အပစ်ခတ်ရပ်စဲရန်ကမ်းလှမ်းမှုများရှိသော်လည်း ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းမည်ဟု အစ္စရေးဝန်ကြီးချုပ်ပြော

 59

ဂျန်ဇက် (NP News) - ဇူလိုင် ၅
အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက အစ္စရေးနိုင်ငံအနေဖြင့် ဟားမတ်စ် လက်နက်ကိုင်အဖွဲ့ကို အမြစ်ပြတ် ချေမှုန်း သွားမည်ဖြစ်ကြောင်း ကတိပြုပြောဆိုလိုက်သည်။ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့သည် အမေရိကန်၏ ကြားဝင် စေ့စပ်မှုဖြင့် ဂါဇာစစ်ပွဲအပစ်အခတ်ရပ်စဲရန်အဆိုပြုကမ်း လှမ်းချက်အသစ်များကို ဆွေးနွေးမည်ဟု ပြောဆိုခဲ့သော် လည်း အစ္စရေးဝန်ကြီးချုပ်က ဟားမတ်စ်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းရန် ဆန္ဒရှိနေခြင်းဖြစ်သည်။
အစ္စရေးဝန်ကြီးချုပ်သည် ဟားမတ်စ်လက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးနိုင်ငံကြားဖြစ်ပွားနေသော ဂါဇာစစ်ပွဲကို ရက်ပေါင်း (၆၀) ကြာ အပစ်အခတ်ရပ်စဲရန် အမေရိကန်အစိုးရ၏ အဆိုပြုကမ်းလှမ်းချက်အသစ်နှင့်ပတ်သက်ပြီး မှတ်ချက်ပြု ပြောဆိုခြင်းမရှိသေးကြောင်း သိရသည်။
ဝန်ကြီးချုပ်နေတန်ရာဟုက ဟားမတ်စ်အဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များမရှိစေရန် အမြစ်ပြတ်ချေမှုန်း မည်ဖြစ်ကြောင်း ပြောသည်။ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အမေရိကန်နိုင်ငံတွင် တွေ့ဆုံဆွေးနွေးမှုမတိုင်ခင် ရက်ပိုင်းအလိုတွင် ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ အစ္စရေး နှင့် ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေသည့်စစ်ပွဲက (၂၁)လကျော်ကြာမြင့်နေသည့်အတွက် ဂါဇာဒေသ တွင် လူပေါင်း (၂)သန်းကျော်ကို လူသားချင်းဆိုင်ရာ စာနာမှုအကူအညီလိုအပ်မှုမြင့်တက်လျက်ရှိနေကြောင်း သိရသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဟားမတ်စ်အဖွဲ့ကို ရက်ပေါင်း (၆ဝ)ကြာ အပစ်အခတ်ရပ်စဲရန် တိုက်တွန်း တောင်းဆိုထားသလို အစ္စရေးနိုင်ငံက ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး အပြီးသတ်စာချုပ်ချုပ်ရန် သဘောတူညီထား ကြောင်း ဇူလိုင်(၂)ရက်က ပြောဆိုခဲ့ဖူးသည်။ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့တာဝန်ရှိသူတစ်ဦးက ၎င်းတို့သည် အပစ်ခတ်ရပ်စဲရေးနှင့်ပတ်သက်ပြီး အဆိုပြုကမ်းလှမ်းချက်အသစ်များကို လေ့လာနေဆဲဖြစ်ကြောင်း၊ အပစ်ခတ် ရပ်စဲရေး ရယူနိုင်ရန်အတွက် ဂါဇာဒေသမှ အစ္စရေးတပ်ဖွဲ့များ ပြန်လည်ရုပ်သိမ်းရန် နှင့် လူသားချင်းဆိုင်ရာစာနာမှု အကူအညီများပေးခွင့်ပြုရန် လိုအပ်ကြောင်း ပြောသည်။
အစ္စရေးဝန်ကြီးချုပ်က “ကျွန်တော်တို့ဟာ ဖမ်းဆီးခံထားရသူအားလုံးကို ပြန်လည်လွတ်မြောက်ဖို့နဲ့ ဟားမတ်စ်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းဖို့ လုပ်ဆောင်မယ်။ ဒီထက်ပိုပြီးဘာမှ လုပ်စရာမရှိဘူး” ဟု ဇူလိုင် (၄)ရက်က ဂါဇာဒေသမြောက်ပိုင်းနယ်စပ်ကို လာရောက်ချိန်အတွင်းထည့်သွင်းပြောဆိုခဲ့သည်။

Zawgyi Version:
အပစ္ခတ္ရပ္စဲရန္ကမ္းလွမ္းမႈမ်ားရွိေသာ္လည္း ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ကို အျမစ္ျပတ္ေခ်မႈန္းမည္ဟု အစၥေရးဝန္ႀကီးခ်ဳပ္ေျပာ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၅
အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ရာဟုက အစၥေရးႏိုင္ငံအေနျဖင့္ ဟားမတ္စ္ လက္နက္ကိုင္အဖြဲ႕ကို အျမစ္ျပတ္ ေခ်မႈန္း သြားမည္ျဖစ္ေၾကာင္း ကတိျပဳေျပာဆိုလိုက္သည္။ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕သည္ အေမရိကန္၏ ၾကားဝင္ ေစ့စပ္မႈျဖင့္ ဂါဇာစစ္ပြဲအပစ္အခတ္ရပ္စဲရန္အဆိုျပဳကမ္း လွမ္းခ်က္အသစ္မ်ားကို ေဆြးေႏြးမည္ဟု ေျပာဆိုခဲ့ေသာ္ လည္း အစၥေရးဝန္ႀကီးခ်ဳပ္က ဟားမတ္စ္အဖြဲ႕ကို အျမစ္ျပတ္ေခ်မႈန္းရန္ ဆႏၵရွိေနျခင္းျဖစ္သည္။
အစၥေရးဝန္ႀကီးခ်ဳပ္သည္ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ႏွင့္ အစၥေရးႏိုင္ငံၾကားျဖစ္ပြားေနေသာ ဂါဇာစစ္ပြဲကို ရက္ေပါင္း (၆၀) ၾကာ အပစ္အခတ္ရပ္စဲရန္ အေမရိကန္အစိုးရ၏ အဆိုျပဳကမ္းလွမ္းခ်က္အသစ္ႏွင့္ပတ္သက္ၿပီး မွတ္ခ်က္ျပဳ ေျပာဆိုျခင္းမရွိေသးေၾကာင္း သိရသည္။
ဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ဟားမတ္စ္အဖြဲ႕၏ လုပ္ငန္းေဆာင္႐ြက္ခ်က္မ်ားမရွိေစရန္ အျမစ္ျပတ္ေခ်မႈန္း မည္ျဖစ္ေၾကာင္း ေျပာသည္။ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုသည္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ႏွင့္ အေမရိကန္ႏိုင္ငံတြင္ ေတြ႕ဆုံေဆြးေႏြးမႈမတိုင္ခင္ ရက္ပိုင္းအလိုတြင္ ယင္းကဲ့သို႔ေျပာဆိုခဲ့ျခင္းျဖစ္သည္။ အစၥေရး ႏွင့္ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ၾကားျဖစ္ပြားေနသည့္စစ္ပြဲက (၂၁)လေက်ာ္ၾကာျမင့္ေနသည့္အတြက္ ဂါဇာေဒသ တြင္ လူေပါင္း (၂)သန္းေက်ာ္ကို လူသားခ်င္းဆိုင္ရာ စာနာမႈအကူအညီလိုအပ္မႈျမင့္တက္လ်က္ရွိေနေၾကာင္း သိရသည္။
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ဟားမတ္စ္အဖြဲ႕ကို ရက္ေပါင္း (၆ဝ)ၾကာ အပစ္အခတ္ရပ္စဲရန္ တိုက္တြန္း ေတာင္းဆိုထားသလို အစၥေရးႏိုင္ငံက ဂါဇာစစ္ပြဲႏွင့္ပတ္သက္ၿပီး အၿပီးသတ္စာခ်ဳပ္ခ်ဳပ္ရန္ သေဘာတူညီထား ေၾကာင္း ဇူလိုင္(၂)ရက္က ေျပာဆိုခဲ့ဖူးသည္။ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕တာဝန္ရွိသူတစ္ဦးက ၎တို႔သည္ အပစ္ခတ္ရပ္စဲေရးႏွင့္ပတ္သက္ၿပီး အဆိုျပဳကမ္းလွမ္းခ်က္အသစ္မ်ားကို ေလ့လာေနဆဲျဖစ္ေၾကာင္း၊ အပစ္ခတ္ ရပ္စဲေရး ရယူႏိုင္ရန္အတြက္ ဂါဇာေဒသမွ အစၥေရးတပ္ဖြဲ႕မ်ား ျပန္လည္႐ုပ္သိမ္းရန္ ႏွင့္ လူသားခ်င္းဆိုင္ရာစာနာမႈ အကူအညီမ်ားေပးခြင့္ျပဳရန္ လိုအပ္ေၾကာင္း ေျပာသည္။
အစၥေရးဝန္ႀကီးခ်ဳပ္က “ကြၽန္ေတာ္တို႔ဟာ ဖမ္းဆီးခံထားရသူအားလုံးကို ျပန္လည္လြတ္ေျမာက္ဖို႔နဲ႔ ဟားမတ္စ္အဖြဲ႕ကို အျမစ္ျပတ္ေခ်မႈန္းဖို႔ လုပ္ေဆာင္မယ္။ ဒီထက္ပိုၿပီးဘာမွ လုပ္စရာမရွိဘူး” ဟု ဇူလိုင္ (၄)ရက္က ဂါဇာေဒသေျမာက္ပိုင္းနယ္စပ္ကို လာေရာက္ခ်ိန္အတြင္းထည့္သြင္းေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.