အီရန်-အစ္စရေးပဋိပက္ခမှာ အမေရိကန်ပါဝင်လာနိုင်ဟု ဒေါ်နယ်ထရမ့်ပြော

 561

Pika (NP News) - ဇွန် ၁၇

အီရန်-အစ္စရေးပဋိပက္ခမှာ အမေရိကန်နိုင်ငံ ပါဝင်လာဖို့က ဖြစ်နိုင်ခြေရှိနေဆဲဖြစ်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် ရုရှားသမ္မတပူတင်ကို အီရန်-အစ္စရေးပဋိပက္ခနဲ့ပတ်သက်ပြီး ကြားဝင်စေ့စပ်ပေးသူဖြစ်လာစေဖို့ တိုက်တွန်းသွားမယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က"အီရန်နဲ့အစ္စရေးကြားဖြစ်ပွားနေတဲ့ ပဋိပက္ခမှာ ကျွန်တော်တို့ပါဝင်လာနိုင်ဖွယ်ရှိနေပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ရုရှားသမ္မတပူတင်ဟာ အစ္စရေး-အီရန်ပဋိပက္ခအတွက် ကြားဝင်စေ့စပ်ပေးသူဖြစ်လာနိုင်လားဆိုတဲ့မေးခွန်းတွေကို ဒေါ်နယ်ထရမ့်က တုံ့ပြန်ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့်က"ပူတင်က အဆင်သင့်ဖြစ်နေပါပြီ။ အဲဒီအကြောင်းနဲ့ပတ်သက်ပြီး သူကျွန်တော့်ကို ဖုန်းခေါ်ပြီးပြောခဲ့ပါတယ်။ အဲဒါအတွက် ကျွန် တော်တို့အချိန်အတော်ကြာအောင် ဆွေးနွေးခဲ့ပါတယ်။”လို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဇွန်လ(၁၅)ရက်အစောပိုင်းက ဒေါ်နယ်ထရမ့်ဟာ အီရန်နဲ့အစ္စရေးတို့ကို သဘောတူညီချက်တစ်ခုပြုလုပ်ဖို့နဲ့ လက်ရှိဖြစ်ပွားနေတဲ့တိုက်ခိုက်မှုတွေကိုအဆုံးသတ်ဖို့ တိုက်တွန်းခဲ့တယ်လို့လည်း သိရပါတယ်။

zawgyi version
အီရန္-အစၥေရးပဋိပကၡမွာ အေမရိကန္ပါဝင္လာႏိုင္ဟု ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ဇြန္ ၁၇

အီရန္-အစၥေရးပဋိပကၡမွာ အေမရိကန္ႏိုင္ငံ ပါဝင္လာဖို႔က ျဖစ္ႏိုင္ေျခရွိေနဆဲျဖစ္တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ဒါ့ျပင္ ႐ုရွားသမၼတပူတင္ကို အီရန္-အစၥေရးပဋိပကၡနဲ႔ပတ္သက္ၿပီး ၾကားဝင္ေစ့စပ္ေပးသူျဖစ္လာေစဖို႔ တိုက္တြန္းသြားမယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာဆိုခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က"အီရန္နဲ႔အစၥေရးၾကားျဖစ္ပြားေနတဲ့ ပဋိပကၡမွာ ကြၽန္ေတာ္တို႔ပါဝင္လာႏိုင္ဖြယ္ရွိေနပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ႐ုရွားသမၼတပူတင္ဟာ အစၥေရး-အီရန္ပဋိပကၡအတြက္ ၾကားဝင္ေစ့စပ္ေပးသူျဖစ္လာႏိုင္လားဆိုတဲ့ေမးခြန္းေတြကို ေဒၚနယ္ထရမ့္က တုံ႔ျပန္ေျဖၾကားခဲ့တယ္လို႔လည္း သိရပါတယ္။ ေဒၚနယ္ထရမ့္က"ပူတင္က အဆင္သင့္ျဖစ္ေနပါၿပီ။ အဲဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး သူကြၽန္ေတာ့္ကို ဖုန္းေခၚၿပီးေျပာခဲ့ပါတယ္။ အဲဒါအတြက္ ကြၽန္ ေတာ္တို႔အခ်ိန္အေတာ္ၾကာေအာင္ ေဆြးေႏြးခဲ့ပါတယ္။”လို႔ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ဇြန္လ(၁၅)ရက္အေစာပိုင္းက ေဒၚနယ္ထရမ့္ဟာ အီရန္နဲ႔အစၥေရးတို႔ကို သေဘာတူညီခ်က္တစ္ခုျပဳလုပ္ဖို႔နဲ႔ လက္ရွိျဖစ္ပြားေနတဲ့တိုက္ခိုက္မႈေတြကိုအဆုံးသတ္ဖို႔ တိုက္တြန္းခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.