ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ အစ္စရေးစစ်ဘက်ပြော

 173

Pika (NP News) - ဇူလိုင် ၈

ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့က ထိန်းချုပ်ထားတဲ့ ဆိပ်ကမ်းမြို့ Hodeida နဲ့ အခြားနေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အစ္စရေးအစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ယီမင်ကနေပစ်လွှတ်လိုက်တဲ့ အစ္စရေးကို ဦးတည်လာတဲ့ ဒုံးကျည်နှစ်စင်းကို ကြားဖြတ်ဟန့်တားမှုတွေလုပ်ဆောင်ခဲ့ပြီးနောက် နာရီအနည်းငယ်အကြာမှာ လေကြောင်းတိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ပြောကြားခဲ့ပါတယ်။ အစ္စရေးစစ်တပ်က "ကျွန်တော်တို့ရဲ့တပ်ဖွဲ့တွေဟာ ဟူသီလက်နက်ကိုင်အဖွဲ့ ပိုင်ဆိုင်တဲ့ အခြေခံအဆောက်အဦးတွေကို တိုက်ခိုက်မှုတွေလုပ်ဆောင်ပြီး ဖျက်ဆီးပစ်ခဲ့ပါတယ်။ ပစ်မှတ်တွေထဲမှာ Hodeida၊ Ras Isa နဲ့ Salif ဆိပ်ကမ်းတို့ပါဝင်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

အစ္စရေးအပေါ် တိုက်ခိုက်မှုတွေ အကြိမ်ကြိမ်လုပ်ဆောင်နေတဲ့ ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ အဲဒီလေကြောင်းတိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အစ္စရေးနဲ့ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ကြား အပစ်အခတ်ရပ်စဲရေးရရှိဖို့ အပြင်းအထန်ကြိုးပမ်းမှု‌တွေ ရှိနေချိန်မှာပဲ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ရဲ့မိတ်ဖက်ဖြစ်တဲ့ ဟူသီလက်နက်ကိုင်အဖွဲ့အပေါ် အစ္စရေးရဲ့ တိုက်ခိုက်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

zawgyi version
ယီမင္အေျခစိုက္ ဟူသီလက္နက္ကိုင္အဖြဲ႕ကို တိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့တယ္လို႔ အစၥေရးစစ္ဘက္ေျပာ
Pika (NP News) - ဇူလိုင္ ၈

ယီမင္အေျခစိုက္ ဟူသီလက္နက္ကိုင္အဖြဲ႕က ထိန္းခ်ဳပ္ထားတဲ့ ဆိပ္ကမ္းၿမိဳ႕ Hodeida နဲ႔ အျခားေနရာေတြကို ေလေၾကာင္းတိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ အစၥေရးအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

ယီမင္ကေနပစ္လႊတ္လိုက္တဲ့ အစၥေရးကို ဦးတည္လာတဲ့ ဒုံးက်ည္ႏွစ္စင္းကို ၾကားျဖတ္ဟန႔္တားမႈေတြလုပ္ေဆာင္ခဲ့ၿပီးေနာက္ နာရီအနည္းငယ္အၾကာမွာ ေလေၾကာင္းတိုက္ခိုက္မႈေတြကို လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ အစၥေရးစစ္တပ္က ေျပာၾကားခဲ့ပါတယ္။ အစၥေရးစစ္တပ္က "ကြၽန္ေတာ္တို႔ရဲ႕တပ္ဖြဲ႕ေတြဟာ ဟူသီလက္နက္ကိုင္အဖြဲ႕ ပိုင္ဆိုင္တဲ့ အေျခခံအေဆာက္အဦးေတြကို တိုက္ခိုက္မႈေတြလုပ္ေဆာင္ၿပီး ဖ်က္ဆီးပစ္ခဲ့ပါတယ္။ ပစ္မွတ္ေတြထဲမွာ Hodeida၊ Ras Isa နဲ႔ Salif ဆိပ္ကမ္းတို႔ပါဝင္ပါတယ္”လို႔ ေျပာဆိုခဲ့ပါတယ္။

အစၥေရးအေပၚ တိုက္ခိုက္မႈေတြ အႀကိမ္ႀကိမ္လုပ္ေဆာင္ေနတဲ့ ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕ တိုက္ခိုက္မႈေတြကို လက္တုံ႔ျပန္တဲ့အေနနဲ႔ အဲဒီေလေၾကာင္းတိုက္ခိုက္မႈေတြကို လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ အစၥေရးစစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အစၥေရးနဲ႔ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ၾကား အပစ္အခတ္ရပ္စဲေရးရရွိဖို႔ အျပင္းအထန္ႀကိဳးပမ္းမႈ‌ေတြ ရွိေနခ်ိန္မွာပဲ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ရဲ႕မိတ္ဖက္ျဖစ္တဲ့ ဟူသီလက္နက္ကိုင္အဖြဲ႕အေပၚ အစၥေရးရဲ႕ တိုက္ခိုက္မႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.