Netflix ရဲ့ animation ဇာတ်ကားသစ် 'K pop: Demon Hunters' နိုင်ငံပေါင်း ၂၂ နိုင်ငံ မှာ ထိပ်ဆုံးမှ ရပ်တည်နေ

 20

ရောင်နီ (NP News) - ဇွန် ၂၃
စင်မြင့်နောက်ကွယ်မှာ သဘာဝလွန်မိစ္ဆာတွေကို တိုက်ခိုက်ပြီး ကမ္ဘာကြီးကို ကာကွယ်နေတဲ့ K-pop မိန်းကလေးအဖွဲ့ "Huntrix"ကို ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ Netflix ရဲ့ ပထမဆုံး Animation စီးရီးသစ် 'Demon Hunters' ဟာ တစ်ကမ္ဘာလုံးက ပရိသတ်တွေကို ဆွဲဆောင်နေပါတယ်။
ဇွန်လ ၂၂ ရက်က streaming တွေကို စောင့်ကြည့်တဲ့ websit 'FlixPatrol' ရဲ့ အဆိုအရ 'K-pop: Demon Hunters' ဟာ Netflix ရဲ့ကမ္ဘာလုံးဆိုင်ရာ တီဗီစီးရီးအဆင့် သတ်မှတ်ချက်မှာ နံပါတ် ၁ နေရာ ရောက်ရှိခဲ့ပြီး တောင်ကိုရီးယား၊ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ မက္ကဆီကို၊ အိန္ဒိယ၊ ဂျပန်နဲ့ ဟောင်ကောင်အပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံရှိ Netflix ဇယားမှာ ထိပ်ဆုံးမှ ရပ်တည်နေတယ်လို့ သိရပါတယ်။ ဇာတ်လမ်းဟာ နတ်ဆိုးတွေကို တိတ်တဆိတ် ချေမှုန်းနေတဲ့ K-pop မိန်းကလေးအဖွဲ့ "Huntrix" နဲ့ နတ်ဆိုး K Pop အမျိုးသား အဖွဲ့ "Saja Boyz" ရဲ့တိုက်ခိုက်မှုတွေကို ဇာတ်အိမ်တည်ထားပြီး K pop စတိုင် သီချင်းတွေနဲ့ ဝေဆာဆာပြသထားပါတယ်။ ဇာတ်လမ်းမှာ ပါဝင်တဲ့ တေးသီချင်းတွေကလည်း ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး အမျိုးသမီး K pop "Huntrix" အဖွဲ့ရဲ့ 'TAKEDOWN'၊ 'How It's Done'၊'Free'၊ ဆန့်ကျင်ဘက် အမျိုးသားအဖွဲ့ရဲ့ Saja Boyz ရဲ့ 'Soda Pop' , 'Your Idol' သီချင်းတွေကို ပရိသတ်အကြိုက်တွေ့ခဲ့ပါတယ်။
အသံသရုပ်ဆောင်တွေအဖြစ် အမျိုးသား K pop အဖွဲ့ခေါင်းဆောင်အဖြစ် သရုပ်ဆောင် အာဟိုဆော့၊ ဗီလိန် ဂွီမာ အဖြစ် လီဗြောင်ဟွန်း၊ အမျိုးသမီး K pop အဖွဲ့ရဲ့သီချင်းတွေကို TWICE အဖွဲ့ဝင်တွေဖြစ်တဲ့ ဂျောင်ယွန်း၊ ဂျီဟိုနဲ့ ချယ်ယောင်းတို့က ပါဝင်သရုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
Netflix ရဲ႕ animation ဇာတ္ကားသစ္ 'K pop: Demon Hunters' ႏိုင္ငံေပါင္း ၂၂ ႏိုင္ငံ မွာ ထိပ္ဆုံးမွ ရပ္တည္ေန
ေရာင္နီ (NP News) - ဇြန္ ၂၃
စင္ျမင့္ေနာက္ကြယ္မွာ သဘာဝလြန္မိစာၦေတြကို တိုက္ခိုက္ၿပီး ကမာၻႀကီးကို ကာကြယ္ေနတဲ့ K-pop မိန္းကေလးအဖြဲ႕ "Huntrix"ကို ဇာတ္အိမ္တည္ ႐ိုက္ကူးထားတဲ့ Netflix ရဲ႕ ပထမဆုံး Animation စီးရီးသစ္ 'Demon Hunters' ဟာ တစ္ကမာၻလုံးက ပရိသတ္ေတြကို ဆြဲေဆာင္ေနပါတယ္။
ဇြန္လ ၂၂ ရက္က streaming ေတြကို ေစာင့္ၾကည့္တဲ့ websit 'FlixPatrol' ရဲ႕ အဆိုအရ 'K-pop: Demon Hunters' ဟာ Netflix ရဲ႕ကမာၻလုံးဆိုင္ရာ တီဗီစီးရီးအဆင့္ သတ္မွတ္ခ်က္မွာ နံပါတ္ ၁ ေနရာ ေရာက္ရွိခဲ့ၿပီး ေတာင္ကိုရီးယား၊ အေမရိကန္၊ ၿဗိတိန္၊ ျပင္သစ္၊ ဂ်ာမနီ၊ အီတလီ၊ မကၠဆီကို၊ အိႏၵိယ၊ ဂ်ပန္နဲ႔ ေဟာင္ေကာင္အပါအဝင္ ႏိုင္ငံေပါင္း ၂၂ ႏိုင္ငံရွိ Netflix ဇယားမွာ ထိပ္ဆုံးမွ ရပ္တည္ေနတယ္လို႔ သိရပါတယ္။ ဇာတ္လမ္းဟာ နတ္ဆိုးေတြကို တိတ္တဆိတ္ ေခ်မႈန္းေနတဲ့ K-pop မိန္းကေလးအဖြဲ႕ "Huntrix" နဲ႔ နတ္ဆိုး K Pop အမ်ိဳးသား အဖြဲ႕ "Saja Boyz" ရဲ႕တိုက္ခိုက္မႈေတြကို ဇာတ္အိမ္တည္ထားၿပီး K pop စတိုင္ သီခ်င္းေတြနဲ႔ ေဝဆာဆာျပသထားပါတယ္။ ဇာတ္လမ္းမွာ ပါဝင္တဲ့ ေတးသီခ်င္းေတြကလည္း ပရိသတ္ေတြရဲ႕ အာ႐ုံကို ဖမ္းစားႏိုင္ခဲ့ၿပီး အမ်ိဳးသမီး K pop "Huntrix" အဖြဲ႕ရဲ႕ 'TAKEDOWN'၊ 'How It's Done'၊'Free'၊ ဆန႔္က်င္ဘက္ အမ်ိဳးသားအဖြဲ႕ရဲ႕ Saja Boyz ရဲ႕ 'Soda Pop' , 'Your Idol' သီခ်င္းေတြကို ပရိသတ္အႀကိဳက္ေတြ႕ခဲ့ပါတယ္။
အသံသ႐ုပ္ေဆာင္ေတြအျဖစ္ အမ်ိဳးသား K pop အဖြဲ႕ေခါင္းေဆာင္အျဖစ္ သ႐ုပ္ေဆာင္ အာဟိုေဆာ့၊ ဗီလိန္ ဂြီမာ အျဖစ္ လီေျဗာင္ဟြန္း၊ အမ်ိဳးသမီး K pop အဖြဲ႕ရဲ႕သီခ်င္းေတြကို TWICE အဖြဲ႕ဝင္ေတြျဖစ္တဲ့ ေဂ်ာင္ယြန္း၊ ဂ်ီဟိုနဲ႔ ခ်ယ္ေယာင္းတို႔က ပါဝင္သ႐ုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.