"KPop Demon Hunters" ဇာတ်ကားထဲက Saja Boys အဖွဲ့ရဲ့တေးသီချင်းတွေ US Spotify Chart မှာ နံပါတ် ၁ နေရာ ရောက်ရှိနေ

232

ရောင်နီ (NP News) - ဇူလိုင် ၇
Netflix ရဲ့ Animation ရုပ်ရှင် “KPop Demon Hunters” မှာ ပါဝင်တဲ့ ယောင်္ကျားလေးအဖွဲ့ "Soja Boys" ရဲ့ တေးသီချင်းတွေဟာ US Spitify Chart မှာ နံပါတ် ၁ နေရာ ရောက်ခဲ့ပါတယ်။
ဇူလိုင် ၃ ရက်စွဲနဲ့ US Spotify ရဲ့ ထိပ်တန်းသီချင်းဇယားမှာ နာမည်ကြီး ကာတွန်းရုပ်ရှင် “KPop Demon Hunters” ရဲ့တေးသွားတွေဟာ ထိပ်တန်းနေရာ နှစ်ခုစလုံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ Saja Boys ရဲ့ "Your Idol” သီချင်းဟာ နံပါတ် ၁ ထိ ခုန်တက်သွားခဲ့ပြီး US Spotify ဇယားမှာ ဝင်ရောက်ခဲ့တဲ့ စတုတ္ထမြောက် K-pop အနုပညာရှင် ဖြစ်လာခဲ့ပါတယ်။ ဇာတ်ကားထဲက မိန်းကလေး K Pop အဖွဲ့ HUNTR/X ရဲ့ သီချင်း “Golden” ကတော့ နံပါတ် ၂ နေရာကို ရောက်ရှိနေပြီး BLACKPINK ကို ကျော်ကာ US Spotify သမိုင်းမှာ အဆင့်အမြင့်ဆုံး ချိတ်တဲ့ K-pop မိန်းကလေးအဖွဲ့ဖြစ်လာခဲ့ပါတယ်။
US chart မှာ နံပါတ် ၁ နေရာကိုရောက်ရှိခဲ့တဲ့ ကိုရီးယား ပေါ့စ် သီချင်းတွေဟာ အရင်က BTS အဖွဲ့ဝင် ဂျောင်ကု ရဲ့ "Seven"၊ BTS အဖွဲ့ဝင် ဂျီမင်ရဲ့ "Who" နဲ့ BLACKPINK အဖွဲ့ဝင် ရိုစ့်ရဲ့ "APT" တွေ ပဲ ရောက်ရှိနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယခင်က US Spotify ဇယားမှာ အဆင့်အမြင့်ဆုံးအဖြစ် နံပါတ် ၃ ထိ သာ ချိတ်ဆွဲနိုင်ခဲ့တာဖြစ်ပါတယ်။

Zawgyi Version:
"KPop Demon Hunters" ဇာတ္ကားထဲက Saja Boys အဖြဲ႕ရဲ႕ေတးသီခ်င္းေတြ US Spotify Chart မွာ နံပါတ္ ၁ ေနရာ ေရာက္ရွိေန
ေရာင္နီ (NP News) - ဇူလိုင္ ၇
Netflix ရဲ႕ Animation ႐ုပ္ရွင္ “KPop Demon Hunters” မွာ ပါဝင္တဲ့ ေယာက်ၤားေလးအဖြဲ႕ "Soja Boys" ရဲ႕ ေတးသီခ်င္းေတြဟာ US Spitify Chart မွာ နံပါတ္ ၁ ေနရာ ေရာက္ခဲ့ပါတယ္။
ဇူလိုင္ ၃ ရက္စြဲနဲ႔ US Spotify ရဲ႕ ထိပ္တန္းသီခ်င္းဇယားမွာ နာမည္ႀကီး ကာတြန္း႐ုပ္ရွင္ “KPop Demon Hunters” ရဲ႕ေတးသြားေတြဟာ ထိပ္တန္းေနရာ ႏွစ္ခုစလုံးကို သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။ Saja Boys ရဲ႕ "Your Idol” သီခ်င္းဟာ နံပါတ္ ၁ ထိ ခုန္တက္သြားခဲ့ၿပီး US Spotify ဇယားမွာ ဝင္ေရာက္ခဲ့တဲ့ စတုတၳေျမာက္ K-pop အႏုပညာရွင္ ျဖစ္လာခဲ့ပါတယ္။ ဇာတ္ကားထဲက မိန္းကေလး K Pop အဖြဲ႕ HUNTR/X ရဲ႕ သီခ်င္း “Golden” ကေတာ့ နံပါတ္ ၂ ေနရာကို ေရာက္ရွိေနၿပီး BLACKPINK ကို ေက်ာ္ကာ US Spotify သမိုင္းမွာ အဆင့္အျမင့္ဆုံး ခ်ိတ္တဲ့ K-pop မိန္းကေလးအဖြဲ႕ျဖစ္လာခဲ့ပါတယ္။
US chart မွာ နံပါတ္ ၁ ေနရာကိုေရာက္ရွိခဲ့တဲ့ ကိုရီးယား ေပါ့စ္ သီခ်င္းေတြဟာ အရင္က BTS အဖြဲ႕ဝင္ ေဂ်ာင္ကု ရဲ႕ "Seven"၊ BTS အဖြဲ႕ဝင္ ဂ်ီမင္ရဲ႕ "Who" နဲ႔ BLACKPINK အဖြဲ႕ဝင္ ႐ိုစ့္ရဲ႕ "APT" ေတြ ပဲ ေရာက္ရွိႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ယခင္က US Spotify ဇယားမွာ အဆင့္အျမင့္ဆုံးအျဖစ္ နံပါတ္ ၃ ထိ သာ ခ်ိတ္ဆြဲႏိုင္ခဲ့တာျဖစ္ပါတယ္။