ကမ္ဘာ့အသက်အကြီးဆုံး lemur နို့တိုက်သတ္တဝါ

 431

NP News
စကော့တလန်နိုင်ငံ West Lothian ဧရိယာ Five Sisters Zoo တွင်ရှိသော Stumpy ဟုအမည်ပေး ထားသည့် lemur နို့တိုက် သတ္တဝါသည် ၎င်း၏အသက်(၃၉)နှစ်ပြည့်မွေးနေ့ ကိုကျင်းပခဲ့ပြီး ကမ္ဘာ့အသက်အကြီးဆုံး lemur အဖြစ် သတ်မှတ်ခံခဲ့ရကြောင်းသိရသည်။ Stumpy ဟု အမည်ရသည့် အဆိုပါ lemur သည် တိရစ္ဆာန်ရုံ ဝန်ထမ်း များနှင့် လာရောက်လည်ပတ်သူများကြားတွင် ရေပန်းစားကာ အချစ်ခံရသည့်နို့တိုက်သတ္တဝါတစ် ကောင်ဖြစ်ကြောင်းလည်း သိရသည်။
Stumpy ကို (၁၉၈၆)ခုနှစ်တွင် ဗြိတိန်နိုင်ငံ Surrey ကောင်တီတွင်မွေးဖွားခဲ့ပြီး (၂၀ဝ၅)ခုနှစ်မှစတင်ကာ Five Sisters Zoo တွင် နေထိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ လက်ရှိအချိန်တွင် Stumpy မှာ Red နှင့် ဂျူလီယန်ဟု အမည် ပေးထားသည့်သားနှစ်ကောင်ရှိပြီး နှစ်ကောင်စလုံးမှာ အသက်(၂၁)နှစ်နှင့် အသက်(၂၀)နှစ်ရှိပြီဖြစ် ကြောင်း တိရစ္ဆာန်ရုံ ဝန်ထမ်းများ၏ ပြောကြားချက် အရသိရသည်။
တိရစ္ဆာန်ရုံဝန်ထမ်းတစ်ဦးက ‘‘ Stumpy က တကယ်ကိုချစ်စရာကောင်းတဲ့ အကောင်လေးပဲ ဖြစ်ပါတယ်။ Stumpy ရဲ့ အကြိုက်ဆုံးအစားအစာက ကန်စွန်းဥပါ။ Stumpy ရဲ့ မွေးနေ့ပွဲက ကြီးကျယ်ခမ်းနားတဲ့ ပွဲကြီးတစ်ခုပဲ ဖြစ်ပါ တယ်။ ပြီးတော့ Stumpy နဲ့ သူ့ရဲ့သားတွေက မွေးနေ့ကိတ်တစ်ခုကို အတူတူ စားပြီး မွေးနေ့ကိုဖြတ် သန်းခဲ့ကြတာပါ” ဟုပြောဆိုခဲ့သည်။
Pika (Ref : guinnessworldrecords)

Zawgyi Version:
ကမာၻ႔အသက္အႀကီးဆုံး lemur ႏို႔တိုက္သတၱဝါ
NP News
စေကာ့တလန္ႏိုင္ငံ West Lothian ဧရိယာ Five Sisters Zoo တြင္ရွိေသာ Stumpy ဟုအမည္ေပး ထားသည့္ lemur ႏို႔တိုက္ သတၱဝါသည္ ၎၏အသက္(၃၉)ႏွစ္ျပည့္ေမြးေန႔ ကိုက်င္းပခဲ့ၿပီး ကမာၻ႔အသက္အႀကီးဆုံး lemur အျဖစ္ သတ္မွတ္ခံခဲ့ရေၾကာင္းသိရသည္။ Stumpy ဟု အမည္ရသည့္ အဆိုပါ lemur သည္ တိရစာၦန္႐ုံ ဝန္ထမ္း မ်ားႏွင့္ လာေရာက္လည္ပတ္သူမ်ားၾကားတြင္ ေရပန္းစားကာ အခ်စ္ခံရသည့္ႏို႔တိုက္သတၱဝါတစ္ ေကာင္ျဖစ္ေၾကာင္းလည္း သိရသည္။
Stumpy ကို (၁၉၈၆)ခုႏွစ္တြင္ ၿဗိတိန္ႏိုင္ငံ Surrey ေကာင္တီတြင္ေမြးဖြားခဲ့ၿပီး (၂၀ဝ၅)ခုႏွစ္မွစတင္ကာ Five Sisters Zoo တြင္ ေနထိုင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ လက္ရွိအခ်ိန္တြင္ Stumpy မွာ Red ႏွင့္ ဂ်ဴလီယန္ဟု အမည္ ေပးထားသည့္သားႏွစ္ေကာင္ရွိၿပီး ႏွစ္ေကာင္စလုံးမွာ အသက္(၂၁)ႏွစ္ႏွင့္ အသက္(၂၀)ႏွစ္ရွိၿပီျဖစ္ ေၾကာင္း တိရစာၦန္႐ုံ ဝန္ထမ္းမ်ား၏ ေျပာၾကားခ်က္ အရသိရသည္။
တိရစာၦန္႐ုံဝန္ထမ္းတစ္ဦးက ‘‘ Stumpy က တကယ္ကိုခ်စ္စရာေကာင္းတဲ့ အေကာင္ေလးပဲ ျဖစ္ပါတယ္။ Stumpy ရဲ႕ အႀကိဳက္ဆုံးအစားအစာက ကန္စြန္းဥပါ။ Stumpy ရဲ႕ ေမြးေန႔ပြဲက ႀကီးက်ယ္ခမ္းနားတဲ့ ပြဲႀကီးတစ္ခုပဲ ျဖစ္ပါ တယ္။ ၿပီးေတာ့ Stumpy နဲ႔ သူ႔ရဲ႕သားေတြက ေမြးေန႔ကိတ္တစ္ခုကို အတူတူ စားၿပီး ေမြးေန႔ကိုျဖတ္ သန္းခဲ့ၾကတာပါ” ဟုေျပာဆိုခဲ့သည္။
Pika (Ref : guinnessworldrecords)

Related news

© 2021. All rights reserved.