပက ေနၿပီးေတာ့တင္သြင္းရတဲ့ အပိုင္းေတြျဖစ္ပါတယ္။ စိုက္ပ်ိဳးေရးေဆးဝါး၊ ေမြးျမဴေရးေဆးဝါးကလည္း ျပည္ပကေနတင္သြင္းရတာ ျဖစ္ပါတယ္။ အဲဒီေတာ့ ျပည္ပကေနတင္သြင္းရတဲ့လုပ္ငန္းစဥ္ေတြမွာ လြယ္ ကူလ်င္ျမန္ေခ်ာေမြ႕ဖို႔ အင္မ တန္မွအေရးႀကီးတဲ့ အေနအထားျဖစ္တာကို အႀကံျပဳတင္ျပလိုပါတယ္”ဟု ဦးရဲမင္းေအာင္ကေျပာသည္။
မ်ိဳး လိုအပ္ခ်က္အေနျဖင့္ အခ်ိဳ႕မ်ိဳးမ်ားသည္ ျပည္တြင္း၌ ရွိေနေသာ္လည္း ျပည္ပမွတင္ သြင္းရမည့္ မ်ိဳး မ်ားလည္း ရွိေနသည့္အတြက္ မ်ိဳးလိုအပ္ခ်က္မ်ားကို ျဖည့္တင္းေပးရန္လိုအပ္ေၾကာင္း ၎ကဆိုသည္။ ထို႔ျပင္ လယ္ယာေျမက႑တြင္ ေက်း႐ြာမ်ားရွိ ေရ ျဖန႔္ျဖဴးေသာစနစ္အပါအဝင္ ေရေျမာင္းမ်ား၊ ကိုယ္ ထူကိုယ္ ထစနစ္ျဖင့္ေဆာင္႐ြက္ထားေသာ ေရတြင္းမ်ား၊ စိုက္ပ်ိဳး ေရ ရရွိေရးအတြက္ ေဆာင္႐ြက္ေန ေသာေရတြင္းမ်ားလည္း ထိခိုက္သြားေၾကာင္း သိရသည္။