အမေရိကန်နှင့် ဂျပန်နိုင်ငံကြား ကုန်သွယ်ရေးသဘောတူညီမှုအသစ် စာချုပ်ရန် မရေမရာဖြစ်နေဟု သမ္မတ ဒေါ်နယ်ထရမ့်ပြော

 139

Pika (NP News) - ဇူလိုင် ၅
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က စက်မူထိပ်သီးနိုင်ငံဖြစ်သလို မဟာမိတ်နိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံနှင့် ကုန်သွယ်ရေးသဘောတူညီမှုအသစ်ရရှိရန် မရေမရာဖြစ်နေကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
ဒေါ်နယ်ထရမ့်သည် ဖလော်ရီဒါပြည်နယ်မှ ပြန်လာချိန်အတွင်း Air Force One လေယာဉ်ပေါ်တွင် ဂျပန်နိုင်ငံနှင့် ကုန်သွယ်ရေးသဘောတူညီမှုအသစ်ရရှိရန် အလားလာနှင့်ပတ်သက်ပြီး ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ အမေရိကန်သမ္မတက "ကုန်သွယ်ရေးသဘောတူညီမှုအသစ်ရဖို့က ဂျပန်နိုင်ငံနဲ့သာဆိုင်တယ်။ ဂျပန်နဲ့ သဘော တူညီမှုအသစ်အပြီးသတ်စာချုပ်နိုင်ဖို့ မရေမရာဖြစ်နေတယ်။ ကျွန်တော်အနေနဲ့ ဂျပန်နိုင်ငံဘက်ကို သံသယရှိမိ တယ်။ ဂျပန်နိုင်ငံဟာ ကုန်သွယ်ရေးသဘောတူညီမှုအသစ်ရယူနိုင်ဖို့နဲ့ပတ်သက်ပြီး ခက်ခဲမှုတွေ ရှိနေတယ်။ ဂျပန် နိုင်ငံဟာ ဆန်တွေ မယူဘူး။ ကျွန်တော်တို့မှာရှိတဲ့ အခြားထုတ်ကုန်တွေ မယူလိုဘူး။ ကျွန်တော်ဟာ နိုင်ငံအများ အပြားထံ ကုန်သွယ်ရေးသဘောတူညီမှုအသစ်အပြင် အခွန်ကောက်ခံတာနဲ့ပတ်သက်ပြီး စာပို့သွားမယ်'' ဟု ပြော သည်။
အမေရိကန်နိုင်ငံတွင် ဒေါ်နယ်ထရမ့်သမ္မတဖြစ်လာခဲ့ပြီးနောက်ပိုင်း ကုန်သွယ်ခွန်များ တိုးမြင့်ကောက်ခံခဲ့ရာ အငြင်းပွားမှုများဖြစ်လာခဲ့ပြီး အမေရိကန် နှင့် ဂျပန်နိုင်ငံကြားတွင်လည်း ကုန်သွယ်ခွန်ကောက်ခံခြင်းနှင့် ပတ်သက်ပြီး အငြင်းပွားမှုများရှိခဲ့ကြောင်း သိရသည်။ အမေရိကန်သမ္မတက အမေရိကန် နှင့် ကုန်သွယ်ရေး သဘောတူညီမှုရရှိသည့်နိုင်ငံများစာရင်းကို ဇူလိုင် ၉ ရက်နောက်ဆုံးထားပြီး ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပြောသည်။ ထို့အပြင် အမေရိကန်သမ္မတက အမေရိကန်နိုင်ငံ၏ အရန်ငွေကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပိုဝဲလ် ၏ ဦးဆောင်မှုအောက်တွင် စီးပွားရေးတိုးတက်မှုမရှိသည့်အတွက် အစားထိုးဖွယ်ရှိနေကြောင်း ထပ်မံပြောခဲ့သည်။ အမေရိကန်သမ္မတက ပိုဝဲလ်နေရာတွင် အစားထိုးရန်အတွက် ရွေးချယ်စရာအနည်းဆုံး ၃ ခု ရှိနေကြောင်း ပြောသည်။
အမေရိကန်သမ္မတသည် အတိုးနှုန်းများ လျော့ချရန် မကြာသေးမီက တောင်းဆိုခဲ့ပြီး အတိုးနှုန်းများ လျော့ချကျရန် နှောင်းနေမည်ဆိုလျှင် နိုင်ငံစီးပွားရေးထိခိုက်ရဖွယ်ရှိသည်ဟု ပြောသည်။

Zawgyi Version:
အေမရိကန္ႏွင့္ ဂ်ပန္ႏိုင္ငံၾကား ကုန္သြယ္ေရးသေဘာတူညီမႈအသစ္ စာခ်ဳပ္ရန္ မေရမရာျဖစ္ေနဟု သမၼတ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ဇူလိုင္ ၅
အေမရိကန္သမၼတေဒၚနယ္ထရမ့္က စက္မူထိပ္သီးႏိုင္ငံျဖစ္သလို မဟာမိတ္ႏိုင္ငံျဖစ္သည့္ ဂ်ပန္ႏိုင္ငံႏွင့္ ကုန္သြယ္ေရးသေဘာတူညီမႈအသစ္ရရွိရန္ မေရမရာျဖစ္ေနေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
ေဒၚနယ္ထရမ့္သည္ ဖေလာ္ရီဒါျပည္နယ္မွ ျပန္လာခ်ိန္အတြင္း Air Force One ေလယာဥ္ေပၚတြင္ ဂ်ပန္ႏိုင္ငံႏွင့္ ကုန္သြယ္ေရးသေဘာတူညီမႈအသစ္ရရွိရန္ အလားလာႏွင့္ပတ္သက္ၿပီး ယင္းကဲ့သို႔ေျပာဆိုခဲ့ျခင္းျဖစ္သည္။ အေမရိကန္သမၼတက "ကုန္သြယ္ေရးသေဘာတူညီမႈအသစ္ရဖို႔က ဂ်ပန္ႏိုင္ငံနဲ႔သာဆိုင္တယ္။ ဂ်ပန္နဲ႔ သေဘာ တူညီမႈအသစ္အၿပီးသတ္စာခ်ဳပ္ႏိုင္ဖို႔ မေရမရာျဖစ္ေနတယ္။ ကြၽန္ေတာ္အေနနဲ႔ ဂ်ပန္ႏိုင္ငံဘက္ကို သံသယရွိမိ တယ္။ ဂ်ပန္ႏိုင္ငံဟာ ကုန္သြယ္ေရးသေဘာတူညီမႈအသစ္ရယူႏိုင္ဖို႔နဲ႔ပတ္သက္ၿပီး ခက္ခဲမႈေတြ ရွိေနတယ္။ ဂ်ပန္ ႏိုင္ငံဟာ ဆန္ေတြ မယူဘူး။ ကြၽန္ေတာ္တို႔မွာရွိတဲ့ အျခားထုတ္ကုန္ေတြ မယူလိုဘူး။ ကြၽန္ေတာ္ဟာ ႏိုင္ငံအမ်ား အျပားထံ ကုန္သြယ္ေရးသေဘာတူညီမႈအသစ္အျပင္ အခြန္ေကာက္ခံတာနဲ႔ပတ္သက္ၿပီး စာပို႔သြားမယ္'' ဟု ေျပာ သည္။
အေမရိကန္ႏိုင္ငံတြင္ ေဒၚနယ္ထရမ့္သမၼတျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ကုန္သြယ္ခြန္မ်ား တိုးျမင့္ေကာက္ခံခဲ့ရာ အျငင္းပြားမႈမ်ားျဖစ္လာခဲ့ၿပီး အေမရိကန္ ႏွင့္ ဂ်ပန္ႏိုင္ငံၾကားတြင္လည္း ကုန္သြယ္ခြန္ေကာက္ခံျခင္းႏွင့္ ပတ္သက္ၿပီး အျငင္းပြားမႈမ်ားရွိခဲ့ေၾကာင္း သိရသည္။ အေမရိကန္သမၼတက အေမရိကန္ ႏွင့္ ကုန္သြယ္ေရး သေဘာတူညီမႈရရွိသည့္ႏိုင္ငံမ်ားစာရင္းကို ဇူလိုင္ ၉ ရက္ေနာက္ဆုံးထားၿပီး ထုတ္ျပန္သြားမည္ျဖစ္ေၾကာင္း ေျပာသည္။ ထို႔အျပင္ အေမရိကန္သမၼတက အေမရိကန္ႏိုင္ငံ၏ အရန္ေငြႀကီးၾကပ္ေရးအဖြဲ႕ဥကၠ႒ ပိုဝဲလ္ ၏ ဦးေဆာင္မႈေအာက္တြင္ စီးပြားေရးတိုးတက္မႈမရွိသည့္အတြက္ အစားထိုးဖြယ္ရွိေနေၾကာင္း ထပ္မံေျပာခဲ့သည္။ အေမရိကန္သမၼတက ပိုဝဲလ္ေနရာတြင္ အစားထိုးရန္အတြက္ ေ႐ြးခ်ယ္စရာအနည္းဆုံး ၃ ခု ရွိေနေၾကာင္း ေျပာသည္။
အေမရိကန္သမၼတသည္ အတိုးႏႈန္းမ်ား ေလ်ာ့ခ်ရန္ မၾကာေသးမီက ေတာင္းဆိုခဲ့ၿပီး အတိုးႏႈန္းမ်ား ေလ်ာ့ခ်က်ရန္ ေႏွာင္းေနမည္ဆိုလွ်င္ ႏိုင္ငံစီးပြားေရးထိခိုက္ရဖြယ္ရွိသည္ဟု ေျပာသည္။

Related news

© 2021. All rights reserved.