တရုတ်နဲ့ ဆွေးနွေးပွဲတွေလုပ်ဆောင်ဖို့ လမ်းဖွင့်ထားတယ်လို့ ဂျပန်ဝန်ကြီးချုပ်ပြော

 286

Pika (NP News) - ဒီဇင်ဘာလ ၁၈

တရုတ်နိုင်ငံနဲ့ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ ဂျပန်က အမြဲတမ်းလမ်းဖွင့်ထားတယ်လို့ ဂျပန်ဝန်ကြီးချုပ် ဆာနေးတာကိုင်ချီက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဂျပန်နဲ့ တရုတ်တို့ကြား သံတမန်ရေးဆိုင်ရာအငြင်းပွားမှုတွေ ဆက်လက်ဖြစ်ပွားနေချိန်မှာပဲ ဆာနေးတာကိုင်ချီရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဆာနေးတာကိုင်ချီက “တရုတ်နိုင်ငံဟာ ဂျပန်နိုင်ငံအတွက် အရေးကြီးတဲ့အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံ ကြားမှာ တည်ငြိမ်တဲ့ဆက်ဆံရေးတွေရအောင် ကျွန်မတို့တည်ဆောက်ဖို့ လိုအပ်ပါတယ်။ တရုတ်နိုင်ငံနဲ့ ဆွေးနွေးမှု တွေလုပ်ဆောင်ဖို့ ဂျပန်နိုင်ငံက အမြဲတမ်းလမ်းဖွင့်ထားပါတယ်။ နှစ်နိုင်ငံကြား သံတမန်ရေးဆိုင်ရာ အငြင်းပွားမှု တွေကို ဖြေရှင်းနိုင်မယ့်ဆွေးနွေးပွဲတွေလုပ်ဆောင်ဖို့နဲ့ပတ်သက်ပြီး ကျွန်မတို့ဘက်က တံခါးပိတ်မထားပါဘူး” လို့ ပြောခဲ့ပါတယ်။
တရုတ်(တိုင်ပေ)အပေါ် တရုတ်က တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့မယ်ဆိုရင် ဂျပန်စစ်တပ်က စစ်ရေးအရ ဝင်ရောက်စွက်ဖက်နိုင်တယ်လို့ ဆာနေးတာကိုင်ချီက ပြီးခဲ့တဲ့လမှာ မှတ်ချက်ပြုပြောဆိုခဲ့ပြီးနောက် ဂျပန်နဲ့တရုတ် တို့ကြား တင်းမာမှုတွေ မြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့ပြင် တရုတ်ရဲ့ Liaoning လေယာဉ်တင်သင်္ဘော က J-15 တိုက်လေယာဉ်တွေဟာ နိုင်ငံတကာရေပြင်မှာပျံသန်းနေတဲ့ဂျပန်တိုက်လေယာဉ်တွေကို ရေဒါနဲ့ နှစ်ကြိမ် တိုင်တိုင် လိုက်လံချိန်ရွယ်ခဲ့တဲ့ဖြစ်ရပ်တွေလည်း ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
တ႐ုတ္နဲ႔ ေဆြးေႏြးပြဲေတြလုပ္ေဆာင္ဖို႔ လမ္းဖြင့္ထားတယ္လို႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္ေျပာ
Pika (NP News) - ဒီဇင္ဘာလ ၁၈
တ႐ုတ္ႏိုင္ငံနဲ႔ေဆြးေႏြးမႈေတြ လုပ္ေဆာင္ဖို႔ ဂ်ပန္က အၿမဲတမ္းလမ္းဖြင့္ထားတယ္လို႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ဆာေနးတာကိုင္ခ်ီက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ဂ်ပန္နဲ႔ တ႐ုတ္တို႔ၾကား သံတမန္ေရးဆိုင္ရာအျငင္းပြားမႈေတြ ဆက္လက္ျဖစ္ပြားေနခ်ိန္မွာပဲ ဆာေနးတာကိုင္ခ်ီရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ဆာေနးတာကိုင္ခ်ီက “တ႐ုတ္ႏိုင္ငံဟာ ဂ်ပန္ႏိုင္ငံအတြက္ အေရးႀကီးတဲ့အိမ္နီးခ်င္းႏိုင္ငံတစ္ႏိုင္ငံျဖစ္ၿပီး ႏွစ္ႏိုင္ငံ ၾကားမွာ တည္ၿငိမ္တဲ့ဆက္ဆံေရးေတြရေအာင္ ကြၽန္မတို႔တည္ေဆာက္ဖို႔ လိုအပ္ပါတယ္။ တ႐ုတ္ႏိုင္ငံနဲ႔ ေဆြးေႏြးမႈ ေတြလုပ္ေဆာင္ဖို႔ ဂ်ပန္ႏိုင္ငံက အၿမဲတမ္းလမ္းဖြင့္ထားပါတယ္။ ႏွစ္ႏိုင္ငံၾကား သံတမန္ေရးဆိုင္ရာ အျငင္းပြားမႈ ေတြကို ေျဖရွင္းႏိုင္မယ့္ေဆြးေႏြးပြဲေတြလုပ္ေဆာင္ဖို႔နဲ႔ပတ္သက္ၿပီး ကြၽန္မတို႔ဘက္က တံခါးပိတ္မထားပါဘူး” လို႔ ေျပာခဲ့ပါတယ္။
တ႐ုတ္(တိုင္ေပ)အေပၚ တ႐ုတ္က တိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့မယ္ဆိုရင္ ဂ်ပန္စစ္တပ္က စစ္ေရးအရ ဝင္ေရာက္စြက္ဖက္ႏိုင္တယ္လို႔ ဆာေနးတာကိုင္ခ်ီက ၿပီးခဲ့တဲ့လမွာ မွတ္ခ်က္ျပဳေျပာဆိုခဲ့ၿပီးေနာက္ ဂ်ပန္နဲ႔တ႐ုတ္ တို႔ၾကား တင္းမာမႈေတြ ျမင့္တက္လာခဲ့တာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ တ႐ုတ္ရဲ႕ Liaoning ေလယာဥ္တင္သေဘၤာ က J-15 တိုက္ေလယာဥ္ေတြဟာ ႏိုင္ငံတကာေရျပင္မွာပ်ံသန္းေနတဲ့ဂ်ပန္တိုက္ေလယာဥ္ေတြကို ေရဒါနဲ႔ ႏွစ္ႀကိမ္ တိုင္တိုင္ လိုက္လံခ်ိန္႐ြယ္ခဲ့တဲ့ျဖစ္ရပ္ေတြလည္း ၿပီးခဲ့တဲ့သီတင္းပတ္အတြင္းမွာ ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.