မိုးဗြဲ-လွိုင်ကော်လမ်း နစကထိန်းချုပ်မှုအောက် ပြန်ရောက်ပြီ

621

သန့်ဇင် (NP News) - ဇူလိုင် ၁၂
တပ်မတော်၏ ဆက်တိုက်နယ်မြေရှင်းလင်းမှုကြောင့် KNDF နှင့် ပူးပေါင်းအဖွဲ့တို့ဆုတ်ပြေးခဲ့ရာ မိုးဗြဲ-လွိုင်ကော်လမ်းပွင့်သွားခဲ့ပြီဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက NP News သို့ ပြောသည်။
ဖယ်ခုံမြို့ နှင့် မိုးဗြဲမြို့တို့ကို တပ်မတော်က လက်ရှိတွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ရာ မိုးဗြဲမြို့တိုက်ပွဲမှာ (၆) လ အထိကြာမြင့်ခဲ့ပြီး တိုက်ပွဲပေါင်း (၆၁၅) ကြိမ် ဆင်နွှဲခဲ့ရာ ဇူလိုင်လဆန်းပိုင်းတွင် ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။
ထို့နောက် မိုးဗြဲမြို့အနီးက KNDF ပူးပေါင်းအဖွဲ့ခြေကုပ်ယူရာ ဝါရီကောခူ ကျေးရွာဘက်သို့ တပ်မတော်က ဆက်တိုက်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “လွိုင်ကော် နီးပြီ။ ဝါရီကောခူ လည်း ရပြီ။ လမ်းတော့ ပွင့်သွားပြီ။ ဘေး၊ ဘယ်၊ ညာ တော့ ရှင်းမှာပေါ့။ ရှင်းဖို့ ကျန်သေးတယ်။ ရှင်းဖို့ရယ် နေရာချထားဖို့ရယ် သေချာပြန်လုပ်ရဦးမှာပေါ့။ နောက်တစ်ပတ်လောက်ဆိုရင်တော့ သေချာပြန်သွားလို့ရတော့မယ်ထင်တယ်” ဟု ၎င်းက ဆိုသည်။
ယင်းလမ်းကြောင်းကို တပ်မတော်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့သောကြောင့် ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် လမ်းကြောင်း လုံးဝပွင့်သွားတော့မည်ဖြစ်ရာ ကယားပြည်နယ်၏ ကုန်စည်စီးဆင်းရေးတွင်လည်း များစွာ အဆင်ပြေသွားနိုင်ကြောင်း သိရသည်။
“ဆောင်းပြောင်းတုန်းကလည်း တပ်မတော်နဲ့ အပြင်းအထန်တိုက်ပွဲဖြစ်တယ်။ ပြီးတော့ နမ့်ဖာမူမှာလည်း တိုက်ရတာပေါ့။ အဲဒါပြီးတော့ ဒီကောင်တွေဆုတ်ပြေးသွားတာ။ အရင်ကတော့ ဒီလမ်းတစ်ကြောမှာ KNDF ဂိတ်တွေပဲရှိတာ။ ပင် လောင်း - ဖယ်ခုံ - မိုးဗြဲ - လွိုင်ကော်လမ်းမကြီးကို လုံးဝ ပြန်စိုးမိုးနိုင်တော့မှာပါ” ဟု ပြီးခဲ့သည့် ရက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့မှ နီးစပ်သူတစ်ဦးက NP News သို့ ပြောကြားထားသည်။
ဝါရီကောခူကျေးရွာဘက်သည် KNDF တို့ အခိုင်အမာခံစစ်ပြုနေသောနေရာဖြစ်ပြီး တပ်မတော်ဘက်က မိုးဗြဲဘက်မှတပ်ဖွဲ့နှင့် လွိုင်ကော်ဘက်မှ တပ်ဖွဲ့တို့ နှစ်ဖက်ညှပ်ကာ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့ရခြင်းဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version:
မိုးၿဗဲ-လြိဳင္ေကာ္လမ္း နစကထိန္းခ်ဳပ္မႈေအာက္ ျပန္ေရာက္ၿပီ
သန႔္ဇင္ (NP News) - ဇူလိုင္ ၁၂
တပ္မေတာ္၏ ဆက္တိုက္နယ္ေျမရွင္းလင္းမႈေၾကာင့္ KNDF ႏွင့္ ပူးေပါင္းအဖြဲ႕တို႔ဆုတ္ေျပးခဲ့ရာ မိုးၿဗဲ-လြိဳင္ေကာ္လမ္းပြင့္သြားခဲ့ၿပီျဖစ္ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦးက NP News သို႔ ေျပာသည္။
ဖယ္ခုံၿမိဳ႕ ႏွင့္ မိုးၿဗဲၿမိဳ႕တို႔ကို တပ္မေတာ္က လက္ရွိတြင္ ျပန္လည္သိမ္းပိုက္ႏိုင္ခဲ့ရာ မိုးၿဗဲၿမိဳ႕တိုက္ပြဲမွာ (၆) လ အထိၾကာျမင့္ခဲ့ၿပီး တိုက္ပြဲေပါင္း (၆၁၅) ႀကိမ္ ဆင္ႏႊဲခဲ့ရာ ဇူလိုင္လဆန္းပိုင္းတြင္ ျပန္လည္ရရွိခဲ့ျခင္းျဖစ္သည္။
ထို႔ေနာက္ မိုးၿဗဲၿမိဳ႕အနီးက KNDF ပူးေပါင္းအဖြဲ႕ေျခကုပ္ယူရာ ဝါရီေကာခူ ေက်း႐ြာဘက္သို႔ တပ္မေတာ္က ဆက္တိုက္ထိုးစစ္ဆင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ “လြိဳင္ေကာ္ နီးၿပီ။ ဝါရီေကာခူ လည္း ရၿပီ။ လမ္းေတာ့ ပြင့္သြားၿပီ။ ေဘး၊ ဘယ္၊ ညာ ေတာ့ ရွင္းမွာေပါ့။ ရွင္းဖို႔ က်န္ေသးတယ္။ ရွင္းဖို႔ရယ္ ေနရာခ်ထားဖို႔ရယ္ ေသခ်ာျပန္လုပ္ရဦးမွာေပါ့။ ေနာက္တစ္ပတ္ေလာက္ဆိုရင္ေတာ့ ေသခ်ာျပန္သြားလို႔ရေတာ့မယ္ထင္တယ္” ဟု ၎က ဆိုသည္။
ယင္းလမ္းေၾကာင္းကို တပ္မေတာ္က ျပန္လည္သိမ္းပိုက္ႏိုင္ခဲ့ေသာေၾကာင့္ ပင္ေလာင္း-ဖယ္ခုံ-မိုးၿဗဲ-လြိဳင္ေကာ္ လမ္းေၾကာင္း လုံးဝပြင့္သြားေတာ့မည္ျဖစ္ရာ ကယားျပည္နယ္၏ ကုန္စည္စီးဆင္းေရးတြင္လည္း မ်ားစြာ အဆင္ေျပသြားႏိုင္ေၾကာင္း သိရသည္။
“ေဆာင္းေျပာင္းတုန္းကလည္း တပ္မေတာ္နဲ႔ အျပင္းအထန္တိုက္ပြဲျဖစ္တယ္။ ၿပီးေတာ့ နမ့္ဖာမူမွာလည္း တိုက္ရတာေပါ့။ အဲဒါၿပီးေတာ့ ဒီေကာင္ေတြဆုတ္ေျပးသြားတာ။ အရင္ကေတာ့ ဒီလမ္းတစ္ေၾကာမွာ KNDF ဂိတ္ေတြပဲရွိတာ။ ပင္ ေလာင္း - ဖယ္ခုံ - မိုးၿဗဲ - လြိဳင္ေကာ္လမ္းမႀကီးကို လုံးဝ ျပန္စိုးမိုးႏိုင္ေတာ့မွာပါ” ဟု ၿပီးခဲ့သည့္ ရက္ပိုင္းတြင္ လုံၿခဳံေရးတပ္ဖြဲ႕မွ နီးစပ္သူတစ္ဦးက NP News သို႔ ေျပာၾကားထားသည္။
ဝါရီေကာခူေက်း႐ြာဘက္သည္ KNDF တို႔ အခိုင္အမာခံစစ္ျပဳေနေသာေနရာျဖစ္ၿပီး တပ္မေတာ္ဘက္က မိုးၿဗဲဘက္မွတပ္ဖြဲ႕ႏွင့္ လြိဳင္ေကာ္ဘက္မွ တပ္ဖြဲ႕တို႔ ႏွစ္ဖက္ညႇပ္ကာ ျပင္းျပင္းထန္ထန္ ထိုးစစ္ဆင္ခဲ့ရျခင္းျဖစ္ေၾကာင္းလည္း သိရသည္။