တောင်ကိုရီးယားဒရာမာ 'Marry My Husband' ကို ဂျပန်ဗားရှင်း ပြန်ရိုက်

 115

ရောင်နီ (NP News) - ဇွန် ၂၉
ပြီးခဲ့တဲ့နှစ်က tvN မှ ထုတ်လွှင့်ပြီး ပရိသတ်များစွာကို ဖမ်းစားနိုင်ခဲ့သော နာမည်ကျော် တောင်ကိုရီးယား ဒရာမာ 'Marry My Husband' ကို ဂျပန် theme နဲ့ ပြန်ရိုက်ထားတဲ့ ဂျပန်ဗားရှင်း "Marry My Husband" ဒရာမာ ဇွန်လ ၂၇ ရက်က ထွက်ရှိခဲ့ပါတယ်။
ဂျပန်ဗားရှင်းကတော့ မူရင်းဝဘ်ဝတ္ထုကို အခြေခံပြီး ဂျပန်ယဉ်ကျေးမှု၊ လူမှုအသိုင်းအဝိုင်းဆိုင်ရာ အကြောင်းအရာတွေနဲ့ ပြန်လည်ဖန်တီးထားတယ်လို့ သိရပါတယ်။ ဇာတ်လမ်းကို ဂျပန်ထုတ်လုပ်ရေးကုမ္ပဏီကြီး Shochiku၊ CJ ENM နဲ့ Studio Dragon တို့မှ ပူးပေါင်းထုတ်လုပ်ပြီး ကိုရီးယား-ဂျပန် ပူးတွဲ ပရောဂျက်အဖြစ် ပြသခဲ့တာဖြစ်တယ်လို့ သိရပါတယါ။
မူရင်းကိုရီးယားဒရာမာဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ ထုတ်လွှင့်ပြသခဲ့ပြီး tvN သမိုင်းမှာ ပျမ်းမျှအဆင့်အမြင့်ဆုံး အဆင့်သတ်မှတ်မှု (၉.၂ ရာခိုင်နှုန်း)နဲ့ ကြည့်ရှုမှုအများဆုံး ဒရာမာဖြစ်ခဲ့ပါတယ်။ ဒါအပြင် ဇာတ်ကားဟာ တီဗီနဲ့ OTT buzz မှာ သီတင်း ခုနစ်ပတ်ဆက်တိုက် နံပါတ် ၁ နေရာ ချိတ်ခဲ့ပြီး ဂျပန်၊ သြစတြေးလျ၊ ထိုင်ဝမ်၊ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ အိန္ဒိယ၊ ဘရာဇီး အပါအဝင် နိုင်ငံပေါင်း ၆၇ နိုင်ငံမှာ နံပါတ် ၁ ရောက်ရှိခဲ့ပါတယ်။ ဒါအပြင် ဒီဇာတ်ကားဟာ အမေရိကန်၊ ကနေဒါ၊ ယူကေ၊ နဲ့ ဂျာမနီတို့လို အနောက်နိုင်ငံတွေရဲ့ ထိပ်တန်း ၁ဝ နိုင်ငံစာရင်းထဲမှာလည်း ပါဝင်ပြသနိုင်ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။
ဂျပန်ဗားရှင်းမှာ 'oku', Fermat's Cuisine' ဇာတ်ကားတွေနဲ့ လူသိများတဲ့ မင်းသမီး ကိုရှီဘာဖူကာ က အမျိုးသမီးဇာတ်ဆောင်ကာရိုက်တာ အဖြစ် သရုပ်ဆောင်ခဲ့ပြီး 'Rurouni Kenshin' ဇာတ်ကားစီးရီးနဲ့ လူသိများခဲ့တဲ့ မင်းသား ဆာတိုတက်ခီရူ က အမျိုးသားဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယားဒရာမာ 'Marry My Husband' ကို ဂ်ပန္ဗားရွင္း ျပန္႐ိုက္
ေရာင္နီ (NP News) - ဇြန္ ၂၉
ၿပီးခဲ့တဲ့ႏွစ္က tvN မွ ထုတ္လႊင့္ၿပီး ပရိသတ္မ်ားစြာကို ဖမ္းစားႏိုင္ခဲ့ေသာ နာမည္ေက်ာ္ ေတာင္ကိုရီးယား ဒရာမာ 'Marry My Husband' ကို ဂ်ပန္ theme နဲ႔ ျပန္႐ိုက္ထားတဲ့ ဂ်ပန္ဗားရွင္း "Marry My Husband" ဒရာမာ ဇြန္လ ၂၇ ရက္က ထြက္ရွိခဲ့ပါတယ္။
ဂ်ပန္ဗားရွင္းကေတာ့ မူရင္းဝဘ္ဝတၳဳကို အေျခခံၿပီး ဂ်ပန္ယဥ္ေက်းမႈ၊ လူမႈအသိုင္းအဝိုင္းဆိုင္ရာ အေၾကာင္းအရာေတြနဲ႔ ျပန္လည္ဖန္တီးထားတယ္လို႔ သိရပါတယ္။ ဇာတ္လမ္းကို ဂ်ပန္ထုတ္လုပ္ေရးကုမၸဏီႀကီး Shochiku၊ CJ ENM နဲ႔ Studio Dragon တို႔မွ ပူးေပါင္းထုတ္လုပ္ၿပီး ကိုရီးယား-ဂ်ပန္ ပူးတြဲ ပေရာဂ်က္အျဖစ္ ျပသခဲ့တာျဖစ္တယ္လို႔ သိရပါတယါ။
မူရင္းကိုရီးယားဒရာမာဟာ ၂၀၂၄ ခုႏွစ္ ဇန္နဝါရီလမွ ေဖေဖာ္ဝါရီလအထိ ထုတ္လႊင့္ျပသခဲ့ၿပီး tvN သမိုင္းမွာ ပ်မ္းမွ်အဆင့္အျမင့္ဆုံး အဆင့္သတ္မွတ္မႈ (၉.၂ ရာခိုင္ႏႈန္း)နဲ႔ ၾကည့္ရႈမႈအမ်ားဆုံး ဒရာမာျဖစ္ခဲ့ပါတယ္။ ဒါအျပင္ ဇာတ္ကားဟာ တီဗီနဲ႔ OTT buzz မွာ သီတင္း ခုနစ္ပတ္ဆက္တိုက္ နံပါတ္ ၁ ေနရာ ခ်ိတ္ခဲ့ၿပီး ဂ်ပန္၊ ၾသစေၾတးလ်၊ ထိုင္ဝမ္၊ စင္ကာပူ၊ ထိုင္း၊ ဖိလစ္ပိုင္၊ အင္ဒိုနီးရွား၊ မေလးရွား၊ အိႏၵိယ၊ ဘရာဇီး အပါအဝင္ ႏိုင္ငံေပါင္း ၆၇ ႏိုင္ငံမွာ နံပါတ္ ၁ ေရာက္ရွိခဲ့ပါတယ္။ ဒါအျပင္ ဒီဇာတ္ကားဟာ အေမရိကန္၊ ကေနဒါ၊ ယူေက၊ နဲ႔ ဂ်ာမနီတို႔လို အေနာက္ႏိုင္ငံေတြရဲ႕ ထိပ္တန္း ၁ဝ ႏိုင္ငံစာရင္းထဲမွာလည္း ပါဝင္ျပသႏိုင္ခဲ့တဲ့ဇာတ္ကားျဖစ္ပါတယ္။
ဂ်ပန္ဗားရွင္းမွာ 'oku', Fermat's Cuisine' ဇာတ္ကားေတြနဲ႔ လူသိမ်ားတဲ့ မင္းသမီး ကိုရွီဘာဖူကာ က အမ်ိဳးသမီးဇာတ္ေဆာင္ကာ႐ိုက္တာ အျဖစ္ သ႐ုပ္ေဆာင္ခဲ့ၿပီး 'Rurouni Kenshin' ဇာတ္ကားစီးရီးနဲ႔ လူသိမ်ားခဲ့တဲ့ မင္းသား ဆာတိုတက္ခီ႐ူ က အမ်ိဳးသားဇာတ္ေဆာင္အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

Related news

© 2021. All rights reserved.