ရုရှားက ယူကရိန်းကို ဒရုန်း(၅၉၇)စင်း၊ တာဝေးပစ်ဒုံးကျည်(၂၆)စင်းတို့နဲ့ ပစ်ခတ်တိုက်ခိုက်

 478

Pika (NP News) - ဇူလိုင် ၁၃
ရုရှားတပ်ဖွဲ့တွေဟာ ဒရုန်း(၅၉၇)စင်း၊တာဝေးပစ်ဒုံးကျည်(၂၆)စင်းတို့နဲ့ ယူကရိန်းမြို့တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ ယူကရိန်းလေတပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားခဲ့တဲ့ အချိန်(၃)နှစ်ကျော် ကာလအတွင်း ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းအပေါ် စံချိန်တင်ကြီးမားတဲ့ဒရုန်းတိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့ တယ်လို့လည်း သိရပါတယ်။
ယူကရိန်းလေတပ်က “ရုရှားတပ်ဖွဲ့တွေဟာ ဒရုန်း(၅၉၇)စင်း၊ တာဝေးပစ်ဒုံးကျည်(၂၆)စင်းတို့နဲ့ ယူကရိန်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒါ့ပြင် ရုရှားဘက်ကပစ်လွှတ်လိုက်တဲ့ ဒရုန်းနဲ့ ဒုံးကျည် အစင်းရေ (၆၂၃)ခုအနက် ဒရုန်း(၃၁၉)စင်းနဲ့ ဒုံးကျည်(၂၅)စင်းတို့ကို ယူကရိန်းရဲ့လေကြောင်းရန် ကာကွယ်ရေး စနစ်တွေက အောင်မြင်စွာ ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းကို ဒရုန်းအစင်းရေ(၅၀၀)နီးပါးနဲ့ ညတွင်းချင်း တိုက်ခိုက်မှု ကို လုပ်ဆောင်ခဲ့ပြီးနောက် ယခုလိုကြီးမားတဲ့တိုက်ခိုက်မှုကို ထပ်မံလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
Pika (NP News) - ဇူလိုင် ၁၃

Related news

© 2021. All rights reserved.