တပ်မတော်(လေ)တိုက်ခိုက်ရေးလေယာဉ်တစ်စင်းခရီးဝေးလေ့ကျင့်ပျံသန်းစဉ်ဆက်သွယ်မှုပြတ်တောက်

1367
သက်ပိုင်( NP News ) - ဇူလိုင် ၃
တပ်မတော်(လေ)မှ တိုက်ခိုက်ရေးလေယာဉ်တစ်စင်းသည် ခရီးဝေးလေ့ကျင့်ပျံသန်းစဉ် ဆက်သွယ်မှု ပြတ်တောက်လျက်ရှိနေကြောင်း ယနေ့ (ဇွန်လ ၂ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။
တပ်မတော်(လေ)မှ တိုက်ခိုက်ရေး လေယာဉ်တစ်စင်းသည် (၂၀၂၅) ခုနှစ် ဇူလိုင် (၁) ရက် ညပိုင်း၌ ညအချိန် ခရီးဝေးလေ့ကျင့်ပျံသန်း ဆောင်ရွက်စဉ် နေပြည်တော်၏ အရှေ့တောင်ဘက် (၁၃၀) ကီလို မီတာအကွာ၌ ရုတ်တရက် ရေဒါမြင်ကွင်းမှ ပျောက်ကွယ်၍ ဆက်သွယ်မှု ပြတ်တောက်လျက်ရှိကြောင်း သိရသည်။
တာဝန်ရှိသူများ၏ ပဏာမ စစ်ဆေးချက်အရ စက်ချို့ယွင်းမှု (သို့မဟုတ်) ရုတ်တရက် ရာသီဥတုဆိုးရွားမှုများကြောင့် ဖြစ်နိုင်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့အပြင် ရာသီဥတုဆိုးရွားလျက်ရှိနေသော်လည်း ဆက်သွယ်မှုပြတ်တောက်ရာနေရာတစ်ဝိုက်သို့ ရှာဖွေကယ်ဆယ်ရေး အဖွဲ့များစေလွှတ်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာမှ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Zawgyi Version:
တပ္မေတာ္(ေလ)တိုက္ခိုက္ေရးေလယာဥ္တစ္စင္းခရီးေဝးေလ့က်င့္ပ်ံသန္းစဥ္ဆက္သြယ္မႈျပတ္ေတာက္
သက္ပိုင္( NP News ) - ဇူလိုင္ ၃
တပ္မေတာ္(ေလ)မွ တိုက္ခိုက္ေရးေလယာဥ္တစ္စင္းသည္ ခရီးေဝးေလ့က်င့္ပ်ံသန္းစဥ္ ဆက္သြယ္မႈ ျပတ္ေတာက္လ်က္ရွိေနေၾကာင္း ယေန႔ (ဇြန္လ ၂ ရက္)ထုတ္ ႏိုင္ငံပိုင္သတင္းစာတြင္ ေဖာ္ျပခ်က္အရ သိရသည္။
တပ္မေတာ္(ေလ)မွ တိုက္ခိုက္ေရး ေလယာဥ္တစ္စင္းသည္ (၂၀၂၅) ခုႏွစ္ ဇူလိုင္ (၁) ရက္ ညပိုင္း၌ ညအခ်ိန္ ခရီးေဝးေလ့က်င့္ပ်ံသန္း ေဆာင္႐ြက္စဥ္ ေနျပည္ေတာ္၏ အေရွ႕ေတာင္ဘက္ (၁၃၀) ကီလို မီတာအကြာ၌ ႐ုတ္တရက္ ေရဒါျမင္ကြင္းမွ ေပ်ာက္ကြယ္၍ ဆက္သြယ္မႈ ျပတ္ေတာက္လ်က္ရွိေၾကာင္း သိရသည္။
တာဝန္ရွိသူမ်ား၏ ပဏာမ စစ္ေဆးခ်က္အရ စက္ခ်ိဳ႕ယြင္းမႈ (သို႔မဟုတ္) ႐ုတ္တရက္ ရာသီဥတုဆိုး႐ြားမႈမ်ားေၾကာင့္ ျဖစ္ႏိုင္ေၾကာင္း အဆိုပါ ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။
ထို႔အျပင္ ရာသီဥတုဆိုး႐ြားလ်က္ရွိေနေသာ္လည္း ဆက္သြယ္မႈျပတ္ေတာက္ရာေနရာတစ္ဝိုက္သို႔ ရွာေဖြကယ္ဆယ္ေရး အဖြဲ႕မ်ားေစလႊတ္ေဆာင္႐ြက္ႏိုင္ေရးအတြက္ သက္ဆိုင္ရာမွ စီမံေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။