ဆန်စပါး ကြိတ်ခွဲထုတ်လုပ်ရေး နည်းပညာသင်တန်းကို သြဂုတ်လတွင် ဖွင့်လှစ်မည်

114

စော(NP News)- ဇွန် ၃၀
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အပါအဝင် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့အကြား (University Industry Collaboration) ပုံစံဖြင့် ဆန်စပါး ကြိတ်ခွဲထုတ်လုပ်ရေး နည်းပညာသင်တန်း (Certificate Course၊ Higher Certificate Course in Rice Processing Technology) ကို စာတွေ့၊ လက်တွေ့သင်ကြားမှုပုံစံဖြင့် သြဂုတ်လတွင် ဖွင့်လှစ်သွားရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ထုတ်ပြန်ထားသည်။
အဆိုပါသင်တန်းများကို စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း (SITE) နှင့် အစိုးရစက်မှု လက်မှုသိပ္ပံ (Insein GTI) တို့နှင့် ပူးပေါင်းဖွင့်လှစ်ရန် ညှိနှိုင်းစီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က ဆိုသည်။
ထိုသို့ညှိနှိုင်းလျက်ရှိရာ သင့်တန်းကို ဩဂုတ်လတွင် စတင်ဖွင့်လှစ်ရန် ပြင်ဆင်နေပြီး သင်တန်းကာလ (၃) လ ၊ (၄) လ ခန့် ကြာမြင့်ပါမည်ဖြစ်၍ သင်တန်းတက်နေစဥ်ကာလအတွင်း နေထိုင်စားသောက် စရိတ်ငြိမ်း၊ သင်တန်းကြေး အခမဲ့ဖြစ်ကာ သင်တန်းပြီးပါက ဆန်စက်များနှင့် ဆန်စပါးကုမ္ပဏီများတွင် အလုပ်အကိုင်ရရှိမည့် Employment Guaranteed Training ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သင်တန်းသို့ THS၊ AGTI တက်ရောက်ခဲ့သူများ၊ လက်မှတ်ရပြီးသူများ အပါအဝင် ဆန်စက်လုပ်ငန်း နှင့် သက်ဆိုင်သော လျှပ်စစ်၊ စက်မှုနည်းပညာပိုင်းဆိုင်ရာ အခြေခံ အတွေ့အကြုံရှိသူများ၊ စက်ရုံအလုပ်ရုံများတွင် လုပ်ကိုင်ခဲ့သည့် အတွေ့အကြုံရှိသူများ အနက်မှ ရွေးချယ်စိစစ်မှုဖြင့် ပါဝင်တက်ရောက်နိုင်မည် ဖြစ်ပါကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အသိပေးထားသည်။

Zawgyi Version:
ဆန္စပါး ႀကိတ္ခြဲထုတ္လုပ္ေရး နည္းပညာသင္တန္းကို ၾသဂုတ္လတြင္ ဖြင့္လွစ္မည္
ေစာ(NP News)- ဇြန္ ၃၀
သိပၸံႏွင့္ နည္းပညာဝန္ႀကီးဌာန အပါအဝင္ နည္းပညာ၊ သက္ေမြးပညာႏွင့္ ေလ့က်င့္ေရးဦးစီးဌာန၊ ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္တို႔အၾကား (University Industry Collaboration) ပုံစံျဖင့္ ဆန္စပါး ႀကိတ္ခြဲထုတ္လုပ္ေရး နည္းပညာသင္တန္း (Certificate Course၊ Higher Certificate Course in Rice Processing Technology) ကို စာေတြ႕၊ လက္ေတြ႕သင္ၾကားမႈပုံစံျဖင့္ ၾသဂုတ္လတြင္ ဖြင့္လွစ္သြားရန္ စီစဥ္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါး အသင္းခ်ဳပ္က ထုတ္ျပန္ထားသည္။
အဆိုပါသင္တန္းမ်ားကို စက္မႈနည္းပညာေလ့က်င့္သင္ၾကားေရးသင္တန္းေက်ာင္း (SITE) ႏွင့္ အစိုးရစက္မႈ လက္မႈသိပၸံ (Insein GTI) တို႔ႏွင့္ ပူးေပါင္းဖြင့္လွစ္ရန္ ညႇိႏႈိင္းစီစဥ္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံဆန္စပါး အသင္းခ်ဳပ္က ဆိုသည္။
ထိုသို႔ညႇိႏႈိင္းလ်က္ရွိရာ သင့္တန္းကို ဩဂုတ္လတြင္ စတင္ဖြင့္လွစ္ရန္ ျပင္ဆင္ေနၿပီး သင္တန္းကာလ (၃) လ ၊ (၄) လ ခန္႔ ၾကာျမင့္ပါမည္ျဖစ္၍ သင္တန္းတက္ေနစဥ္ကာလအတြင္း ေနထိုင္စားေသာက္ စရိတ္ၿငိမ္း၊ သင္တန္းေၾကး အခမဲ့ျဖစ္ကာ သင္တန္းၿပီးပါက ဆန္စက္မ်ားႏွင့္ ဆန္စပါးကုမၸဏီမ်ားတြင္ အလုပ္အကိုင္ရရွိမည့္ Employment Guaranteed Training ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ သင္တန္းသို႔ THS၊ AGTI တက္ေရာက္ခဲ့သူမ်ား၊ လက္မွတ္ရၿပီးသူမ်ား အပါအဝင္ ဆန္စက္လုပ္ငန္း ႏွင့္ သက္ဆိုင္ေသာ လွ်ပ္စစ္၊ စက္မႈနည္းပညာပိုင္းဆိုင္ရာ အေျခခံ အေတြ႕အႀကဳံရွိသူမ်ား၊ စက္႐ုံအလုပ္႐ုံမ်ားတြင္ လုပ္ကိုင္ခဲ့သည့္ အေတြ႕အႀကဳံရွိသူမ်ား အနက္မွ ေ႐ြးခ်ယ္စိစစ္မႈျဖင့္ ပါဝင္တက္ေရာက္ႏိုင္မည္ ျဖစ္ပါေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္က အသိေပးထားသည္။