'Kpop Demon Hunters' ဇာတ်ကားထဲက တေးသီချင်းတွေ Spotify ရဲ့ US Daily ထိပ်တန်းသီချင်းဇယားမှာ နေရာယူထား

 34

ရောင်နီ (NP News) - ဇွန် ၂၉
Netflix ရဲ့ပထမဆုံး Animation ဇာတ်ကား 'Kpop Demon Hunters' မှာ ပါဝင်တဲ့ သီချင်းတွေဟာ Spotify ရဲ့ US Daily Top Songs ဇယားမှာ နေရာယူထားပြီး ကာတွန်းဇာတ်ဆောင်အဖြစ်သာမက ဂီတမှာပါ အောင်မြင်ခဲ့တယ် ဆိုတာပြသနေပါတယ်။
"Kpop Demon Hunters" ဇာတ်ကားထဲမှာ ပါဝင်တဲ့ "Your Idol၊” “Golden၊” “How It’s Done၊” “Soda Pop၊” “What It Sounds Like” “Free” နဲ့ "Takedown” စတဲ့ သီချင်းတွေဟာ ပရိသတ် လူကြိုက်များခဲ့ပြီး US Daily Top Songs 100 ကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
'Kpop Demon Hunters' ဟာ စင်မြင့်နောက်ကွယ်မှာ နတ်ဆိုးတွေကို နှိမ်နင်းနေရတဲ့ K Pop မိန်းကလေး အဖွဲ့ HUNTR/X နဲ့ ပြိုင်ဘက် နတ်ဆိုး K Pop အမျိုးသားအဖွဲ့ Saja Boys အကြား တိုက်ပွဲတွေနဲ့ ချစ်ဇာတ်လမ်းကို ပုံဖော်ထားပါတယ်။Netflix မှာ တစ်ကမ္ဘာလုံးအတွက် ပွဲဦးထွက် ပြသပြီးကတည်းက ဇာတ်ကားမှာ ပါဝင်တဲ့ ဇာတ်ကောင်တွေ၊ ဒဏ္ဍာရီတွေနဲ့ တေးသီချင်းတွေဟာ လူစိတ်ဝင်စားမှုမြင့်တက်ခဲ့တာဖြစ်ပါတယ်။

Zawgyi Version:
'Kpop Demon Hunters' ဇာတ္ကားထဲက ေတးသီခ်င္းေတြ Spotify ရဲ႕ US Daily ထိပ္တန္းသီခ်င္းဇယားမွာ ေနရာယူထား
ေရာင္နီ (NP News) - ဇြန္ ၂၉
Netflix ရဲ႕ပထမဆုံး Animation ဇာတ္ကား 'Kpop Demon Hunters' မွာ ပါဝင္တဲ့ သီခ်င္းေတြဟာ Spotify ရဲ႕ US Daily Top Songs ဇယားမွာ ေနရာယူထားၿပီး ကာတြန္းဇာတ္ေဆာင္အျဖစ္သာမက ဂီတမွာပါ ေအာင္ျမင္ခဲ့တယ္ ဆိုတာျပသေနပါတယ္။
"Kpop Demon Hunters" ဇာတ္ကားထဲမွာ ပါဝင္တဲ့ "Your Idol၊” “Golden၊” “How It’s Done၊” “Soda Pop၊” “What It Sounds Like” “Free” နဲ႔ "Takedown” စတဲ့ သီခ်င္းေတြဟာ ပရိသတ္ လူႀကိဳက္မ်ားခဲ့ၿပီး US Daily Top Songs 100 ကို ဝင္ေရာက္ခဲ့တာျဖစ္ပါတယ္။
'Kpop Demon Hunters' ဟာ စင္ျမင့္ေနာက္ကြယ္မွာ နတ္ဆိုးေတြကို ႏွိမ္နင္းေနရတဲ့ K Pop မိန္းကေလး အဖြဲ႕ HUNTR/X နဲ႔ ၿပိဳင္ဘက္ နတ္ဆိုး K Pop အမ်ိဳးသားအဖြဲ႕ Saja Boys အၾကား တိုက္ပြဲေတြနဲ႔ ခ်စ္ဇာတ္လမ္းကို ပုံေဖာ္ထားပါတယ္။Netflix မွာ တစ္ကမာၻလုံးအတြက္ ပြဲဦးထြက္ ျပသၿပီးကတည္းက ဇာတ္ကားမွာ ပါဝင္တဲ့ ဇာတ္ေကာင္ေတြ၊ ဒ႑ာရီေတြနဲ႔ ေတးသီခ်င္းေတြဟာ လူစိတ္ဝင္စားမႈျမင့္တက္ခဲ့တာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.