နော်ဝေးကို အမေရိကန်ဒေါ်လာ(၂ ဒသမ ၆)ဘီလျံတန်ဖိုးရှိ ရဟတ်ယာဉ်နဲ့ဆက်စပ်ပစ္စည်းတွေရောင်းချဖို့ အမေရိကန် အတည်ပြု

 161

Pika (NP News) - ဇူလိုင် ၁၃
ရုရှားနိုင်ငံနဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ နော်ဝေးနိုင်ငံကို အမေရိကန်ဒေါ်လာ(၂ ဒသမ ၆) ဘီလျံတန်ဖိုးရှိ HH-60W တိုက်ခိုက်ရေးကယ်ဆယ်ရေးရဟတ်ယာဉ်တွေနဲ့ဆက်စပ်ပစ္စည်းတွေရောင်းချပေးဖို့ အမေရိကန်အစိုးရက အတည်ပြုခဲ့တယ်လို့လည်း သိရပါတယ်။ အမေရိကန်ကာကွယ်ရေးလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ (DSCA) က “ဒီအဆိုပြုထားတဲ့ရောင်းချမှုဟာ ဝေဟင်တိုက်ခိုက်ရေးနဲ့ အထူးစစ်ဆင်ရေးစွမ်းဆောင်ရည်တွေကို တိုးမြှင့်မှုနဲ့အတူ လက်ရှိနဲ့အနာဂတ် ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နိုင်ဖို့ နော်ဝေးနိုင်ငံရဲ့စွမ်းရည်တွေကို မြှင့်တင် ပေးပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် နော်ဝေးနိုင်ငံဟာ အခြားနေတိုးအဖွဲ့ဝင်နိုင်ငံတွေနဲ့ ၎င်းရဲ့မိတ်ဖက်နိုင်ငံတွေကို ကာကွယ်ဖို့အတွက် အဲဒီ ရဟတ်ယာဉ်တွေကို အသုံးပြုလိမ့်မယ်လို့လည်း (DSCA)က ပြောကြားခဲ့ပါတယ်။ (DSCA) က “ဒီစစ်ဘက်ဆိုင်ရာ ပစ္စည်းတွေကို ၎င်းရဲ့စစ်တပ်မှာ အသုံးပြုဖို့အတွက် နော်ဝေးနိုင်ငံမှာ အခက်အခဲတွေ ရှိမှာမဟုတ်ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။
အမေရိကန်ဒေါ်လာ(၂ ဒသမ ၆) ဘီလျံတန်ဖိုးရှိတဲ့ အဲဒီရောင်းချမှုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပြီး လက်မှတ်ရေးထိုးဖို့လိုအပ်နေသေးတဲ့စာရွက်စာတမ်းတွေကို (DSCA) က အမေရိကန်လွှတ်တော်ကို ပေးပို့ခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ေနာ္ေဝးကို အေမရိကန္ေဒၚလာ(၂ ဒသမ ၆)ဘီလ်ံတန္ဖိုးရွိ ရဟတ္ယာဥ္နဲ႔ဆက္စပ္ပစၥည္းေတြေရာင္းခ်ဖို႔ အေမရိကန္ အတည္ျပဳ
Pika (NP News) - ဇူလိုင္ ၁၃
႐ုရွားႏိုင္ငံနဲ႔ နယ္နမိတ္ခ်င္းထိစပ္ေနတဲ့ ေနာ္ေဝးႏိုင္ငံကို အေမရိကန္ေဒၚလာ(၂ ဒသမ ၆) ဘီလ်ံတန္ဖိုးရွိ HH-60W တိုက္ခိုက္ေရးကယ္ဆယ္ေရးရဟတ္ယာဥ္ေတြနဲ႔ဆက္စပ္ပစၥည္းေတြေရာင္းခ်ေပးဖို႔ အေမရိကန္အစိုးရက အတည္ျပဳခဲ့တယ္လို႔လည္း သိရပါတယ္။ အေမရိကန္ကာကြယ္ေရးလုံၿခဳံေရးပူးေပါင္းေဆာင္႐ြက္မႈေအဂ်င္စီ (DSCA) က “ဒီအဆိုျပဳထားတဲ့ေရာင္းခ်မႈဟာ ေဝဟင္တိုက္ခိုက္ေရးနဲ႔ အထူးစစ္ဆင္ေရးစြမ္းေဆာင္ရည္ေတြကို တိုးျမႇင့္မႈနဲ႔အတူ လက္ရွိနဲ႔အနာဂတ္ ၿခိမ္းေျခာက္မႈေတြကို ရင္ဆိုင္ႏိုင္ဖို႔ ေနာ္ေဝးႏိုင္ငံရဲ႕စြမ္းရည္ေတြကို ျမႇင့္တင္ ေပးပါလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ေနာ္ေဝးႏိုင္ငံဟာ အျခားေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြနဲ႔ ၎ရဲ႕မိတ္ဖက္ႏိုင္ငံေတြကို ကာကြယ္ဖို႔အတြက္ အဲဒီ ရဟတ္ယာဥ္ေတြကို အသုံးျပဳလိမ့္မယ္လို႔လည္း (DSCA)က ေျပာၾကားခဲ့ပါတယ္။ (DSCA) က “ဒီစစ္ဘက္ဆိုင္ရာ ပစၥည္းေတြကို ၎ရဲ႕စစ္တပ္မွာ အသုံးျပဳဖို႔အတြက္ ေနာ္ေဝးႏိုင္ငံမွာ အခက္အခဲေတြ ရွိမွာမဟုတ္ပါဘူး” လို႔ ေျပာဆိုခဲ့ပါတယ္။
အေမရိကန္ေဒၚလာ(၂ ဒသမ ၆) ဘီလ်ံတန္ဖိုးရွိတဲ့ အဲဒီေရာင္းခ်မႈကို အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက အတည္ျပဳခဲ့ၿပီး လက္မွတ္ေရးထိုးဖို႔လိုအပ္ေနေသးတဲ့စာ႐ြက္စာတမ္းေတြကို (DSCA) က အေမရိကန္လႊတ္ေတာ္ကို ေပးပို႔ခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.