အက်ရှင်ဇာတ်လမ်းတွဲအသစ်မှာ တွဲဖက်ပါဝင်လာမယ့် ဂေါင်ဟိုဂျင်းနဲ့ ဂျောင်ဂျူဝမ်

36

ရောင်နီ (NP News) - ဇွန် ၂ဝ
တောင်ကိုရီးယားနာမည်ကျော် သရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသမီး ဂေါင်ဟိုဂျင်းနဲ့ Residence Playbook သရုပ်ဆောင်မင်းသား ဂျောင်ဂျူဝမ်ဟာ အက်ရှင်ဇာတ်လမ်းသစ် 'A Bona Fide Killer' မှာ တွဲဖက်ပါဝင် သရုပ်ဆောင်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
ဇွန်လ ၁၈ ရက်က Sports Chosun သတင်းဌာနရဲ့ဖော်ပြချက်အရ ဂေါင်ဟိုဂျင်းရဲ့အေဂျင်စီ Management SOOP က အဆိုပါဒရာမာကမ်းလှမ်းမှုကို မင်းသမီးက လက်ခံထားကြောင်းနဲ့ အလားတူ မင်းသား ဂျောင်ဂျူဝမ် ရဲ့ အေဂျင်စီ Alien ကလည်း ဇာတ်ကားအတွက် ကမ်းလှမ်းမှုကို အပြုသဘောနဲ့ သုံးသပ်နေကြောင်း အတည်ပြုခဲ့ပါ တယ်။ 'Bona Fide Killer' ဇာတ်ကားဟာ ဝဘ်တွန်းကို အခြေခံပြန်ရိုက်မယ့် ဇာတ်ကားဖြစ်ပြီး "Kingfisher" ခေါ် ဒဏ္ဍာရီလာ လုပ်ကြံသတ်ဖြတ်သူ အမျိုးသမီး ယူဘိုနာ ဇာတ်ကောင်ကို ဇာတ်အိမ်တည်ကာ ရိုက်ကူးမှာ ဖြစ်ပါတယ်။ ဂေါင်ဟိုဂျင်းကို ယူဘိုနာဇာတ်ကောင်နေရာမှ ကမ်းလှမ်းထားပြီး ဂျောင်ဂျူဝမ်ကိုတော့ ယူဘိုနာရဲ့ ခင်ပွန်းဇာတ်ကောင်နေရာက ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။
သရုပ်ဆောင် မင်းသမီး ဂေါင်ဟိုဂျင်းကို "Master's Sun" "When the star gossip" "When the Camellia Blooms" ဇာတ်ကားတွေနဲ့ လူသိများပြီး မင်းသား ဂျောင်ဂျူဝမ်ကိုတော့ မကြာသေးခင်က ရေပန်းစားခဲ့တဲ့ Residence Playbook ဇာတ်ကားနဲ့ လူသိများပါတယ်။

Zawgyi Version:
အက္ရွင္ဇာတ္လမ္းတြဲအသစ္မွာ တြဲဖက္ပါဝင္လာမယ့္ ေဂါင္ဟိုဂ်င္းနဲ႔ ေဂ်ာင္ဂ်ဴဝမ္
ေရာင္နီ (NP News) - ဇြန္ ၂ဝ
ေတာင္ကိုရီးယားနာမည္ေက်ာ္ သ႐ုပ္ေဆာင္ေတြျဖစ္ၾကတဲ့ မင္းသမီး ေဂါင္ဟိုဂ်င္းနဲ႔ Residence Playbook သ႐ုပ္ေဆာင္မင္းသား ေဂ်ာင္ဂ်ဴဝမ္ဟာ အက္ရွင္ဇာတ္လမ္းသစ္ 'A Bona Fide Killer' မွာ တြဲဖက္ပါဝင္ သ႐ုပ္ေဆာင္ဖို႔ ေဆြးေႏြးေနတယ္လို႔ သိရပါတယ္။
ဇြန္လ ၁၈ ရက္က Sports Chosun သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ ေဂါင္ဟိုဂ်င္းရဲ႕ေအဂ်င္စီ Management SOOP က အဆိုပါဒရာမာကမ္းလွမ္းမႈကို မင္းသမီးက လက္ခံထားေၾကာင္းနဲ႔ အလားတူ မင္းသား ေဂ်ာင္ဂ်ဴဝမ္ ရဲ႕ ေအဂ်င္စီ Alien ကလည္း ဇာတ္ကားအတြက္ ကမ္းလွမ္းမႈကို အျပဳသေဘာနဲ႔ သုံးသပ္ေနေၾကာင္း အတည္ျပဳခဲ့ပါ တယ္။ 'Bona Fide Killer' ဇာတ္ကားဟာ ဝဘ္တြန္းကို အေျခခံျပန္႐ိုက္မယ့္ ဇာတ္ကားျဖစ္ၿပီး "Kingfisher" ေခၚ ဒ႑ာရီလာ လုပ္ႀကံသတ္ျဖတ္သူ အမ်ိဳးသမီး ယူဘိုနာ ဇာတ္ေကာင္ကို ဇာတ္အိမ္တည္ကာ ႐ိုက္ကူးမွာ ျဖစ္ပါတယ္။ ေဂါင္ဟိုဂ်င္းကို ယူဘိုနာဇာတ္ေကာင္ေနရာမွ ကမ္းလွမ္းထားၿပီး ေဂ်ာင္ဂ်ဴဝမ္ကိုေတာ့ ယူဘိုနာရဲ႕ ခင္ပြန္းဇာတ္ေကာင္ေနရာက ကမ္းလွမ္းထားတယ္လို႔ သိရပါတယ္။
သ႐ုပ္ေဆာင္ မင္းသမီး ေဂါင္ဟိုဂ်င္းကို "Master's Sun" "When the star gossip" "When the Camellia Blooms" ဇာတ္ကားေတြနဲ႔ လူသိမ်ားၿပီး မင္းသား ေဂ်ာင္ဂ်ဴဝမ္ကိုေတာ့ မၾကာေသးခင္က ေရပန္းစားခဲ့တဲ့ Residence Playbook ဇာတ္ကားနဲ႔ လူသိမ်ားပါတယ္။