တောင်ကိုရီးယားမင်းသမီး လီဆီယောင်း ကွာရှင်းပြတ်စဲပြီးနောက် အေးခဲသန္ဓေသားလောင်းနဲ့ ကိုယ်ဝန်ရရှိ

 468

ရောင်နီ (NP News) - ဇူလိုင် ၉
တောင်ကိုရီးယား သရုပ်ဆောင် မင်းသမီး လီဆီယောင်း ဟာ အိမ်ထောင်ကွဲပြီးနောက်မှ ခင်ပွန်းဟောင်းရဲ့ အေးခဲ သန္ဓေသားလောင်းနဲ့ ကိုယ်ဝန်လွယ်ထားပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
လွန်ခဲ့တဲ့ ငါးနှစ်က ခင်ပွန်းဟောင်းနဲ့ ဖန်တီးထားတဲ့ အေးခဲ သန္ဓေသားကို အသုံးပြုပြီး ကိုယ်ဝန်ရှိနေပြီလို့ လီဆီယောင်းက Instagram မှတစ်ဆင့် ဇူလိုင် ၈ ရက်မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ခင်ပွန်းဟောင်းရဲ့ သဘောတူညီချက် မပါဘဲ လုပ်ထုံးလုပ်နည်းအရ သန္ဓေယူဖို့ လွတ်လပ်စွာ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ "A" (နာမည်လျို့ဝှက်ထား) ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်နဲ့ လီဆီယောင်းဟာ လက်ထပ်စဉ်က အေးခဲသန္ဓေဥ ပြုလုပ်ခဲ့ပြီး ဒုတိယကလေးမွေးဖွားဖို့ သန္ဓေသားကို ဆက်လက်ထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ညှိနှိုင်းမရတဲ့သဘောထားကွဲလွဲမှုတွေကြောင့် ကွာရှင်းပြတ်စဲခဲ့ပါတယ်။ ကွာရှင်းပြတ်စဲပြီးချိန်မှ အေးခဲထားတဲ့ သန္ဓေသားသက်တမ်းကုန်ဆုံးရက် နီးလာတဲ့အတွက် လီဆီယောင်းက ကိုယ်ဝန်ဆောင်လိုက်ဖို့ ဆုံးဖြတ်ခဲ့လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကွာရှင်းပြတ်စဲထားပေမယ့် ရင်းနှီးတဲ့မိတ်ဆွေတွေအဖြစ် ဆက်ရှိနေသေးတဲ့ သူမရဲ့ ခင်ပွန်းဟောင်းက “ကျွန်တော်က သဘောမတူပေမဲ့ သူက ကိုယ်ဝန်ယူဖို့ ဆုံးဖြတ်ခဲ့တာပါ” “ဒါပေမယ့် အခု ဒုတိယရင်သွေးလေး ရလာတော့ အဖေတစ်ယောက်အနေနဲ့ တာဝန်ကျေပွန်အောင် အစွမ်းကုန်ကြိုးစားပါ့မယ်" လို့ ဆိုပါတယ်။
လီဆီယောင်းနဲ့ ခင်ပွန်းသည်ဟာ ၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ လက်ထပ်ခဲ့ပြီး ယခုနှစ် ၂၀၂၅ ခုနှစ် အစောပိုင်းမှာ ကွာရှင်းဖို့ လျှောက်ထားခဲ့ကာ မတ်လကမှ ဆိုးလ်မိသားစုတရားရုံးမှာ တရားဝင်ကွာရှင်းခဲ့တာ ဖြစ်ပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယားမင္းသမီး လီဆီေယာင္း ကြာရွင္းျပတ္စဲၿပီးေနာက္ ေအးခဲသေႏၶသားေလာင္းနဲ႔ ကိုယ္ဝန္ရရွိ
ေရာင္နီ (NP News) - ဇူလိုင္ ၉
ေတာင္ကိုရီးယား သ႐ုပ္ေဆာင္ မင္းသမီး လီဆီေယာင္း ဟာ အိမ္ေထာင္ကြဲၿပီးေနာက္မွ ခင္ပြန္းေဟာင္းရဲ႕ ေအးခဲ သေႏၶသားေလာင္းနဲ႔ ကိုယ္ဝန္လြယ္ထားၿပီျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္။
လြန္ခဲ့တဲ့ ငါးႏွစ္က ခင္ပြန္းေဟာင္းနဲ႔ ဖန္တီးထားတဲ့ ေအးခဲ သေႏၶသားကို အသုံးျပဳၿပီး ကိုယ္ဝန္ရွိေနၿပီလို႔ လီဆီေယာင္းက Instagram မွတစ္ဆင့္ ဇူလိုင္ ၈ ရက္မွာ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ ခင္ပြန္းေဟာင္းရဲ႕ သေဘာတူညီခ်က္ မပါဘဲ လုပ္ထုံးလုပ္နည္းအရ သေႏၶယူဖို႔ လြတ္လပ္စြာ ဆုံးျဖတ္ခဲ့တာ ျဖစ္တယ္လို႔ ဆိုပါတယ္။ "A" (နာမည္လ်ိဳ႕ဝွက္ထား) ဆိုတဲ့ စီးပြားေရးလုပ္ငန္းရွင္နဲ႔ လီဆီေယာင္းဟာ လက္ထပ္စဥ္က ေအးခဲသေႏၶဥ ျပဳလုပ္ခဲ့ၿပီး ဒုတိယကေလးေမြးဖြားဖို႔ သေႏၶသားကို ဆက္လက္ထိန္းသိမ္းထားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ညႇိႏႈိင္းမရတဲ့သေဘာထားကြဲလြဲမႈေတြေၾကာင့္ ကြာရွင္းျပတ္စဲခဲ့ပါတယ္။ ကြာရွင္းျပတ္စဲၿပီးခ်ိန္မွ ေအးခဲထားတဲ့ သေႏၶသားသက္တမ္းကုန္ဆုံးရက္ နီးလာတဲ့အတြက္ လီဆီေယာင္းက ကိုယ္ဝန္ေဆာင္လိုက္ဖို႔ ဆုံးျဖတ္ခဲ့လိုက္တာ ျဖစ္တယ္လို႔ ဆိုပါတယ္။ ကြာရွင္းျပတ္စဲထားေပမယ့္ ရင္းႏွီးတဲ့မိတ္ေဆြေတြအျဖစ္ ဆက္ရွိေနေသးတဲ့ သူမရဲ႕ ခင္ပြန္းေဟာင္းက “ကြၽန္ေတာ္က သေဘာမတူေပမဲ့ သူက ကိုယ္ဝန္ယူဖို႔ ဆုံးျဖတ္ခဲ့တာပါ” “ဒါေပမယ့္ အခု ဒုတိယရင္ေသြးေလး ရလာေတာ့ အေဖတစ္ေယာက္အေနနဲ႔ တာဝန္ေက်ပြန္ေအာင္ အစြမ္းကုန္ႀကိဳးစားပါ့မယ္" လို႔ ဆိုပါတယ္။
လီဆီေယာင္းနဲ႔ ခင္ပြန္းသည္ဟာ ၂၀၁၇ ခုႏွစ္ စက္တင္ဘာလမွာ လက္ထပ္ခဲ့ၿပီး ယခုႏွစ္ ၂၀၂၅ ခုႏွစ္ အေစာပိုင္းမွာ ကြာရွင္းဖို႔ ေလွ်ာက္ထားခဲ့ကာ မတ္လကမွ ဆိုးလ္မိသားစုတရား႐ုံးမွာ တရားဝင္ကြာရွင္းခဲ့တာ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.