ထိုင်းဝန်ကြီးချုပ်၏အနာဂတ်ကို ရက်ပေါင်း (၆၀)အတွင်း အပြီးသတ်ဆုံးဖြတ်ဖွယ်ရှိနေ

279

ဂျန်ဇက် (NP News) - ဇူလိုင် ၅
ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသည် ထိုင်းဝန်ကြီးချုပ် ပေထုံတန်ရှင်နာဝပ်ထရာကို ဝန်ကြီးချုပ်တာဝန်မှဆို င်းငံ့ထားရန် ဆုံးဖြတ်လိုက်ပြီးနောက် ၎င်း၏အနာဂတ်က မရေမရာပိုမိုဖြစ်လာနေကြောင်း သိရသည်။ ပေထုံတန်ရှင်နာဝပ်သည် ပြီးခဲ့သည့်လတွင် ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံကြားဖြစ်ပွားနေသည့် နယ်စပ်ဒေသ အငြင်းပွားမှုများနှင့်ပတ်သက်ပြီး ကမ္ဘောဒီးယားလွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်နှင့် ဖုန်းဆက်ဆွေးနွေးရာတွင် ပေထုံတန် ရှင်နာဝပ်ထရာ၏ တုံ့ပြန်ပြောဆိုချက်များက ဝေဖန်စရာများစွာဖြစ်လာခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံအတွင်းတွင်လည်း ပေထုံတန်ရှင်နာဝပ်၏ပြောဆိုချက်များအပေါ် မကျေနပ်မှု မြင့်တက်ခဲ့ပြီး ဆန္ဒပြပွဲများဖြစ်လာခဲ့ကြောင်း သိရသည်။ ထို့ပြင် ပေထုံတန်ရှင်နာဝပ် ဦးဆောင်သည့် ထိုင်းအစိုးရ အဖွဲ့ကိုလည်း အယုံကြည်မရှိကြောင်း လွှတ်တော်အတွင်း တင်သွင်းခံရခြင်းများရှိခဲ့ရာ ထိုင်းဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးက အမှုကို ဇူလိုင်လ(၂)ရက်တွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး တရားသူကြီး (၉)ဦးအနက် (၇)ဦးက ပေထုံတန်ရှင်နာ ဝပ်ထရာကို ဝန်ကြီးချုပ် အဖြစ်မှ ဆိုင်းငံ့ထားရန်ဆုံး ဖြတ်ခဲ့ကြောင်းသိရသည်။ ဖြူထိုင်းပါတီဦးဆောင် သောအစိုးရအဖွဲ့ သက်တမ်းကာလ အတွင်း ဝန်ကြီးချုပ်များ အခက်ခဲများစွာဖြစ်ခဲ့ရပြီး ပြီးခဲ့သည့် (၂၀၂၄) ခုနှစ်တွင် ဆာရက်သာ သာဗီဆင်သည် ဝန်ကြီးတစ်ဦးခန့်အပ်မှုနှင့်ဆက်နွှယ်ပြီး ရာထူးမှ ဖယ်ရှားခံရဖူးသည်။ ပေထုံတန်ရှင်နာဝပ်ထရာ၏ အမှုကိစ္စကို ဇူလိုင်(၁)ရက်မှစတင်မည်ဖြစ်ပြီး တရားရုံးက ဇူလိုင် (၁၆)ရက်အထိ ပေထုံတန်ရှင်နာဝပ်ထရာကို စွပ်စွဲချက်များနှင့် ပတ်သက်ပြီး တုံ့ပြန်ဖြေရှင်းခွင့်ပေးထားသည်။ ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များကလည်း ပေထုံတန်ရှင်နာ ဝပ်ထရာကို အယုံကြည်မရှိကြောင်းစွပ်စွဲချက်နှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးတွင် ထပ်မံအစစ်ဆေးခံ လျှောက် ထားရမည်ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသည်နှစ်ဖက် လျှောက်ထားချက်များကို ပြန်လည်သုံးသပ်ရမည်ဖြစ် ပြီး ပေထုံတန် ရှင်နာဝပ်ထရာကို ဝန်ကြီးချုပ်အဖြစ် ဆက်ရှိ/မရှိဆိုသော ဆုံးဖြတ်ချက်ကို ရက်ပေါင်း (၄၅)ရက်မှ (၆၀)အတွင်း ဆုံးဖြတ်သွားဖွယ်ရှိနေကြောင်း သိရသည်။ ထိုင်းစစ်တပ်သည် ပြီးခဲ့သည့် မေလအတွင်းတွင် နယ်စပ်ဒေသ၌ ကမ္ဘောဒီးယားနိုင်ငံစစ်တပ်နှင့် အငြင်းပွားမှုများဖြစ်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ နှစ်နိုင်ငံကြား တင်းမာမှုများဖြစ်လာခဲ့ကြောင်း သိရသည်။ ကမ္ဘောဒီးယားအစိုးရ နှင့် ထိုင်းအစိုးရကြား အငြင်းပွားမှုများကို ဖြေရှင်းရန်ကြိုးပမ်းရာမှ တင်းမာမှုများ ပိုမိုဖြစ်လာခဲ့ပြီး ထိုင်းဝန်ကြီးချုပ် ပေထုံတန်ရှင်နာဝါထရာ ဝန်ကြီးချုပ် ရာထူးမှ ဆိုင်းငံ့ခံရသည့်အထိဖြစ်လာခဲ့ကြောင်း ထိုင်းသတင်းဌာန များက ဖော်ပြထားသည်။

Zawgyi Version:
ထိုင္းဝန္ႀကီးခ်ဳပ္၏အနာဂတ္ကို ရက္ေပါင္း (၆၀)အတြင္း အၿပီးသတ္ဆုံးျဖတ္ဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၅
ထိုင္းဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးသည္ ထိုင္းဝန္ႀကီးခ်ဳပ္ ေပထုံတန္ရွင္နာဝပ္ထရာကို ဝန္ႀကီးခ်ဳပ္တာဝန္မွဆို င္းငံ့ထားရန္ ဆုံးျဖတ္လိုက္ၿပီးေနာက္ ၎၏အနာဂတ္က မေရမရာပိုမိုျဖစ္လာေနေၾကာင္း သိရသည္။ ေပထုံတန္ရွင္နာဝပ္သည္ ၿပီးခဲ့သည့္လတြင္ ထိုင္းႏွင့္ကေမာၻဒီးယားႏိုင္ငံၾကားျဖစ္ပြားေနသည့္ နယ္စပ္ေဒသ အျငင္းပြားမႈမ်ားႏွင့္ပတ္သက္ၿပီး ကေမာၻဒီးယားလႊတ္ေတာ္ဥကၠ႒ ဟြန္ဆန္ႏွင့္ ဖုန္းဆက္ေဆြးေႏြးရာတြင္ ေပထုံတန္ ရွင္နာဝပ္ထရာ၏ တုံ႔ျပန္ေျပာဆိုခ်က္မ်ားက ေဝဖန္စရာမ်ားစြာျဖစ္လာခဲ့ေၾကာင္း သိရသည္။ ထိုင္းႏိုင္ငံအတြင္းတြင္လည္း ေပထုံတန္ရွင္နာဝပ္၏ေျပာဆိုခ်က္မ်ားအေပၚ မေက်နပ္မႈ ျမင့္တက္ခဲ့ၿပီး ဆႏၵျပပြဲမ်ားျဖစ္လာခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ ေပထုံတန္ရွင္နာဝပ္ ဦးေဆာင္သည့္ ထိုင္းအစိုးရ အဖြဲ႕ကိုလည္း အယုံၾကည္မရွိေၾကာင္း လႊတ္ေတာ္အတြင္း တင္သြင္းခံရျခင္းမ်ားရွိခဲ့ရာ ထိုင္းဖြဲ႕စည္းပုံအေျခခံ ဥပေဒခုံ႐ုံးက အမႈကို ဇူလိုင္လ(၂)ရက္တြင္ ဆုံးျဖတ္ခဲ့ေၾကာင္း သိရသည္။
ထိုင္းဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံး တရားသူႀကီး (၉)ဦးအနက္ (၇)ဦးက ေပထုံတန္ရွင္နာ ဝပ္ထရာကို ဝန္ႀကီးခ်ဳပ္ အျဖစ္မွ ဆိုင္းငံ့ထားရန္ဆုံး ျဖတ္ခဲ့ေၾကာင္းသိရသည္။ ျဖဴထိုင္းပါတီဦးေဆာင္ ေသာအစိုးရအဖြဲ႕ သက္တမ္းကာလ အတြင္း ဝန္ႀကီးခ်ဳပ္မ်ား အခက္ခဲမ်ားစြာျဖစ္ခဲ့ရၿပီး ၿပီးခဲ့သည့္ (၂၀၂၄) ခုႏွစ္တြင္ ဆာရက္သာ သာဗီဆင္သည္ ဝန္ႀကီးတစ္ဦးခန႔္အပ္မႈႏွင့္ဆက္ႏႊယ္ၿပီး ရာထူးမွ ဖယ္ရွားခံရဖူးသည္။ ေပထုံတန္ရွင္နာဝပ္ထရာ၏ အမႈကိစၥကို ဇူလိုင္(၁)ရက္မွစတင္မည္ျဖစ္ၿပီး တရား႐ုံးက ဇူလိုင္ (၁၆)ရက္အထိ ေပထုံတန္ရွင္နာဝပ္ထရာကို စြပ္စြဲခ်က္မ်ားႏွင့္ ပတ္သက္ၿပီး တုံ႔ျပန္ေျဖရွင္းခြင့္ေပးထားသည္။ ထို႔ျပင္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကလည္း ေပထုံတန္ရွင္နာ ဝပ္ထရာကို အယုံၾကည္မရွိေၾကာင္းစြပ္စြဲခ်က္ႏွင့္ပတ္သက္ၿပီး ဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးတြင္ ထပ္မံအစစ္ေဆးခံ ေလွ်ာက္ ထားရမည္ျဖစ္သည္။
ဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးသည္ႏွစ္ဖက္ ေလွ်ာက္ထားခ်က္မ်ားကို ျပန္လည္သုံးသပ္ရမည္ျဖစ္ ၿပီး ေပထုံတန္ ရွင္နာဝပ္ထရာကို ဝန္ႀကီးခ်ဳပ္အျဖစ္ ဆက္ရွိ/မရွိဆိုေသာ ဆုံးျဖတ္ခ်က္ကို ရက္ေပါင္း (၄၅)ရက္မွ (၆၀)အတြင္း ဆုံးျဖတ္သြားဖြယ္ရွိေနေၾကာင္း သိရသည္။ ထိုင္းစစ္တပ္သည္ ၿပီးခဲ့သည့္ ေမလအတြင္းတြင္ နယ္စပ္ေဒသ၌ ကေမာၻဒီးယားႏိုင္ငံစစ္တပ္ႏွင့္ အျငင္းပြားမႈမ်ားျဖစ္ခဲ့ၿပီး အျပန္အလွန္ ပစ္ခတ္မႈမ်ားျဖစ္ပြားခဲ့ရာ ႏွစ္ႏိုင္ငံၾကား တင္းမာမႈမ်ားျဖစ္လာခဲ့ေၾကာင္း သိရသည္။ ကေမာၻဒီးယားအစိုးရ ႏွင့္ ထိုင္းအစိုးရၾကား အျငင္းပြားမႈမ်ားကို ေျဖရွင္းရန္ႀကိဳးပမ္းရာမွ တင္းမာမႈမ်ား ပိုမိုျဖစ္လာခဲ့ၿပီး ထိုင္းဝန္ႀကီးခ်ဳပ္ ေပထုံတန္ရွင္နာဝါထရာ ဝန္ႀကီးခ်ဳပ္ ရာထူးမွ ဆိုင္းငံ့ခံရသည့္အထိျဖစ္လာခဲ့ေၾကာင္း ထိုင္းသတင္းဌာန မ်ားက ေဖာ္ျပထားသည္။