နျူကလီးယားဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့ အခြေအနေတွေကို အီရန် သတ်မှတ်

221
Pika (NP News) - ဇူလိုင် ၁၃
တင်းကြပ်တဲ့အခြေအနေတွေအောက်မှာပဲ အမေရိကန်နဲ့ နျူကလီးယားလက်နက်ဆိုင်ရာဆွေးနွေးပွဲတွေကို ပြန်လည်စတင်ဖို့ လမ်းဖွင့်ထားတယ်လို့ အီရန်အစိုးရက အချက်ပြခဲ့ပါတယ်။
အမေရိကန်နဲ့အစ္စရေးတို့က အီရန်ရဲ့နျူကလီးယားစက်ရုံတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ်အာဂရာချီရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါ တယ်။ အစ္စရေးက အီရန်ကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပြီးနောက် အိုမန်နိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ခြောက်ကြိမ်မြောက် နျူကလီးယားဆွေးနွေးပွဲကို အီရန်အစိုးရက ဖျက်သိမ်းခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် အမေရိကန်က အီရန်ကို နောက်ထပ်တိုက်ခိုက်မှုတွေ မလုပ်ဆောင်တော့ဘူးလို့ အာမခံချက် အရင်ဆုံးပေး မှသာ နျူကလီးယားဆွေးနွေးပွဲတွေကို ပြန်လည်စတင်သွားမယ်လို့လည်း အီရန်အစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အမေရိကန်အစိုးရဟာ အီရန်အပေါ် အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေကို ကူညီတဲ့အနေနဲ့ အီရန်ရဲ့နျူကလီးယားစက်ရုံနေရာ(၃)ခုကို ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
န်ဴကလီးယားေဆြးေႏြးပြဲေတြ ျပန္လည္စတင္ဖို႔ အေျခအေနေတြကို အီရန္ သတ္မွတ္
Pika (NP News) - ဇူလိုင္ ၁၃
တင္းၾကပ္တဲ့အေျခအေနေတြေအာက္မွာပဲ အေမရိကန္နဲ႔ န်ဴကလီးယားလက္နက္ဆိုင္ရာေဆြးေႏြးပြဲေတြကို ျပန္လည္စတင္ဖို႔ လမ္းဖြင့္ထားတယ္လို႔ အီရန္အစိုးရက အခ်က္ျပခဲ့ပါတယ္။
အေမရိကန္နဲ႔အစၥေရးတို႔က အီရန္ရဲ႕န်ဴကလီးယားစက္႐ုံေတြကို ဗုံးႀကဲတိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ အီရန္ႏိုင္ငံျခားေရးဝန္ႀကီး အာဘတ္စ္အာဂရာခ်ီရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါ တယ္။ အစၥေရးက အီရန္ကို ေလေၾကာင္းတိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့ၿပီးေနာက္ အိုမန္ႏိုင္ငံမွာ က်င္းပဖို႔ စီစဥ္ထားတဲ့ေျခာက္ႀကိမ္ေျမာက္ န်ဴကလီးယားေဆြးေႏြးပြဲကို အီရန္အစိုးရက ဖ်က္သိမ္းခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ အေမရိကန္က အီရန္ကို ေနာက္ထပ္တိုက္ခိုက္မႈေတြ မလုပ္ေဆာင္ေတာ့ဘူးလို႔ အာမခံခ်က္ အရင္ဆုံးေပး မွသာ န်ဴကလီးယားေဆြးေႏြးပြဲေတြကို ျပန္လည္စတင္သြားမယ္လို႔လည္း အီရန္အစိုးရက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အေမရိကန္အစိုးရဟာ အီရန္အေပၚ အစၥေရးရဲ႕ေလေၾကာင္းတိုက္ခိုက္မႈေတြကို ကူညီတဲ့အေနနဲ႔ အီရန္ရဲ႕န်ဴကလီးယားစက္႐ုံေနရာ(၃)ခုကို ဗုံးႀကဲတိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။