ဝါးဘိုးလေးရွှေလုပ်ကွက်ကိစ္စနှင့်ပတ်သက်၍ စဉ့်ကူးပကဖကို ဒေသခံများ ကန့်ကွက်ဆန္ဒပြ

590

Peral (NP News) - ဇူလိုင် ၁၂
ဝါးဘိုးလေးရွှေလုပ်ကွက်ကိစ္စနှင့်ပတ်သက်၍ စဉ့်ကူးပကဖများကို ဒေသခံများ ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာအနီးရှိ ဝါးဘိုးလေးရွှေလုပ်ကွက်တွင် ဒေသခံများတူးဖော်ထားသည့်အင်းများကို စဉ့်ကူးပကဖ က လေလံတင် ရောင်းချရန် စီစဉ်နေကြောင်း သိရသည်။
အဆိုပါ လေလံကိစ္စနှင့်ပတ်သက်၍ ဒေသခံများက ပြီးခဲ့သည့် ဇွန်လ(၂၅)ရက်တွင် လက်ပံလှနှင့် နတ်တောင် ရပ်ကွက်ရှိ ကျေးရွာအုပ်ချုပ်ရေးရုံးများတွင် လူအင်အား (၁၀ဝ)ကျော်ဖြင့် ပထမအကြိမ် ဆန္ဒပြခဲ့ပြီး လေလံရုပ်သိမ်းမည်ဟု သတင်းထွက်ပေါ်ခဲ့ကြောင်း သိရသည်။ ထိုသို့သတင်းထွက်ပေါ်ခဲ့သော်လည်း ဆက်လက်လုပ်ဆောင်နေသည့်အတွက် ဇူလိုင် (၉) ရက်နှင့် (၁၀)ရက်တို့တွင် ဒေသခံများက လူအင်အား (၃၀ဝ)ခန့်ဖြင့် ထပ်မံဆန္ဒပြခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
ဆန္ဒထုတ်ဖော်ရာတွင် စဉ့်ကူးမြို့နယ် ပကဖ၊ ပအဖ အလိုမရှိ၊ စဉ့်ကူးမြို့နယ် ခရိုနီလေလံ အလိုမရှိ၊ ဝါးဘိုးလေးကွက်လေလံ အလိုမရှိ စသည်ဖြင့် စာများကိုင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ လက်ရှိတွင် စဉ့်ကူးနှင့် သပိတ်ကျင်းမြို့ နယ်များရှိ ရွှေလုပ်ကွက်များတွင် မန္တလေး PDF နှင့် စဉ့်ကူ ပကဖ၊ ပအဖများကကြီးစိုးနေပြီး အချို့ရွှေလုပ်ကွက်များမှ နေ့စဉ် ရွှေအများအပြား ထွက်ရှိကာ ရရှိလာသည့်အကျိုးအမြတ်များကို မန္တလေး PDF နှင့် TNLA တို့က ခွဲဝေယူကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

Zawgyi Version:
ဝါးဘိုးေလးေ႐ႊလုပ္ကြက္ကိစၥႏွင့္ပတ္သက္၍ စဥ့္ကူးပကဖကို ေဒသခံမ်ား ကန႔္ကြက္ဆႏၵျပ
Peral (NP News) - ဇူလိုင္ ၁၂
ဝါးဘိုးေလးေ႐ႊလုပ္ကြက္ကိစၥႏွင့္ပတ္သက္၍ စဥ့္ကူးပကဖမ်ားကို ေဒသခံမ်ား ကန႔္ကြက္ဆႏၵျပခဲ့ၾကေၾကာင္း သိရသည္။ မႏၲေလးတိုင္းေဒသႀကီး၊ စဥ့္ကူးၿမိဳ႕နယ္၊ လက္ပံလွေက်း႐ြာအနီးရွိ ဝါးဘိုးေလးေ႐ႊလုပ္ကြက္တြင္ ေဒသခံမ်ားတူးေဖာ္ထားသည့္အင္းမ်ားကို စဥ့္ကူးပကဖ က ေလလံတင္ ေရာင္းခ်ရန္ စီစဥ္ေနေၾကာင္း သိရသည္။
အဆိုပါ ေလလံကိစၥႏွင့္ပတ္သက္၍ ေဒသခံမ်ားက ၿပီးခဲ့သည့္ ဇြန္လ(၂၅)ရက္တြင္ လက္ပံလွႏွင့္ နတ္ေတာင္ ရပ္ကြက္ရွိ ေက်း႐ြာအုပ္ခ်ဳပ္ေရး႐ုံးမ်ားတြင္ လူအင္အား (၁၀ဝ)ေက်ာ္ျဖင့္ ပထမအႀကိမ္ ဆႏၵျပခဲ့ၿပီး ေလလံ႐ုပ္သိမ္းမည္ဟု သတင္းထြက္ေပၚခဲ့ေၾကာင္း သိရသည္။ ထိုသို႔သတင္းထြက္ေပၚခဲ့ေသာ္လည္း ဆက္လက္လုပ္ေဆာင္ေနသည့္အတြက္ ဇူလိုင္ (၉) ရက္ႏွင့္ (၁၀)ရက္တို႔တြင္ ေဒသခံမ်ားက လူအင္အား (၃၀ဝ)ခန႔္ျဖင့္ ထပ္မံဆႏၵျပခဲ့ ျခင္းျဖစ္ေၾကာင္း သိရသည္။
ဆႏၵထုတ္ေဖာ္ရာတြင္ စဥ့္ကူးၿမိဳ႕နယ္ ပကဖ၊ ပအဖ အလိုမရွိ၊ စဥ့္ကူးၿမိဳ႕နယ္ ခ႐ိုနီေလလံ အလိုမရွိ၊ ဝါးဘိုးေလးကြက္ေလလံ အလိုမရွိ စသည္ျဖင့္ စာမ်ားကိုင္ကာ ဆႏၵထုတ္ေဖာ္ခဲ့ၾကသည္။ လက္ရွိတြင္ စဥ့္ကူးႏွင့္ သပိတ္က်င္းၿမိဳ႕ နယ္မ်ားရွိ ေ႐ႊလုပ္ကြက္မ်ားတြင္ မႏၲေလး PDF ႏွင့္ စဥ့္ကူ ပကဖ၊ ပအဖမ်ားကႀကီးစိုးေနၿပီး အခ်ိဳ႕ေ႐ႊလုပ္ကြက္မ်ားမွ ေန႔စဥ္ ေ႐ႊအမ်ားအျပား ထြက္ရွိကာ ရရွိလာသည့္အက်ိဳးအျမတ္မ်ားကို မႏၲေလး PDF ႏွင့္ TNLA တို႔က ခြဲေဝယူေၾကာင္း သတင္းမ်ားထြက္ေပၚလ်က္ရွိသည္။