AA က အသက်ပြည့်ပြီးသူတိုင်း ၂ နှစ် မဖြစ်မနေ တပ်သားလုပ်ရမည် ဆိုသောကြောင့် ပလက်ဝ တွင် မြို့မှ ထွက်ပြေးသူများရှိလာ

 303

မေဥဩ (NP-News) - ဇွန် ၂၈

AA က အသက်ပြည့်ပြီးသူတိုင်း ၂ နှစ်မဖြစ်မနေ တပ်သားလုပ်ရမည် ဆိုသောကြောင့် ၎င်းတို့ ထိန်းချုပ်ထား သည့် ပလက်ဝ တွင် မြို့မှ ထွက်ပြေးသူများရှိလာကြောင်း ဒေသခံ အချို့ က NP News ထံ ဆက်သွယ်ပြောကြားလာချက်များအရ သိရသည်။
ရခိုင်ပြည်နယ်မှ ၎င်းတို့ ထိန်းချုပ်ရာ ဒေသများတွင် အမျိုးသား ဆိုပါက အသက် ၁၈ နှစ်မှ အသက် ၄၅ နှစ်အတွင်း၊ အမျိုးသမီး ဆိုပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း ရှိပါက AA အဖွဲ့ တွင် ၂ နှစ် စစ်မှုထမ်း ရမည်ဟု ဆိုကာ ဆင့်ခေါ်နေခြင်းဖြစ်သည်။
ပလက်ဝမြို့နယ်သည် ချင်းပြည်နယ် အပိုင် ဖြစ်သော်လည်း AA က ထိန်းချုပ်ကာ ၎င်းတို့၏ အုပ်ချုပ်ရေး ယန္တရာ လည်ပတ်နေသောကြောင့် ချင်းတိုင်းရင်းသားများအကြား ဝေဖန်ကန့်ကွက်ခြင်းများ ရှိလာချိန် ယခု ကဲ့သို့ စစ်မှုမထမ်းမနေရ တပ်သားသစ် စုလာခြင်းဖြစ်သည်။
“အိမ်ထောင်စု စာရင်းနဲ့တိုက်ပြီး တစ်အိမ်ထောင် တစ်ယောက် မဝင်မနေရပါတဲ့။ ၄၅ ရက် စစ်သင်တန်းပေးပြီး ၂ နှစ် တာဝန်ထမ်းရမယ်ဆိုပါတယ်။ ဘယ်နေရာတာဝန်ကျလို့ကျမှန်းမသိ အိမ်မှာ ကျန်ခဲ့တဲ့သူတွေ စီးပွားရေး ဘယ်လိုလုပ်ကိုင် စားရမှန်းမသိနဲ့ ပလက်ဝက သူတွေ တော်တော် ဒုက္ခရောက်နေကြတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
AA တွင် ၂ နှစ် ကြာ တပ်သား မလုပ်လို၍ ထွက်ပြေးပါကလည်း ပြန်လည်ဝင်ခွင့်မပြုတော့ဟု ခြိမ်းခြောက်ခြင်းများ ရှိနေကြောင်းလည်း ၎င်းက ဆိုသည်။
“မြို့ပေါ်ရပ်ကွက် ရွာမ၊မြို့မ၊ သာယာကုန်း၊ပလုပ်တောင် ရပ်ကွက်တွေ စခေါ်နေပါပြီ။ ပြေးနိုင်တဲ့သူတွေလည်း ပြေးကြသလို၊ မပြေးနိုင်တဲ့သူတွေလဲ ဝင်ကြရပါတယ်” ဟု ၎င်းက ပြောသည်။
အသက်မပြည့်သေးသူများကိုပါ ခေါ်ယူနေသောကြောင့် မိဘများက ပြန်လွှတ်ပေးရန် တောင်းပန်ပြောဆိုရခြင်းများလည်း ရှိလာကြောင်း ၎င်းက ရှင်းပြသည်။
“ယောကျာ်းလေးတစ်ယောက်ပဲရှိတဲ့အိမ်တွေဆို ဘယ်လိုလုပ်ကိုင်စားသောက်ကြရတော့မလဲ။ မိန်းမတွေပဲ စီးပွားရှာ အိမ်ထောင်တာဝန်အကုန်လုပ်၊ အခွန်လဲပေးရနဲ့ဒေသခံတွေတော့ နာပြီးရင်း နာနေတော့တာပါပဲ” ဟု ၎င်းက ပြောသည်။

Zawgyi Version:
AA က အသက္ျပည့္ၿပီးသူတိုင္း ၂ ႏွစ္မျဖစ္မေန တပ္သားလုပ္ရမည္ ဆိုေသာေၾကာင့္ ပလက္ဝ တြင္ ၿမိဳ႕မွ ထြက္ေျပးသူမ်ားရွိလာ
ေမဥဩ (NP-News) - ဇြန္ ၂၈
AA က အသက္ျပည့္ၿပီးသူတိုင္း ၂ ႏွစ္မျဖစ္မေန တပ္သားလုပ္ရမည္ ဆိုေသာေၾကာင့္ ၎တို႔ ထိန္းခ်ဳပ္ထား သည့္ ပလက္ဝ တြင္ ၿမိဳ႕မွ ထြက္ေျပးသူမ်ားရွိလာေၾကာင္း ေဒသခံ အခ်ိဳ႕ က NP News ထံ ဆက္သြယ္ေျပာၾကားလာခ်က္မ်ားအရ သိရသည္။
ရခိုင္ျပည္နယ္မွ ၎တို႔ ထိန္းခ်ဳပ္ရာ ေဒသမ်ားတြင္ အမ်ိဳးသား ဆိုပါက အသက္ ၁၈ ႏွစ္မွ အသက္ ၄၅ ႏွစ္အတြင္း၊ အမ်ိဳးသမီး ဆိုပါက အသက္ ၁၈ ႏွစ္မွ ၃၅ ႏွစ္အတြင္း ရွိပါက AA အဖြဲ႕ တြင္ ၂ ႏွစ္ စစ္မႈထမ္း ရမည္ဟု ဆိုကာ ဆင့္ေခၚေနျခင္းျဖစ္သည္။
ပလက္ဝၿမိဳ႕နယ္သည္ ခ်င္းျပည္နယ္ အပိုင္ ျဖစ္ေသာ္လည္း AA က ထိန္းခ်ဳပ္ကာ ၎တို႔၏ အုပ္ခ်ဳပ္ေရး ယႏၲရာ လည္ပတ္ေနေသာေၾကာင့္ ခ်င္းတိုင္းရင္းသားမ်ားအၾကား ေဝဖန္ကန႔္ကြက္ျခင္းမ်ား ရွိလာခ်ိန္ ယခု ကဲ့သို႔ စစ္မႈမထမ္းမေနရ တပ္သားသစ္ စုလာျခင္းျဖစ္သည္။
“အိမ္ေထာင္စု စာရင္းနဲ႔တိုက္ၿပီး တစ္အိမ္ေထာင္ တစ္ေယာက္ မဝင္မေနရပါတဲ့။ ၄၅ ရက္ စစ္သင္တန္းေပးၿပီး ၂ ႏွစ္ တာဝန္ထမ္းရမယ္ဆိုပါတယ္။ ဘယ္ေနရာတာဝန္က်လို႔က်မွန္းမသိ အိမ္မွာ က်န္ခဲ့တဲ့သူေတြ စီးပြားေရး ဘယ္လိုလုပ္ကိုင္ စားရမွန္းမသိနဲ႔ ပလက္ဝက သူေတြ ေတာ္ေတာ္ ဒုကၡေရာက္ေနၾကတယ္” ဟု သတင္းရင္းျမစ္တစ္ဦးက ဆိုသည္။
AA တြင္ ၂ ႏွစ္ ၾကာ တပ္သား မလုပ္လို၍ ထြက္ေျပးပါကလည္း ျပန္လည္ဝင္ခြင့္မျပဳေတာ့ဟု ၿခိမ္းေျခာက္ျခင္းမ်ား ရွိေနေၾကာင္းလည္း ၎က ဆိုသည္။
“ၿမိဳ႕ေပၚရပ္ကြက္ ႐ြာမ၊ၿမိဳ႕မ၊ သာယာကုန္း၊ပလုပ္ေတာင္ ရပ္ကြက္ေတြ စေခၚေနပါၿပီ။ ေျပးႏိုင္တဲ့သူေတြလည္း ေျပးၾကသလို၊ မေျပးႏိုင္တဲ့သူေတြလဲ ဝင္ၾကရပါတယ္” ဟု ၎က ေျပာသည္။
အသက္မျပည့္ေသးသူမ်ားကိုပါ ေခၚယူေနေသာေၾကာင့္ မိဘမ်ားက ျပန္လႊတ္ေပးရန္ ေတာင္းပန္ေျပာဆိုရျခင္းမ်ားလည္း ရွိလာေၾကာင္း ၎က ရွင္းျပသည္။
“ေယာက်ာ္းေလးတစ္ေယာက္ပဲရွိတဲ့အိမ္ေတြဆို ဘယ္လိုလုပ္ကိုင္စားေသာက္ၾကရေတာ့မလဲ။ မိန္းမေတြပဲ စီးပြားရွာ အိမ္ေထာင္တာဝန္အကုန္လုပ္၊ အခြန္လဲေပးရနဲ႔ေဒသခံေတြေတာ့ နာၿပီးရင္း နာေနေတာ့တာပါပဲ” ဟု ၎က ေျပာသည္။

© 2021. All rights reserved.