ဘရာဇီးနိုင်ငံမှာ မီးပုံးပျံ မတော်တဆမှုကြောင့် လူရှစ်ဦး သေဆုံး

38

ရောင်နီ (NP News) - ဇွန် ၂၃
ဘရာဇီးနိုင်ငံတောင်ပိုင်းမှာ ခရီးသည် ၂၁ ဦးပါ မီးပုံးပျံတစ်စင်း စနေနေ့ (ဇွန် ၂၁ ရက်) က မီးလောင်ခဲ့ရာ လူ ၈ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ အခင်းဖြစ်ပွားရာနေရာရှိ ဆန်တာကာတာရီနာ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောကြားပါတယ်။
"သေဆုံးသူ ၈ ဦး၊ အသက်ရှင်ကျန်ရစ်သူ ၁၃ ဦး" ရှိတယ်လို့ အုပ်ချုပ်ရေးမှူး ဂျော်ဂျင်ဟိုမယ်လိုက ပြော ကြားပါတယ်။ အဆိုပါ မီးပုံးပျံဟာ ကမ်းရိုးတန်းမြို့ ပရာရီရာ ဂရန်ဒီ ပေါ် ဖြတ်သန်းနေစဉ် ပေါက်ကွဲသွားတာ ဖြစ်ပြီး ခရီးသည်တွေ လိုက်ပါလာတဲ့ မီးပုံးပျံတောင်းကြီးဟာ မီတာပေါင်းများစွာကနေ မြေပြင်ပေါ်ကို ပြုတ်ကျသွား ခဲ့တာဖြစ်ပါတယ်။ အသက်ရှင်ကျန်ရစ်သူတွေရဲ့အခြေအနေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ မသိရသေး ဘူးလို့ ဆန်တာကာတာရီနာ မီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူ က ဆိုပါတယ်။
မတော်တဆမှုဖြစ်ရတဲ့အကြောင်းရင်းကို သိရှိနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ပရာရီရာ ဂရန်ဒီ ရဲအရာရှိ တီရာဂိုလူဝစ်လ့ဒက်မိုစ်ရဲ့ပြောကြားချက်အရ လူစီးခြင်းတောင်းအတွင်းမှာ ရှိတဲ့ လေမှုတ်စက်ကြောင့် မီးလောင်ကျွမ်းမှုဖြစ်ခဲ့တယ်လို့ ယူဆရတယ်လို့ ဆိုပါတယ်။ ဒါဟာ နိုင်ငံထဲမှာ ရက်ပိုင်းအတွင်းဖြစ်ပွားတဲ့ ဒုတိယမြောက် မီးပုံးပျံ မတော်တဆမှု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကလည်း ဆာအိုပေါလို ပြည်နယ် အရှေ့တောင်ပိုင်းမှာ အမျိုးသမီးတစ်ဦး မီးပုံးပျံနဲ့ စီးနင်းလိုက်ပါလာစဉ် သေဆုံးမှု ဖြစ်ခဲ့ပါတယ်။
အတ္တလန္တိတ်ကမ်းရိုးတန်းမှာရှိတဲ့ ပရာရီရာ ဂရန်ဒီမြို့ဟာ ဘရာဇီးလ်မှာ ခရီးသွား ဧည့်သည်တွေကြား ရေပန်းစားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

Zawgyi Version:
ဘရာဇီးႏိုင္ငံမွာ မီးပုံးပ်ံ မေတာ္တဆမႈေၾကာင့္ လူရွစ္ဦး ေသဆုံး
ေရာင္နီ (NP News) - ဇြန္ ၂၃
ဘရာဇီးႏိုင္ငံေတာင္ပိုင္းမွာ ခရီးသည္ ၂၁ ဦးပါ မီးပုံးပ်ံတစ္စင္း စေနေန႔ (ဇြန္ ၂၁ ရက္) က မီးေလာင္ခဲ့ရာ လူ ၈ ဦးထက္မနည္း ေသဆုံးခဲ့တယ္လို႔ အခင္းျဖစ္ပြားရာေနရာရွိ ဆန္တာကာတာရီနာ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးက ေျပာၾကားပါတယ္။
"ေသဆုံးသူ ၈ ဦး၊ အသက္ရွင္က်န္ရစ္သူ ၁၃ ဦး" ရွိတယ္လို႔ အုပ္ခ်ဳပ္ေရးမႉး ေဂ်ာ္ဂ်င္ဟိုမယ္လိုက ေျပာ ၾကားပါတယ္။ အဆိုပါ မီးပုံးပ်ံဟာ ကမ္း႐ိုးတန္းၿမိဳ႕ ပရာရီရာ ဂရန္ဒီ ေပၚ ျဖတ္သန္းေနစဥ္ ေပါက္ကြဲသြားတာ ျဖစ္ၿပီး ခရီးသည္ေတြ လိုက္ပါလာတဲ့ မီးပုံးပ်ံေတာင္းႀကီးဟာ မီတာေပါင္းမ်ားစြာကေန ေျမျပင္ေပၚကို ျပဳတ္က်သြား ခဲ့တာျဖစ္ပါတယ္။ အသက္ရွင္က်န္ရစ္သူေတြရဲ႕အေျခအေနနဲ႔ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြ မသိရေသး ဘူးလို႔ ဆန္တာကာတာရီနာ မီးသတ္ဌာန ေျပာေရးဆိုခြင့္ရွိသူ က ဆိုပါတယ္။
မေတာ္တဆမႈျဖစ္ရတဲ့အေၾကာင္းရင္းကို သိရွိႏိုင္ဖို႔ စုံစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ ပရာရီရာ ဂရန္ဒီ ရဲအရာရွိ တီရာဂိုလူဝစ္လ့ဒက္မိုစ္ရဲ႕ေျပာၾကားခ်က္အရ လူစီးျခင္းေတာင္းအတြင္းမွာ ရွိတဲ့ ေလမႈတ္စက္ေၾကာင့္ မီးေလာင္ကြၽမ္းမႈျဖစ္ခဲ့တယ္လို႔ ယူဆရတယ္လို႔ ဆိုပါတယ္။ ဒါဟာ ႏိုင္ငံထဲမွာ ရက္ပိုင္းအတြင္းျဖစ္ပြားတဲ့ ဒုတိယေျမာက္ မီးပုံးပ်ံ မေတာ္တဆမႈ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့သီတင္းပတ္ကလည္း ဆာအိုေပါလို ျပည္နယ္ အေရွ႕ေတာင္ပိုင္းမွာ အမ်ိဳးသမီးတစ္ဦး မီးပုံးပ်ံနဲ႔ စီးနင္းလိုက္ပါလာစဥ္ ေသဆုံးမႈ ျဖစ္ခဲ့ပါတယ္။
အတၱလႏၲိတ္ကမ္း႐ိုးတန္းမွာရွိတဲ့ ပရာရီရာ ဂရန္ဒီၿမိဳ႕ဟာ ဘရာဇီးလ္မွာ ခရီးသြား ဧည့္သည္ေတြၾကား ေရပန္းစားတဲ့ ေနရာတစ္ခုျဖစ္ပါတယ္။