ထိုင်းထက်စာလျှင် တောင်ကိုရီးယားက အိမ်လိုမျိုးခံစားရကြောင်း BLACKPINK အဖွဲ့ဝင် လီဆာ ထုတ်ဖော်ပြောဆို

237

Pika (NP News)- July 15
မိခင်နိုင်ငံထိုင်းထက်စာလျှင် တောင်ကိုရီးယားနိုင်ငံက အိမ်ကဲ့သို့ ပိုမိုခံစားရကြောင်း တောင်ကို ရီးယားနာမည်ကျော်အမျိုးသမီးအဆိုတော်အဖွဲ့ BLACKPINK ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ လီဆာက ထုတ် ဖော်ပြောဆိုခဲ့သည်။ ထို့ပြင် လီဆာ၏ ထုတ်ပြန်ပြောဆိုချက်များနှင့်ပတ်သက်ပြီး ၎င်း၏ပရိသတ်များ ကြားတွင် တုံ့ပြန်မှုအများအပြားရှိနေကြောင်းလည်းသိရသည်။
အွန်လိုင်းဖိုရမ်တစ်ခုတွင် လီဆာ၏ နေအိမ်လိုမျိုးခံစားရသည့်နေရာနှင့်ပတ်သက်သော မှတ်ချက် ကို အခြားအသုံးပြုသူများက တုံ့ပြန်ခဲ့ကြကြောင်းလည်းသိရသည်။ လီဆာက “ကျွန်မရဲ့နေအိမ်လိုမျိုး ခံစားရတဲ့နေရာက တောင်ကိုရီးယားနိုင်ငံပဲဖြစ်ပါတယ်” ဟု ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။
တစ်ကမ္ဘာလုံးကို သွားရောက်နေရသည့် အနုပညာရှင်တစ်ဦးအနေဖြင့် ထိုင်း နှင့်တောင်ကိုရီး ယားနိုင်ငံတွင် ဘယ်နိုင်ငံက နေအိမ်ကဲ့သို့ ပိုမိုခံစားရသနည်းဆိုသည့် မေးခွန်းများကို လီဆာက တုံ့ပြန် ဖြေကြားခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။ လီဆာက “အဲဒါက တောင်ကိုရီးယားနိုင်ငံပဲဖြစ်လိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်” ဟုပြောဆိုခဲ့သည်။
လက်ရှိအချိန်တွင် လီဆာသည် တောင်ကိုရီးယားနိုင်ငံတွင် အမြဲတမ်းနေထိုင်လျက်ရှိသူ တစ်ဦး ဖြစ်ကြောင်းလည်းသိရသည်။
Zawgyi Version:
ထိုင္းထက္စာလွ်င္ ေတာင္ကိုရီးယားက အိမ္လိုမ်ိဳးခံစားရေၾကာင္း BLACKPINK အဖြဲ႕ဝင္ လီဆာ ထုတ္ေဖာ္ေျပာဆို
Pika (NP News)- July 15
မိခင္ႏိုင္ငံထိုင္းထက္စာလွ်င္ ေတာင္ကိုရီးယားႏိုင္ငံက အိမ္ကဲ့သို႔ ပိုမိုခံစားရေၾကာင္း ေတာင္ကို ရီးယားနာမည္ေက်ာ္အမ်ိဳးသမီးအဆိုေတာ္အဖြဲ႕ BLACKPINK ၏ အဖြဲ႕ဝင္တစ္ဦးျဖစ္သူ လီဆာက ထုတ္ ေဖာ္ေျပာဆိုခဲ့သည္။ ထို႔ျပင္ လီဆာ၏ ထုတ္ျပန္ေျပာဆိုခ်က္မ်ားႏွင့္ပတ္သက္ၿပီး ၎၏ပရိသတ္မ်ား ၾကားတြင္ တုံ႔ျပန္မႈအမ်ားအျပားရွိေနေၾကာင္းလည္းသိရသည္။
အြန္လိုင္းဖိုရမ္တစ္ခုတြင္ လီဆာ၏ ေနအိမ္လိုမ်ိဳးခံစားရသည့္ေနရာႏွင့္ပတ္သက္ေသာ မွတ္ခ်က္ ကို အျခားအသုံးျပဳသူမ်ားက တုံ႔ျပန္ခဲ့ၾကေၾကာင္းလည္းသိရသည္။ လီဆာက “ကြၽန္မရဲ႕ေနအိမ္လိုမ်ိဳး ခံစားရတဲ့ေနရာက ေတာင္ကိုရီးယားႏိုင္ငံပဲျဖစ္ပါတယ္” ဟု ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္သည္။
တစ္ကမာၻလုံးကို သြားေရာက္ေနရသည့္ အႏုပညာရွင္တစ္ဦးအေနျဖင့္ ထိုင္း ႏွင့္ေတာင္ကိုရီး ယားႏိုင္ငံတြင္ ဘယ္ႏိုင္ငံက ေနအိမ္ကဲ့သို႔ ပိုမိုခံစားရသနည္းဆိုသည့္ ေမးခြန္းမ်ားကို လီဆာက တုံ႔ျပန္ ေျဖၾကားခဲ့ျခင္းျဖစ္ေၾကာင္းလည္းသိရသည္။ လီဆာက “အဲဒါက ေတာင္ကိုရီးယားႏိုင္ငံပဲျဖစ္လိမ့္မယ္လို႔ ကြၽန္မ ထင္ပါတယ္” ဟုေျပာဆိုခဲ့သည္။
လက္ရွိအခ်ိန္တြင္ လီဆာသည္ ေတာင္ကိုရီးယားႏိုင္ငံတြင္ အၿမဲတမ္းေနထိုင္လ်က္ရွိသူ တစ္ဦး ျဖစ္ေၾကာင္းလည္းသိရသည္။