BLACKPINK အဖွဲ့ဝင် ရိုစ့်၊ အမေရိကန် အဆိုတော် အဲလက်ဝါရန်း နဲ့ သီချင်းသစ် ထွက်ရှိမည်

118
ရောင်နီ(NP News) - ဇွန် ၂၅
တောင်ကိုရီးယား အမျိုးသမီး K Pop အဖွဲ့ BLACKPINK ရဲ့ အဖွဲ့ဝင် ရိုစ့်ဟာ အမေရိကန်အဆိုတော် အဲလက်ဝါရန်းနဲ့အတူ ပူးပေါင်းပြီး သီဆိုထားတဲ့ သီချင်းသစ်အတွက် Teaser ပြသလာခဲ့ပါတယ်။
သီချင်းသစ်အတွက် အမြည်း Teaser ဓာတ်ပုံကို ရိုစ့်က ဇွန်လ ၂၃ ရက်နေ့မှာ ပရိသတ်တွေကို ပြသလာခဲ့တာ ဖြစ်ပါတယ်။ Teaser ဓာတ်ပုံမှာ ရိုစ့်က အမေရိကန်အဆိုတော် အဲလက်ဝါရန်းနဲ့ ပေါ့ပေါ့ပါးပါးစတိုင် ရိုက်ကူးထားတာ မြင်တွေ့ရပြီး ဒါဟာ ရိုစ့်ရဲ့အမေရိကန်အဆိုတော်နဲ့ collaborate လုပ်တဲ့ နောက်ထပ်သီချင်းသစ်လည်း ဖြစ်ပါတယ်။ သီချင်းသစ် နာမည်ကတော့ "On My Mind" ဖြစ်ပြီး လာမယ့် ဇွန်လ ၂၇ ရက်မှာ ထွက်ရှိမယ်လို့ သိရပါတယ်။
ရိုစ့်ဟာ ပြီးခဲ့တဲ့ နှစ်ကလည်း အဆိုတော် ဘရူနိုမားစ်နဲ့ "APT" သီချင်းထွက်ရှိခဲ့ပြီး ကြည့်ရှုသူ (၁) ဘီလျံအမြန်ဆုံးပြည့်တဲ့ သီချင်းအဖြစ် စံချိန်တင်ခဲ့ပါတယ်။
zawgyi version
BLACKPINK အဖြဲ႕ဝင္ ႐ိုစ့္၊ အေမရိကန္ အဆိုေတာ္ အဲလက္ဝါရန္း နဲ႔ သီခ်င္းသစ္ ထြက္ရွိမည္
ေရာင္နီ(NP News) - ဇြန္ ၂၅
ေတာင္ကိုရီးယား အမ်ိဳးသမီး K Pop အဖြဲ႕ BLACKPINK ရဲ႕ အဖြဲ႕ဝင္ ႐ိုစ့္ဟာ အေမရိကန္အဆိုေတာ္ အဲလက္ဝါရန္းနဲ႔အတူ ပူးေပါင္းၿပီး သီဆိုထားတဲ့ သီခ်င္းသစ္အတြက္ Teaser ျပသလာခဲ့ပါတယ္။
သီခ်င္းသစ္အတြက္ အျမည္း Teaser ဓာတ္ပုံကို ႐ိုစ့္က ဇြန္လ ၂၃ ရက္ေန႔မွာ ပရိသတ္ေတြကို ျပသလာခဲ့တာ ျဖစ္ပါတယ္။ Teaser ဓာတ္ပုံမွာ ႐ိုစ့္က အေမရိကန္အဆိုေတာ္ အဲလက္ဝါရန္းနဲ႔ ေပါ့ေပါ့ပါးပါးစတိုင္ ႐ိုက္ကူးထားတာ ျမင္ေတြ႕ရၿပီး ဒါဟာ ႐ိုစ့္ရဲ႕အေမရိကန္အဆိုေတာ္နဲ႔ collaborate လုပ္တဲ့ ေနာက္ထပ္သီခ်င္းသစ္လည္း ျဖစ္ပါတယ္။ သီခ်င္းသစ္ နာမည္ကေတာ့ "On My Mind" ျဖစ္ၿပီး လာမယ့္ ဇြန္လ ၂၇ ရက္မွာ ထြက္ရွိမယ္လို႔ သိရပါတယ္။
႐ိုစ့္ဟာ ၿပီးခဲ့တဲ့ ႏွစ္ကလည္း အဆိုေတာ္ ဘ႐ူႏိုမားစ္နဲ႔ "APT" သီခ်င္းထြက္ရွိခဲ့ၿပီး ၾကည့္ရႈသူ (၁) ဘီလ်ံအျမန္ဆုံးျပည့္တဲ့ သီခ်င္းအျဖစ္ စံခ်ိန္တင္ခဲ့ပါတယ္။