မိုးကုတ်တွင် တရုတ်စီးပွားရေးသမားများက အိမ်များကို ဈေးကြီးပေးငှားကာ ကျောက်များ အထိန်းအကွပ်မဲ့တူးဖော်နေ

279

Pearl (NP News) - ဇူလိုင် ၈
TNLA အဖွဲ့ထိန်းချုပ်ထားသည့် မိုးကုတ်တွင် တရုတ်စီးပွားရေးသမားများက ဒေသခံအိမ်များကို ဈေးကြီးပေးငှားကာ ကျောက်များအထိန်းအကွပ်မဲ့တူးဖော်မှုကို ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံများ ထံ NP News က ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
မန္တလေးတိုင်းဒေသကြီး ၊ မိုးကုတ်မြို့ကို TNLA က ထိန်းချုပ်ပြီးနောက် ၎င်းတို့၏ခွင့်ပြုချက်ဖြင့် “ဝ” ကုမ္ပဏီတစ်ခုက မိုးကုတ်ဂေါက်ကွင်းကို အဓိကထားကာ ဘက်ဟိုး(၈)စီးခန့်ဖြင့် တွင်းထွက်ရတနာများကို အထိန်းအကွပ်မဲ့စွာ နေ့စဉ်နီးပါးတူးဖော်နေပြီးရရှိသည့် ကျောက်မျက်များကို မိုးကုတ်မြို့၊ ကျောက်တိုင်ကွင်းအနီးရှိ ရုံးခန်းတစ်ခုတွင် နေ့စဉ်လေလံစနစ်ဖြင့် ရောင်းချနေကာ မြို့ခံများနှင့် တရုတ်ဝယ်လက်များက လေလံဆွဲကြောင်း သိရသည်။
ယခုနောက်ပိုင်းတွင် မိုးကုတ်သို့ တရုတ်စီးပွားရေးသမားများ ယခင်ထက်ပိုမိုဝင်ရောက်လာပြီး ဒေသ ခံနေအိမ်များကို သိန်းဆယ်နှင့်ချီကာပေး၍ ငှားရမ်းနေထိုင်ပြီး ကျောက်မျက်များတူးဖော်နေကြောင်း သိရ သည်။ “အခုဆို မိုးကုတ်မှာ တရုတ်တွေ စစ်ဖြစ်လို့များ အဆင်မပြေဘူးမထင်နဲ့ အလုပ်ဖြစ်နေကြတာ။ ကျောက်ဝိုင်းတွေ ဘာတွေနဲ့စည်လိုက်တာ။ အိမ်ငှားဈေးတွေကလေ ဘာမှမကောင်းတဲ့အိမ်တောင် သိန်း (၂၀) ကျော်ရတယ်။ တရုတ်တွေ ငှားနေတာ။ ကျောက်တွေ လာလုပ်ကြတာ ဗမာစကားတွေတောင် မတတ်ဘူး။ ကျောက်တွေမကုန်မချင်းလုပ် မယ်ထင်တယ်။ “ဝ” တွေ။ ပြီးမှပဲ သူတို့ပြည်နယ်ကို ပြန်ချင် ပြန်သွားမှာ။ အိမ်ခွန်တွေလည်း ပလောင်ကို ပေးရတယ်။ အဲဒီမှာ မကောင်းတာလုပ်စားတဲ့လူ(ပြည့်တန်ဆာ)တွေလည်း ပိုတောင်အလုပ်ဖြစ်သေးတယ်” ဟု ဒေသခံတစ်ဦးက NP News သို့ ပြောသည်။
ထို့အတူ မိုးကုတ်မြို့တွင် မြန်မာငွေကျပ် (၂၀ဝ) တန်၊ ငွေကျပ် (၅၀ဝ)တန်များကို မသုံးစွဲတော့ လုနီးပါးဖြစ်နေပြီး တရုတ်ငွေသုံးစွဲမှုများ၊ တရုတ်ငွေ လဲလှယ်မှုများကို ပိုမိုမြင်တွေ့လာရကြောင်းလည်း အထက်ပါ ဒေသခံက ပြောသည်။ “(၂၀ဝ)တန်၊ (၅၀ဝ)တန် ဘယ်သူမှမယူတော့ဘူး။ သုံးလို့မရတော့ဘူး။ တရုတ်ငွေလဲတာတွေလည်း အလုပ်ဖြစ်နေတယ်”ဟု ပြောသည်။ မိုးကုတ်တွင် ကျောက်မျက်များကို အထိန်းအကွပ်မဲ့တူးဖော်ခွင့်ပြုထားသည့် TNLA အဖွဲ့ ကလည်း UWSA “ဝ” တပ်ဖွဲ့ထံပေးရမည့်လက်နက်အကြွေးကျပ်ငွေ(၂၀ဝ)ဘီလျံခန့်ကျော်ပေးချေပြီးဖြစ်သည့်အပြင် ထို့သို့ကျောက်မြတ်တူးဖော်မှုမှ UWSA နှင့် TNLA တို့က ဘီလျံထောင်နှင့်ချီရရှိနေပြီဖြစ်ကာ နိုင်ငံတော်ဘဏ္ဍာအတွက်များစွာ နစ်နာဆုံးရှုံးရမှုများဖြစ်နေကြောင်းလည်း သိရသည်။
zawgyi version
မိုးကုတ္တြင္ တ႐ုတ္စီးပြားေရးသမားမ်ားက အိမ္မ်ားကို ေဈးႀကီးေပးငွားကာ ေက်ာက္မ်ား အထိန္းအကြပ္မဲ့တူးေဖာ္ေန
Pearl (NP News) - ဇူလိုင္ ၈
TNLA အဖြဲ႕ထိန္းခ်ဳပ္ထားသည့္ မိုးကုတ္တြင္ တ႐ုတ္စီးပြားေရးသမားမ်ားက ေဒသခံအိမ္မ်ားကို ေဈးႀကီးေပးငွားကာ ေက်ာက္မ်ားအထိန္းအကြပ္မဲ့တူးေဖာ္မႈကို ပိုမိုလုပ္ေဆာင္လာေၾကာင္း ေဒသခံမ်ား ထံ NP News က ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။
မႏၲေလးတိုင္းေဒသႀကီး ၊ မိုးကုတ္ၿမိဳ႕ကို TNLA က ထိန္းခ်ဳပ္ၿပီးေနာက္ ၎တို႔၏ခြင့္ျပဳခ်က္ျဖင့္ “ဝ” ကုမၸဏီတစ္ခုက မိုးကုတ္ေဂါက္ကြင္းကို အဓိကထားကာ ဘက္ဟိုး(၈)စီးခန႔္ျဖင့္ တြင္းထြက္ရတနာမ်ားကို အထိန္းအကြပ္မဲ့စြာ ေန႔စဥ္နီးပါးတူးေဖာ္ေနၿပီးရရွိသည့္ ေက်ာက္မ်က္မ်ားကို မိုးကုတ္ၿမိဳ႕၊ ေက်ာက္တိုင္ကြင္းအနီးရွိ ႐ုံးခန္းတစ္ခုတြင္ ေန႔စဥ္ေလလံစနစ္ျဖင့္ ေရာင္းခ်ေနကာ ၿမိဳ႕ခံမ်ားႏွင့္ တ႐ုတ္ဝယ္လက္မ်ားက ေလလံဆြဲေၾကာင္း သိရသည္။
ယခုေနာက္ပိုင္းတြင္ မိုးကုတ္သို႔ တ႐ုတ္စီးပြားေရးသမားမ်ား ယခင္ထက္ပိုမိုဝင္ေရာက္လာၿပီး ေဒသ ခံေနအိမ္မ်ားကို သိန္းဆယ္ႏွင့္ခ်ီကာေပး၍ ငွားရမ္းေနထိုင္ၿပီး ေက်ာက္မ်က္မ်ားတူးေဖာ္ေနေၾကာင္း သိရ သည္။ “အခုဆို မိုးကုတ္မွာ တ႐ုတ္ေတြ စစ္ျဖစ္လို႔မ်ား အဆင္မေျပဘူးမထင္နဲ႔ အလုပ္ျဖစ္ေနၾကတာ။ ေက်ာက္ဝိုင္းေတြ ဘာေတြနဲ႔စည္လိုက္တာ။ အိမ္ငွားေဈးေတြကေလ ဘာမွမေကာင္းတဲ့အိမ္ေတာင္ သိန္း (၂၀) ေက်ာ္ရတယ္။ တ႐ုတ္ေတြ ငွားေနတာ။ ေက်ာက္ေတြ လာလုပ္ၾကတာ ဗမာစကားေတြေတာင္ မတတ္ဘူး။ ေက်ာက္ေတြမကုန္မခ်င္းလုပ္ မယ္ထင္တယ္။ “ဝ” ေတြ။ ၿပီးမွပဲ သူတို႔ျပည္နယ္ကို ျပန္ခ်င္ ျပန္သြားမွာ။ အိမ္ခြန္ေတြလည္း ပေလာင္ကို ေပးရတယ္။ အဲဒီမွာ မေကာင္းတာလုပ္စားတဲ့လူ(ျပည့္တန္ဆာ)ေတြလည္း ပိုေတာင္အလုပ္ျဖစ္ေသးတယ္” ဟု ေဒသခံတစ္ဦးက NP News သို႔ ေျပာသည္။
ထို႔အတူ မိုးကုတ္ၿမိဳ႕တြင္ ျမန္မာေငြက်ပ္ (၂၀ဝ) တန္၊ ေငြက်ပ္ (၅၀ဝ)တန္မ်ားကို မသုံးစြဲေတာ့ လုနီးပါးျဖစ္ေနၿပီး တ႐ုတ္ေငြသုံးစြဲမႈမ်ား၊ တ႐ုတ္ေငြ လဲလွယ္မႈမ်ားကို ပိုမိုျမင္ေတြ႕လာရေၾကာင္းလည္း အထက္ပါ ေဒသခံက ေျပာသည္။ “(၂၀ဝ)တန္၊ (၅၀ဝ)တန္ ဘယ္သူမွမယူေတာ့ဘူး။ သုံးလို႔မရေတာ့ဘူး။ တ႐ုတ္ေငြလဲတာေတြလည္း အလုပ္ျဖစ္ေနတယ္”ဟု ေျပာသည္။ မိုးကုတ္တြင္ ေက်ာက္မ်က္မ်ားကို အထိန္းအကြပ္မဲ့တူးေဖာ္ခြင့္ျပဳထားသည့္ TNLA အဖြဲ႕ ကလည္း UWSA “ဝ” တပ္ဖြဲ႕ထံေပးရမည့္လက္နက္အေႂကြးက်ပ္ေငြ(၂၀ဝ)ဘီလ်ံခန႔္ေက်ာ္ေပးေခ်ၿပီးျဖစ္သည့္အျပင္ ထို႔သို႔ေက်ာက္ျမတ္တူးေဖာ္မႈမွ UWSA ႏွင့္ TNLA တို႔က ဘီလ်ံေထာင္ႏွင့္ခ်ီရရွိေနၿပီျဖစ္ကာ ႏိုင္ငံေတာ္ဘ႑ာအတြက္မ်ားစြာ နစ္နာဆုံးရႈံးရမႈမ်ားျဖစ္ေနေၾကာင္းလည္း သိရသည္။