နယ်မြေမတည်ငြိမ်မှုကြောင့် လောင်းလုံးမြို့နယ်မှ လယ်ဧက (၇၀) ရာခိုင်နှုန်းကျော် မစိုက်ပျိုးနိုင်

198

သန့်ဇင် (NP News) - ဇူလိုင် ၁
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် PDF များ ဝင်ရောက်မှု များ ပြားလာပြီးနောက် နယ်မြေမတည်ငြိမ်မှုကြောင့် ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် လယ်ဧက (၇၀) ရာခိုင် နှုန်းကျော် စိုက်ပျိုး၍မရသေးကြောင်း ဒေသခံများက NP News သို့ပြောသည်။
လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာ များအတွင်းသို့ PDF အဖွဲ့များ အခြေပြုနေထိုင် နေသည့် အတွက် တပ်မတော်က နယ်မြေရှင်းလင်းခြင်း လုပ်ဆောင်နေလျက်ရှိရာ တိုက်ပွဲများဖြစ်ပွားလာမည့် အရိပ်အယောင်များကြောင့် ဒေသခံလယ်သမားများ စိုက်ပျိုးရန်အခက်အခဲရှိနေခြင်းဖြစ်ကြောင်း သိရသည်။
“ထားဝယ်နားမှာရှိတဲ့ လယ်တွေလောက်ပဲ လုပ်နိုင်တယ်ပေါ့နော်။ လောင်းလုံးဘက်ခြမ်းတွေ ဆိုရင် လုံးဝအဆင်မပြေဘူး။ (၁၀ဝ)မှာ (၇၀) ရာခိုင်နှုန်းကတော့ လုံးဝစိုက်လို့ မရဘူး။ PDF တွေက လည်း လယ်တွေမှာဆိုရင် အဲဒီမှာ လယ်တဲတွေရှိတယ်။ မိုးတွင်းကာလဆိုတော့ သူတို့တွေက ရွာထဲဝင် ရင် သတင်းပေါက်လို့ လယ်တဲတွေမှာခိုတယ်။ အဓိကလယ်တွေက တော်တော်များများက မြစ်ကမ်း နံဘေးမှာ လှုပ်ရှားတာတွေ။ အဲဒီဘက်ကို တပ်ကလည်း ရှင်းနေတော့ ပြည်သူတွေကမနေရဲဘူး။ လယ်လည်း သွားမလုပ်ရဲဘူး”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ အခြေအနေများအပြင် လက်ရှိကာလ လယ်ယာလုပ်ကိုင်၍ရသောကျေးရွာများမှ စပါး များကိုလည်း PDF က ထိန်းချုပ်ခြယ်လှယ်ထားသည့်အတွက် လာမည့်ဆောင်းဦးကာလရောက်ပါက ဆန်ဈေးမြင့်တက်ဖွယ်ရှိနေကြောင်း အထက်ပါ ဒေသခံကဆိုသည်။
“PDF တွေက နဂိုတည်းက လယ်သမားတွေဆီက စပါးတွေကို မြို့ပေါ်ကို တက်မရောင်းခိုင်းဘူး။ အဲဒါက လွန်ခဲ့တဲ့ (၃)နှစ်လောက်ကတည်းက။ ဥပမာ-ရွာတစ်ရွာက လယ်ကို တခြားသူပိုင်ရင်တောင်မှပဲ အဲဒီရွာမှာပဲ ပြန်ရောင်း။ ကျန်တဲ့နေရာမှာ မရောင်းနဲ့။ အဲဒီလို။ ကျွန်တော်က မြို့ပေါ်မှာနေတယ်။ ဒါပေမဲ့ လယ် စိုက်ချင်လို့ အဲဒီမှာလယ်ဝယ်ပြီးလုပ်ရင်တောင် အဲဒီကထွက်တဲ့စပါးကို ရောင်းချင်တဲ့နေရာ ရောင်း လို့မရဘူး။ အဲဒီမှာပဲပြန်ရောင်းတယ်။ အဲဒီ တော့ ကိုယ့်စပါးကိုတောင် ကိုယ်ပြန်ရောင်းချင်တဲ့ နေရာ တောင် မရောင်းရ။ လယ်လုပ်ရတာလည်း အခက်အခဲရှိတော့ မထူးဘူး မလုပ်တော့ဘူးဆိုပြီး ပစ်ထားတဲ့ လူတွေလည်းများလာတာပေါ့” ဟု ၎င်းကပြောသည်။
အလားတူ ထားဝယ်မြို့အရှေ့ဘက်တွင်လည်း PDF အဖွဲ့လှုပ်ရှားမှု ယခင်ထက်များပြားလာ သောကြောင့် ရော်ဘာခြံလုပ်ငန်းအချို့အပြင် သီဟိုဠ်ခြံလုပ်ငန်းနှင့် အခြားသော ဥယျာဉ်ခြံလုပ်ငန်း အချို့လည်း ရပ်နားထားရကြောင်း ၎င်းကဆက်လက်ပြောသည်။
“ဒီမှာကတော့ ကြားညပ်ထားတာပေါ့။ ကျွန်တော်တို့က တောထဲဝင်သွားရင် လမ်းမှာတွေ့ရင် မင်းတို့က ထောက်ပို့တွေလားဆိုတာမျိုး တွေ။ မြို့ပေါ်ပြန်တက်ရင်လည်း မင်းတို့က ဒလန်တွေလားနဲ့ နှစ်ဖက်လုံးကြားမှာညပ်နေတာ။ အဲဒါနဲ့ မထူးဘူး နားလိုက်တာပဲအေးတယ်ဆိုပြီး ဘယ်ခြံမှမသွားဘဲ နား လိုက်ကြတာပဲ။ အခုဆိုရင် ရေဝိုင်းရွာနဲ့ ပကာရီရွာမှာ PDF တွေတော်တော်များတယ်။ လာမယ့်ရက်ပိုင်းအတွင်းမှာ တိုက်ပွဲကြီးကြီးရှိလာနိုင်မယ်ထင်တယ်”ဟု ၎င်းကပြောသည်။
zawgyi version
နယ္ေျမမတည္ၿငိမ္မႈေၾကာင့္ ေလာင္းလုံးၿမိဳ႕နယ္မွ လယ္ဧက (၇၀) ရာခိုင္ႏႈန္းေက်ာ္ မစိုက္ပ်ိဳးႏိုင္
သန႔္ဇင္ (NP News) - ဇူလိုင္ ၁
တနသၤာရီတိုင္းေဒသႀကီး ထားဝယ္ခ႐ိုင္၊ ေလာင္းလုံးၿမိဳ႕နယ္တြင္ PDF မ်ား ဝင္ေရာက္မႈ မ်ား ျပားလာၿပီးေနာက္ နယ္ေျမမတည္ၿငိမ္မႈေၾကာင့္ ယခုႏွစ္မိုးစပါးစိုက္ပ်ိဳးရာသီတြင္ လယ္ဧက (၇၀) ရာခိုင္ ႏႈန္းေက်ာ္ စိုက္ပ်ိဳး၍မရေသးေၾကာင္း ေဒသခံမ်ားက NP News သို႔ေျပာသည္။
ေလာင္းလုံးၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာ မ်ားအတြင္းသို႔ PDF အဖြဲ႕မ်ား အေျချပဳေနထိုင္ ေနသည့္ အတြက္ တပ္မေတာ္က နယ္ေျမရွင္းလင္းျခင္း လုပ္ေဆာင္ေနလ်က္ရွိရာ တိုက္ပြဲမ်ားျဖစ္ပြားလာမည့္ အရိပ္အေယာင္မ်ားေၾကာင့္ ေဒသခံလယ္သမားမ်ား စိုက္ပ်ိဳးရန္အခက္အခဲရွိေနျခင္းျဖစ္ေၾကာင္း သိရသည္။
“ထားဝယ္နားမွာရွိတဲ့ လယ္ေတြေလာက္ပဲ လုပ္ႏိုင္တယ္ေပါ့ေနာ္။ ေလာင္းလုံးဘက္ျခမ္းေတြ ဆိုရင္ လုံးဝအဆင္မေျပဘူး။ (၁၀ဝ)မွာ (၇၀) ရာခိုင္ႏႈန္းကေတာ့ လုံးဝစိုက္လို႔ မရဘူး။ PDF ေတြက လည္း လယ္ေတြမွာဆိုရင္ အဲဒီမွာ လယ္တဲေတြရွိတယ္။ မိုးတြင္းကာလဆိုေတာ့ သူတို႔ေတြက ႐ြာထဲဝင္ ရင္ သတင္းေပါက္လို႔ လယ္တဲေတြမွာခိုတယ္။ အဓိကလယ္ေတြက ေတာ္ေတာ္မ်ားမ်ားက ျမစ္ကမ္း နံေဘးမွာ လႈပ္ရွားတာေတြ။ အဲဒီဘက္ကို တပ္ကလည္း ရွင္းေနေတာ့ ျပည္သူေတြကမေနရဲဘူး။ လယ္လည္း သြားမလုပ္ရဲဘူး”ဟု ေဒသခံအမ်ိဳးသားတစ္ဦးက ေျပာသည္။
အဆိုပါ အေျခအေနမ်ားအျပင္ လက္ရွိကာလ လယ္ယာလုပ္ကိုင္၍ရေသာေက်း႐ြာမ်ားမွ စပါး မ်ားကိုလည္း PDF က ထိန္းခ်ဳပ္ျခယ္လွယ္ထားသည့္အတြက္ လာမည့္ေဆာင္းဦးကာလေရာက္ပါက ဆန္ေဈးျမင့္တက္ဖြယ္ရွိေနေၾကာင္း အထက္ပါ ေဒသခံကဆိုသည္။
“PDF ေတြက နဂိုတည္းက လယ္သမားေတြဆီက စပါးေတြကို ၿမိဳ႕ေပၚကို တက္မေရာင္းခိုင္းဘူး။ အဲဒါက လြန္ခဲ့တဲ့ (၃)ႏွစ္ေလာက္ကတည္းက။ ဥပမာ-႐ြာတစ္႐ြာက လယ္ကို တျခားသူပိုင္ရင္ေတာင္မွပဲ အဲဒီ႐ြာမွာပဲ ျပန္ေရာင္း။ က်န္တဲ့ေနရာမွာ မေရာင္းနဲ႔။ အဲဒီလို။ ကြၽန္ေတာ္က ၿမိဳ႕ေပၚမွာေနတယ္။ ဒါေပမဲ့ လယ္ စိုက္ခ်င္လို႔ အဲဒီမွာလယ္ဝယ္ၿပီးလုပ္ရင္ေတာင္ အဲဒီကထြက္တဲ့စပါးကို ေရာင္းခ်င္တဲ့ေနရာ ေရာင္း လို႔မရဘူး။ အဲဒီမွာပဲျပန္ေရာင္းတယ္။ အဲဒီ ေတာ့ ကိုယ့္စပါးကိုေတာင္ ကိုယ္ျပန္ေရာင္းခ်င္တဲ့ ေနရာ ေတာင္ မေရာင္းရ။ လယ္လုပ္ရတာလည္း အခက္အခဲရွိေတာ့ မထူးဘူး မလုပ္ေတာ့ဘူးဆိုၿပီး ပစ္ထားတဲ့ လူေတြလည္းမ်ားလာတာေပါ့” ဟု ၎ကေျပာသည္။
အလားတူ ထားဝယ္ၿမိဳ႕အေရွ႕ဘက္တြင္လည္း PDF အဖြဲ႕လႈပ္ရွားမႈ ယခင္ထက္မ်ားျပားလာ ေသာေၾကာင့္ ေရာ္ဘာၿခံလုပ္ငန္းအခ်ိဳ႕အျပင္ သီဟိုဠ္ၿခံလုပ္ငန္းႏွင့္ အျခားေသာ ဥယ်ာဥ္ၿခံလုပ္ငန္း အခ်ိဳ႕လည္း ရပ္နားထားရေၾကာင္း ၎ကဆက္လက္ေျပာသည္။
“ဒီမွာကေတာ့ ၾကားညပ္ထားတာေပါ့။ ကြၽန္ေတာ္တို႔က ေတာထဲဝင္သြားရင္ လမ္းမွာေတြ႕ရင္ မင္းတို႔က ေထာက္ပို႔ေတြလားဆိုတာမ်ိဳး ေတြ။ ၿမိဳ႕ေပၚျပန္တက္ရင္လည္း မင္းတို႔က ဒလန္ေတြလားနဲ႔ ႏွစ္ဖက္လုံးၾကားမွာညပ္ေနတာ။ အဲဒါနဲ႔ မထူးဘူး နားလိုက္တာပဲေအးတယ္ဆိုၿပီး ဘယ္ၿခံမွမသြားဘဲ နား လိုက္ၾကတာပဲ။ အခုဆိုရင္ ေရဝိုင္း႐ြာနဲ႔ ပကာရီ႐ြာမွာ PDF ေတြေတာ္ေတာ္မ်ားတယ္။ လာမယ့္ရက္ပိုင္းအတြင္းမွာ တိုက္ပြဲႀကီးႀကီးရွိလာႏိုင္မယ္ထင္တယ္”ဟု ၎ကေျပာသည္။