သိုင်းချောင်းရေ ရုတ်တရက်မြင့်တက်သောကြောင့် အမြန်လမ်းလမ်းဟောင်းရှိ အချို့နေရာများတွင်လမ်းပေါ်ရေကျော်ခဲ့

 739

မေဥဩ (NP News) ဇူလိုင် ၁၂
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်၊ သိုင်းချောင်းတွင်ရေ ရုတ်တရက် မြင့်တက်လာသောကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်းဟောင်းမှ လမ်းပိုင်းနေရာအချို့တွင် ကားကမ်းပေါ် ရေကျော်မှုများဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ထိုသို့ ရေမြင့်တက်ခဲ့သောကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းပေါ်ရှိ သာဂရမြို့၊မြို့လှမြို့ နှင့်ရေနီမြို့တို့အနီးရှိ ကားလမ်းများတွင် ယနေ့(ဇူလိုင်လ ၁၂ ရက်) နံနက်ပိုင်းက ရေကျော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကားလမ်း ပိတ်ထားတာမျိုးတော့မရှိဘူး ကားအကြီးရော အသေးရောသွားလို့ရတယ်။ ဆွာဘက်မှာတော့ ရေကပြန်စီးလာတော့ ရေပြန်ကြီးလာတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။
ထို့ပြင် သိုင်းချောင်းရေ ရုတ်တရက်မြင့်တက်လာမှုကြောင့် ဒေသတွင်းရှိ နေအိမ်အချို့အား လူမှုကူညီရေးအသင်းအချို့နှင့်သက်ဆိုင်ရာမှ အရေးပေါ်ရွေ့ပြောင်းမှုများပြုလုပ်ခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် ချင်းတွင်းမြစ်‌ရေသည် မော်လိုက်မြို့နယ် နှင့် ကလေးဝမြို့နယ်များ၌ စိုးရိမ်ရေမှတ်ထက် ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေပြီးနောက် (၁)ရက်အတွင်း စိုးရိမ်ရေမှတ်အောက် ပြန်ရောက်နိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
သို့သော် မင်းကင်း၊ မုံရွာမြို့များ၌ နောက်ထပ် (၂) လက်မခန့် ထပ်မြင့်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။

Zawgyi Version:
သိုင္းေခ်ာင္းေရ ႐ုတ္တရက္ျမင့္တက္ေသာေၾကာင့္ အျမန္လမ္းလမ္းေဟာင္းရွိ အခ်ိဳ႕ေနရာမ်ားတြင္လမ္းေပၚေရေက်ာ္ခဲ့
ေမဥဩ (NP News) ဇူလိုင္ ၁၂
ပဲခူးတိုင္းေဒသႀကီး ေရတာရွည္ၿမိဳ႕နယ္၊ သိုင္းေခ်ာင္းတြင္ေရ ႐ုတ္တရက္ ျမင့္တက္လာေသာေၾကာင့္ ရန္ကုန္-မႏၲေလးအျမန္လမ္းေဟာင္းမွ လမ္းပိုင္းေနရာအခ်ိဳ႕တြင္ ကားကမ္းေပၚ ေရေက်ာ္မႈမ်ားျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ထိုသို႔ ေရျမင့္တက္ခဲ့ေသာေၾကာင့္ ရန္ကုန္-မႏၲေလး အျမန္လမ္းေဟာင္းေပၚရွိ သာဂရၿမိဳ႕၊ၿမိဳ႕လွၿမိဳ႕ ႏွင့္ေရနီၿမိဳ႕တို႔အနီးရွိ ကားလမ္းမ်ားတြင္ ယေန႔(ဇူလိုင္လ ၁၂ ရက္) နံနက္ပိုင္းက ေရေက်ာ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ကားလမ္း ပိတ္ထားတာမ်ိဳးေတာ့မရွိဘူး ကားအႀကီးေရာ အေသးေရာသြားလို႔ရတယ္။ ဆြာဘက္မွာေတာ့ ေရကျပန္စီးလာေတာ့ ေရျပန္ႀကီးလာတယ္” ဟု ေဒသခံတစ္ဦးက ဆိုသည္။
ထို႔ျပင္ သိုင္းေခ်ာင္းေရ ႐ုတ္တရက္ျမင့္တက္လာမႈေၾကာင့္ ေဒသတြင္းရွိ ေနအိမ္အခ်ိဳ႕အား လူမႈကူညီေရးအသင္းအခ်ိဳ႕ႏွင့္သက္ဆိုင္ရာမွ အေရးေပၚေ႐ြ႕ေျပာင္းမႈမ်ားျပဳလုပ္ခဲ့ရေၾကာင္း သိရသည္။
လက္ရွိတြင္ ခ်င္းတြင္းျမစ္‌ေရသည္ ေမာ္လိုက္ၿမိဳ႕နယ္ ႏွင့္ ကေလးဝၿမိဳ႕နယ္မ်ား၌ စိုးရိမ္ေရမွတ္ထက္ ေပဝက္ခန႔္ ေက်ာ္လြန္ေရာက္ရွိေနၿပီးေနာက္ (၁)ရက္အတြင္း စိုးရိမ္ေရမွတ္ေအာက္ ျပန္ေရာက္ႏိုင္သည္ဟု မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ထုတ္ျပန္ထားသည္။
သို႔ေသာ္ မင္းကင္း၊ မုံ႐ြာၿမိဳ႕မ်ား၌ ေနာက္ထပ္ (၂) လက္မခန႔္ ထပ္ျမင့္လာႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက သတိေပးထားသည္။

Related news

© 2021. All rights reserved.