ရုရှားနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး ရုရှားကနေ ထွက်ခွာ

 695

Pika (NP News) - ဇွန် ၂၉
ရုရှားနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး Lynne Tracy ဟာ ရုရှားနိုင်ငံကနေ ထွက်ခွာတော့မယ်လို့ ၎င်းရဲ့ သံရုံးကပြောကြားခဲ့ပါတယ်။ ဒါ့ပြင် Lynne Tracy ဟာ ရုရှားနဲ့အမေရိကန်နိုင်ငံကြား ဆက်ဆံရေးအကျပ်တည်းဆုံး ကာလထဲက တစ်ခုကို တာဝန်ထမ်းဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ပျက်စီးသွားခဲ့တဲ့ နှစ်နိုင်ငံကြားဆက်ဆံရေးတွေကို ပြန်လည်စတင်ဖို့ အလားအလာ တွေကို အမေရိကန်နဲ့ရုရှားတို့က ဆွေးနွေးမှုတွေလုပ်ဆောင်နေချိန်မှာပဲ အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန် အစိုးရခန့်အပ်ခဲ့တဲ့ သံအမတ်ကြီး Lynne Tracy ရဲ့ထွက်ခွာမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။ အမေရိကန်နဲ့ ရုရှားကြား ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်တွေ ရရှိလာနိုင်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် က ထုတ်ဖော်ပြောဆိုခဲ့ပေမယ့်လည်း ယူကရိန်းစစ်ပွဲကို အဆုံးသတ်မယ့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ၎င်းရဲ့ကြိုးပမ်းမှုတွေဟာ လက်ရှိအချိန်အထိ တိုးတက်လာတာမျိုးမရှိသေးတဲ့အတွက် စိတ်ပျက်မိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
Lynne Tracy က “ဒီလိုခက်ခဲတဲ့ကာလမှာ ရုရှားနိုင်ငံမှာ ကျွန်မရဲ့မိခင်နိုင်ငံကို ကိုယ်စားပြုခွင့်ရခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်။ ကျွန်မထွက်ခွါသွားပေမယ့်လည်း ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်တွေက ရုရှားပြည်သူတွေနဲ့ ဆက်ဆံရေးကို တိုးတက်ကောင်းမွန်အောင် ဆက်လက်လုပ်ဆောင်သွားမယ်ဆိုတာ ယုံကြည်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
႐ုရွားႏိုင္ငံဆိုင္ရာအေမရိကန္သံအမတ္ႀကီး ႐ုရွားကေန ထြက္ခြာ
Pika (NP News) - ဇြန္ ၂၉
႐ုရွားႏိုင္ငံဆိုင္ရာအေမရိကန္သံအမတ္ႀကီး Lynne Tracy ဟာ ႐ုရွားႏိုင္ငံကေန ထြက္ခြာေတာ့မယ္လို႔ ၎ရဲ႕ သံ႐ုံးကေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ Lynne Tracy ဟာ ႐ုရွားနဲ႔အေမရိကန္ႏိုင္ငံၾကား ဆက္ဆံေရးအက်ပ္တည္းဆုံး ကာလထဲက တစ္ခုကို တာဝန္ထမ္းေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး ပ်က္စီးသြားခဲ့တဲ့ ႏွစ္ႏိုင္ငံၾကားဆက္ဆံေရးေတြကို ျပန္လည္စတင္ဖို႔ အလားအလာ ေတြကို အေမရိကန္နဲ႔႐ုရွားတို႔က ေဆြးေႏြးမႈေတြလုပ္ေဆာင္ေနခ်ိန္မွာပဲ အေမရိကန္သမၼတေဟာင္း ဂ်ိဳးဘိုင္ဒန္ အစိုးရခန႔္အပ္ခဲ့တဲ့ သံအမတ္ႀကီး Lynne Tracy ရဲ႕ထြက္ခြာမႈ ထြက္ေပၚလာတာျဖစ္ပါတယ္။ အေမရိကန္နဲ႔ ႐ုရွားၾကား ႀကီးမားတဲ့ရင္းႏွီးျမႇဳပ္ႏွံမႈသေဘာတူညီခ်က္ေတြ ရရွိလာႏိုင္တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္ က ထုတ္ေဖာ္ေျပာဆိုခဲ့ေပမယ့္လည္း ယူကရိန္းစစ္ပြဲကို အဆုံးသတ္မယ့္ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ကို အေကာင္အထည္ေဖာ္ဖို႔ ၎ရဲ႕ႀကိဳးပမ္းမႈေတြဟာ လက္ရွိအခ်ိန္အထိ တိုးတက္လာတာမ်ိဳးမရွိေသးတဲ့အတြက္ စိတ္ပ်က္မိတယ္လို႔လည္း ေျပာၾကားခဲ့ပါတယ္။
Lynne Tracy က “ဒီလိုခက္ခဲတဲ့ကာလမွာ ႐ုရွားႏိုင္ငံမွာ ကြၽန္မရဲ႕မိခင္ႏိုင္ငံကို ကိုယ္စားျပဳခြင့္ရခဲ့တဲ့အတြက္ ဝမ္းသာမိပါတယ္။ ကြၽန္မထြက္ခြါသြားေပမယ့္လည္း ကြၽန္မရဲ႕လုပ္ေဖာ္ကိုင္ဖက္ေတြက ႐ုရွားျပည္သူေတြနဲ႔ ဆက္ဆံေရးကို တိုးတက္ေကာင္းမြန္ေအာင္ ဆက္လက္လုပ္ေဆာင္သြားမယ္ဆိုတာ ယုံၾကည္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.