ချင်းရွှေဟော် နှင့် ကွမ်းလုံကို မြို့နယ်သစ်တစ်ခုဖြစ် MNDAA ပေါင်းစည်း

672

Pearl (NP News)
MNDAA က ၎င်းတို့ ထိန်းချုပ်ထားသည့်နယ်မြေအတွင်းမှ ချင်းရွှေဟော်မြို့နယ်နှင့် ကွမ်းလုံ မြို့ နယ်ကို ပေါင်းကာ မြို့နယ်အသစ်တစ်ခု ဖွဲ့စည်းလိုက်ကြောင်း ၎င်းတို့ထုတ်ပြန်ကြေညာထားသော အချက်အလက်များအရ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၉)ရက်က ချင်းရွှေဟော် မြို့နယ်နှင့် ကွမ်းလုံမြို့နယ်များကို ပေါင်းစည်းကာ ကွမ်းလုံ မြို့နယ်အသစ်ဖွဲ့စည်းခြင်းအခမ်းအနားကို ကွမ်းလုံမြို့နယ်အုပ်ချုပ်ရေးကော်မတီ၏ ရုံးတွင် ကျင်းပခဲ့ကြောင်းသိရသည်။
MNDAA အနေဖြင့် ၎င်းတို့ ထိန်းချုပ်ထားသော သိန္နီမြို့နယ်မှ ချင်းရွှေဟော်အထိ ပြန်လည် ဆုတ်ခွာတော့မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည့်အချိန်တွင် ယခုကဲ့သို့ နှစ်မြို့နယ်ကို တစ်မြို့နယ်အဖြစ် ပေါင်းလိုက်ခြင်းဖြစ်သည်။
ယင်းသို့ပူးပေါင်းလိုက်ခြင်းမှာ နိုင်ငံရေး ရပ်တည်ချက်ကို မြှင့်တင်ရန်အတွက်ဖြစ်ကြောင်း အထူး ဒေသ(၁) အုပ်ချုပ်ရေးကော်မတီ၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ Mr. Peng De Li က ပြောသည်ဟု ထုတ်ပြန် ချက်အတွင်း ထည့်သွင်းရေးသားထားရာ MNDAA အနေဖြင့် စစ်ရေးထက် နိုင်ငံရေးကို ပိုမို အားစိုက်လာ ဖွယ်ရှိကြောင်း သိရသည်။
ထို့ပြင် ယခုမြို့နယ်အသစ်နှင့် ပတ်သက်၍ဖွံ့ဖြိုးရေးကို အာရုံစိုက်ရန်၊ တည်ငြိမ်မှုကို ထိန်းသိမ်း ရန်နှင့် လုပ်ငန်းများကို အကောင်အထည်ဖော်ရန် စသည်ဖြင့် အချက်များကိုလည်း ထည့်သွင်းပြောကြား ခဲ့ကြောင်း သိရသည်။ ဒုတိယဥက္ကဋ္ဌ Mr. Peng De Li က မိန့်ခွန်း အဆုံးသတ်တွင် ချင်းရွှေဟော် မြို့နယ် နှင့် ကွမ်းလုံမြို့နယ်တို့ ပေါင်းစည်းခြင်းသည် သမိုင်းက ပေးအပ်ထားသော တာဝန်ဖြစ်ပြီး ခေတ်၏ အခွင့် အလမ်း လည်းဖြစ်ကြောင်း ထောက်ပြခဲ့သည်။
ကိုးကန့်တို့အနေဖြင့် ယခုအသစ်ဖွဲ့လိုက်သော ကွမ်းလုံမြို့နယ်ကို “စီးပွားရေးဖွံ့ဖြိုးပြီး၊ လူမှုရေး သဟဇာတ ဖြစ်ကာ ပြည်သူများ ကျေနပ်မှုရှိသော” စံပြဧရိယာအဖြစ် တည်ဆောက်မည်ဖြစ်ကြောင်းနှင့် ၎င်းတို့ ထိန်းချုပ်ထားသောဒေသကိုလည်း နိုင်ငံရေး တည်ငြိမ်ရန်နှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ဆောင် ရွက်မည်ဟု ဆိုထားသည်။

Zawgyi Version:
ခ်င္းေ႐ႊေဟာ္ ႏွင့္ ကြမ္းလုံကို ၿမိဳ႕နယ္သစ္တစ္ခုျဖစ္ MNDAA ေပါင္းစည္း
Pearl (NP News)
MNDAA က ၎တို႔ ထိန္းခ်ဳပ္ထားသည့္နယ္ေျမအတြင္းမွ ခ်င္းေ႐ႊေဟာ္ၿမိဳ႕နယ္ႏွင့္ ကြမ္းလုံ ၿမိဳ႕ နယ္ကို ေပါင္းကာ ၿမိဳ႕နယ္အသစ္တစ္ခု ဖြဲ႕စည္းလိုက္ေၾကာင္း ၎တို႔ထုတ္ျပန္ေၾကညာထားေသာ အခ်က္အလက္မ်ားအရ သိရသည္။
ၿပီးခဲ့သည့္ ဇူလိုင္လ (၉)ရက္က ခ်င္းေ႐ႊေဟာ္ ၿမိဳ႕နယ္ႏွင့္ ကြမ္းလုံၿမိဳ႕နယ္မ်ားကို ေပါင္းစည္းကာ ကြမ္းလုံ ၿမိဳ႕နယ္အသစ္ဖြဲ႕စည္းျခင္းအခမ္းအနားကို ကြမ္းလုံၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးေကာ္မတီ၏ ႐ုံးတြင္ က်င္းပခဲ့ေၾကာင္းသိရသည္။
MNDAA အေနျဖင့္ ၎တို႔ ထိန္းခ်ဳပ္ထားေသာ သိႏၷီၿမိဳ႕နယ္မွ ခ်င္းေ႐ႊေဟာ္အထိ ျပန္လည္ ဆုတ္ခြာေတာ့မည္ျဖစ္ေၾကာင္း သတင္းမ်ားထြက္ေပၚေနသည့္အခ်ိန္တြင္ ယခုကဲ့သို႔ ႏွစ္ၿမိဳ႕နယ္ကို တစ္ၿမိဳ႕နယ္အျဖစ္ ေပါင္းလိုက္ျခင္းျဖစ္သည္။
ယင္းသို႔ပူးေပါင္းလိုက္ျခင္းမွာ ႏိုင္ငံေရး ရပ္တည္ခ်က္ကို ျမႇင့္တင္ရန္အတြက္ျဖစ္ေၾကာင္း အထူး ေဒသ(၁) အုပ္ခ်ဳပ္ေရးေကာ္မတီ၏ ဒုတိယ ဥကၠ႒ ျဖစ္သူ Mr. Peng De Li က ေျပာသည္ဟု ထုတ္ျပန္ ခ်က္အတြင္း ထည့္သြင္းေရးသားထားရာ MNDAA အေနျဖင့္ စစ္ေရးထက္ ႏိုင္ငံေရးကို ပိုမို အားစိုက္လာ ဖြယ္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ ယခုၿမိဳ႕နယ္အသစ္ႏွင့္ ပတ္သက္၍ဖြံ႕ၿဖိဳးေရးကို အာ႐ုံစိုက္ရန္၊ တည္ၿငိမ္မႈကို ထိန္းသိမ္း ရန္ႏွင့္ လုပ္ငန္းမ်ားကို အေကာင္အထည္ေဖာ္ရန္ စသည္ျဖင့္ အခ်က္မ်ားကိုလည္း ထည့္သြင္းေျပာၾကား ခဲ့ေၾကာင္း သိရသည္။ ဒုတိယဥကၠ႒ Mr. Peng De Li က မိန႔္ခြန္း အဆုံးသတ္တြင္ ခ်င္းေ႐ႊေဟာ္ ၿမိဳ႕နယ္ ႏွင့္ ကြမ္းလုံၿမိဳ႕နယ္တို႔ ေပါင္းစည္းျခင္းသည္ သမိုင္းက ေပးအပ္ထားေသာ တာဝန္ျဖစ္ၿပီး ေခတ္၏ အခြင့္ အလမ္း လည္းျဖစ္ေၾကာင္း ေထာက္ျပခဲ့သည္။
ကိုးကန႔္တို႔အေနျဖင့္ ယခုအသစ္ဖြဲ႕လိုက္ေသာ ကြမ္းလုံၿမိဳ႕နယ္ကို “စီးပြားေရးဖြံ႕ၿဖိဳးၿပီး၊ လူမႈေရး သဟဇာတ ျဖစ္ကာ ျပည္သူမ်ား ေက်နပ္မႈရွိေသာ” စံျပဧရိယာအျဖစ္ တည္ေဆာက္မည္ျဖစ္ေၾကာင္းႏွင့္ ၎တို႔ ထိန္းခ်ဳပ္ထားေသာေဒသကိုလည္း ႏိုင္ငံေရး တည္ၿငိမ္ရန္ႏွင့္စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ရန္ ေဆာင္ ႐ြက္မည္ဟု ဆိုထားသည္။