ကြီးမားတဲ့အပန်းဖြေစခန်းတစ်ခုကို မြောက်ကိုရီးယားဖွင့်လှစ်

 89

Pika (NP News) - ဇူလိုင် ၃
မြောက်ကိုရီးယားနိုင်ငံဟာ ၎င်းရဲ့အရှေ့ဘက်ကမ်းရိုးတန်းမှာ ကြီးမားတဲ့အပန်းဖြေစခန်းတစ်ခုကို ဖွင့်လှစ်ခဲ့တယ် လို့ မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာတွေက ရေးသားဖော်ပြခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ခရီးသွားလုပ်ငန်းပရောဂျက်က ယခုလအတွင်း ရုရှားနိုင်ငံက ဧည့်သည်တွေကို ကြိုဆိုဖို့ စီစဉ်ထားမှုနဲ့ အတူ အပန်းဖြေစခန်းဖွင့်လှစ်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
Wonsan Kalma ကမ်းရိုးတန်းခရီးသွားဧရိယာမှာ လူ(၂၀၀၀၀)နီးပါး နေထိုင်နိုင်ပြီး ယခင်ကကမ္ဘာ့အဆင့်မှီ အပန်းဖြေစခန်းတစ်ခုအဖြစ် ဖော်ပြခြင်းခံခဲ့ရတယ်လို့ မြောက်ကိုရီးယားအစိုးရက ပြောကြားခဲ့ပါတယ်။
ယခုနှစ်အစောပိုင်းတည်းက ကင်ဂျုံအန်းဟာ မြောက်ကိုရီးယားရဲ့ခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ဖို့ စိတ်အားထက်သန်မှုတွေကို ပြသခဲ့တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောကြားခဲ့ပါတယ်။ အဲဒီ ခရီးသွားဇုန်ကို တရားဝင်ဖွင့်လှစ်လိုက်ပြီလို့ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းအေဂျင်စီက ရေးသားဖော်ပြခဲ့ပြီး ကမ်းခြေမှာ ရေကူးဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ ခရီးသွားတွေရဲ့ဓါတ်ပုံတွေကို မျှဝေခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
ႀကီးမားတဲ့အပန္းေျဖစခန္းတစ္ခုကို ေျမာက္ကိုရီးယားဖြင့္လွစ္
Pika (NP News) - ဇူလိုင္ ၃
ေျမာက္ကိုရီးယားႏိုင္ငံဟာ ၎ရဲ႕အေရွ႕ဘက္ကမ္း႐ိုးတန္းမွာ ႀကီးမားတဲ့အပန္းေျဖစခန္းတစ္ခုကို ဖြင့္လွစ္ခဲ့တယ္ လို႔ ေျမာက္ကိုရီးယားႏိုင္ငံပိုင္ မီဒီယာေတြက ေရးသားေဖာ္ျပခဲ့ပါတယ္။ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္းရဲ႕ခရီးသြားလုပ္ငန္းပေရာဂ်က္က ယခုလအတြင္း ႐ုရွားႏိုင္ငံက ဧည့္သည္ေတြကို ႀကိဳဆိုဖို႔ စီစဥ္ထားမႈနဲ႔ အတူ အပန္းေျဖစခန္းဖြင့္လွစ္မႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
Wonsan Kalma ကမ္း႐ိုးတန္းခရီးသြားဧရိယာမွာ လူ(၂၀၀၀၀)နီးပါး ေနထိုင္ႏိုင္ၿပီး ယခင္ကကမာၻ႔အဆင့္မွီ အပန္းေျဖစခန္းတစ္ခုအျဖစ္ ေဖာ္ျပျခင္းခံခဲ့ရတယ္လို႔ ေျမာက္ကိုရီးယားအစိုးရက ေျပာၾကားခဲ့ပါတယ္။
ယခုႏွစ္အေစာပိုင္းတည္းက ကင္ဂ်ဳံအန္းဟာ ေျမာက္ကိုရီးယားရဲ႕ခရီးသြားလုပ္ငန္းကို ဖြံ႕ၿဖိဳးတိုးတက္ေအာင္ လုပ္ေဆာင္ဖို႔ စိတ္အားထက္သန္မႈေတြကို ျပသခဲ့တယ္လို႔ ေလ့လာသုံးသပ္သူေတြက ေျပာၾကားခဲ့ပါတယ္။ အဲဒီ ခရီးသြားဇုန္ကို တရားဝင္ဖြင့္လွစ္လိုက္ၿပီလို႔ ေျမာက္ကိုရီးယားႏိုင္ငံပိုင္သတင္းေအဂ်င္စီက ေရးသားေဖာ္ျပခဲ့ၿပီး ကမ္းေျခမွာ ေရကူးဝတ္စုံေတြ ဝတ္ဆင္ထားတဲ့ ခရီးသြားေတြရဲ႕ဓါတ္ပုံေတြကို မွ်ေဝခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.