ရှမ်းပြည်နယ် ကလောတွင် Whole Sale Market တစ်ခု တည်ဆောက်မည်

 589

NP News - ဇူလိုင် ၁၂

တညင်းကုန်းလက်ကားဈေးကြီးအား စီမံခန့်ခွဲလည်ပတ်နေသည့် မြန်မာအက်ဂရိုအိတ်(စ)ချိန်း အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက် (MAEX) မှ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် Whole Sale Market အား ယခုနှစ်ကုန်ပိုင်းအတွင်းဖွင့်လှစ်သွားရန်ရှိကြောင်း သိရသည်။
" ရှမ်းပြည်နယ်တောင်ပိုင်းမှာ Whole Sale Market ကို တည်ဆောက်သွားဖို့ ရှိပါတယ်။ ဒါလေးကို ရှမ်းပြည်နယ်တောင်ပိုင်းမှာ ရင်းနှီးမြုပ်နှံလိုတဲ့ ကုန်သည် လက်လီလက်ကားသမားကြီးတွေရော၊ တစ်ဆင့်ပြန်ရောင်းချလိုသူတွေကို သတင်းစကားပါးလိုပါတယ်" လို့ MAEX ရဲ့တာဝန်ရှိသူတစ်ဦးကပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ပင်တယခရိုင်အတွင်းက စိုက်ပျိုးထုတ်လုပ်သူ တောင်သူများမှ၊ စိုက်ပျိုးထွက်ရှိလာမယ့် စိုက်ပျိုးထုတ်ကုန်တွေကို တညင်းကုန်လက်ကားဈေးကြီးကို ချိတ်ဆက် ဖြန့်ချိနိုင်မည့် စိုက်ပျိုးထုတ်ကုန်များ စုဆောင်းသိုလှောင် ရောင်းချတဲ့ဈေးရုံ တည်ဆောက်နိုင်ဖို့ လက်ရှိမှာ ကြိုးပမ်းနေခြင်းဖြစ်သည်။
"တညင်းကုန်းလက်ကားဈေးကြီးလိုပဲ မြန်မာနိုင်ငံမှာထပ်ပြီး၊ တခြားမြို့နယ် ရှမ်းပြည်နယ်တောင်ပိုင်း ကလောမှာ ဒီနှစ်ကုန်လောက်ဖွင့်ဖို့ရည်ရွယ်ထားပါတယ်။ ဒါကြောင့်မို့ MAEX မှာ လာရောက်ဆွေးနွေးလို့လည်းရ၊ ကမ်းလှမ်းလို့လည်းရပါတယ်လို့ " MAEX က ဆက်လက်အသိပေးပြောကြားထားသည်။
ရှမ်းပြည်နယ်တွင် စိုက်ပျိုးထုတ်လုပ်သူများထံမှ စိုက်ပျိုးထုတ်လုပ်လို့ ထွက်ရှိလာမည့် ထုတ်ကုန်များအား Whole Sale Market ကတစ်ဆင့် ရန်ကုန်မြို့မှာရှိသော တညင်းကုန်းလက်ကားဈေးဖြင့်ချိတ်ဆက်ပြီးထုတ်လုပ်သူနှင့်ရောင်းဝယ်သူ တိုက်ရိုက်ချိတ်ပေး သောဝန်ဆောင်မှုကို ဝန်ဆောင်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ရွမ္းျပည္နယ္ ကေလာတြင္ Whole Sale Market တစ္ခု တည္ေဆာက္မည္
NP News - ဇူလိုင္ ၁၂
တညင္းကုန္းလက္ကားေဈးႀကီးအား စီမံခန႔္ခြဲလည္ပတ္ေနသည့္ ျမန္မာအက္ဂ႐ိုအိတ္(စ)ခ်ိန္း အမ်ားႏွင့္ သက္ဆိုင္ေသာကုမၸဏီလီမိတက္ (MAEX) မွ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ကေလာၿမိဳ႕နယ္တြင္ Whole Sale Market အား ယခုႏွစ္ကုန္ပိုင္းအတြင္းဖြင့္လွစ္သြားရန္ရွိေၾကာင္း သိရသည္။
" ရွမ္းျပည္နယ္ေတာင္ပိုင္းမွာ Whole Sale Market ကို တည္ေဆာက္သြားဖို႔ ရွိပါတယ္။ ဒါေလးကို ရွမ္းျပည္နယ္ေတာင္ပိုင္းမွာ ရင္းႏွီးျမဳပ္ႏွံလိုတဲ့ ကုန္သည္ လက္လီလက္ကားသမားႀကီးေတြေရာ၊ တစ္ဆင့္ျပန္ေရာင္းခ်လိုသူေတြကို သတင္းစကားပါးလိုပါတယ္" လို႔ MAEX ရဲ႕တာဝန္ရွိသူတစ္ဦးကေျပာသည္။
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ကေလာခ႐ိုင္၊ ပင္တယခ႐ိုင္အတြင္းက စိုက္ပ်ိဳးထုတ္လုပ္သူ ေတာင္သူမ်ားမွ၊ စိုက္ပ်ိဳးထြက္ရွိလာမယ့္ စိုက္ပ်ိဳးထုတ္ကုန္ေတြကို တညင္းကုန္လက္ကားေဈးႀကီးကို ခ်ိတ္ဆက္ ျဖန႔္ခ်ိႏိုင္မည့္ စိုက္ပ်ိဳးထုတ္ကုန္မ်ား စုေဆာင္းသိုေလွာင္ ေရာင္းခ်တဲ့ေဈး႐ုံ တည္ေဆာက္ႏိုင္ဖို႔ လက္ရွိမွာ ႀကိဳးပမ္းေနျခင္းျဖစ္သည္။
"တညင္းကုန္းလက္ကားေဈးႀကီးလိုပဲ ျမန္မာႏိုင္ငံမွာထပ္ၿပီး၊ တျခားၿမိဳ႕နယ္ ရွမ္းျပည္နယ္ေတာင္ပိုင္း ကေလာမွာ ဒီႏွစ္ကုန္ေလာက္ဖြင့္ဖို႔ရည္႐ြယ္ထားပါတယ္။ ဒါေၾကာင့္မို႔ MAEX မွာ လာေရာက္ေဆြးေႏြးလို႔လည္းရ၊ ကမ္းလွမ္းလို႔လည္းရပါတယ္လို႔ " MAEX က ဆက္လက္အသိေပးေျပာၾကားထားသည္။
ရွမ္းျပည္နယ္တြင္ စိုက္ပ်ိဳးထုတ္လုပ္သူမ်ားထံမွ စိုက္ပ်ိဳးထုတ္လုပ္လို႔ ထြက္ရွိလာမည့္ ထုတ္ကုန္မ်ားအား Whole Sale Market ကတစ္ဆင့္ ရန္ကုန္ၿမိဳ႕မွာရွိေသာ တညင္းကုန္းလက္ကားေဈးျဖင့္ခ်ိတ္ဆက္ၿပီးထုတ္လုပ္သူႏွင့္ေရာင္းဝယ္သူ တိုက္႐ိုက္ခ်ိတ္ေပး ေသာဝန္ေဆာင္မႈကို ဝန္ေဆာင္ေပးအပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.